မြန်မာနိုင်ငံသို့ တရုတ်မှ လှူဒါန်းသည့် Sinovacကာကွယ်ဆေးများ ထပ်မံရောက်ရှိ

0
189

(Unicode)

မြန်မာနိုင်ငံသို့ တရုတ်မှ လှူဒါန်းသည့် Sinovacကာကွယ်ဆေးများ ထပ်မံရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac doses (၁)သန်းသည် ဒီဇင်ဘာ၂၂ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ CZ 8083 လေကြောင်းလိုင်းဖြင့်ရောက်ရှိလာခဲ့သည်။

ရောက်ရှိသော Sinovac ကာကွယ်ဆေး doses (၁)သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး dose (၂)သန်းအနက် ပထမအသုတ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်ကာ ကျန်ရှိသည့်ကာကွယ်ဆေး (၁) သန်းအား လာမည့်နှစ်ဆန်းပိုင်းတွင် တရုတ်-မြန်မာနယ်စပ်မှတဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်သည်ဟုသိရသည်။

ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံသည့်မှတ်တမ်းအား အပြန်အလှန် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်ဂုဏ်ပြုလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

(Zawgyi)

ျမန္မာနိုင္ငံသို႔ တ႐ုတ္မွ လွူဒါန္းသည့္ Sinovacကာကြယ္ေဆးမ်ား ထပ္မံေရာက္ရွိ

တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံမွ ျမန္မာနိုင္ငံသို႔လွူဒါန္းသည့္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး Sinovac doses (၁)သန္းသည္ ဒီဇင္ဘာ၂၂ရက္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ CZ 8083 ေလေၾကာင္းလိုင္းျဖင့္ေရာက္ရွိလာခဲ့သည္။

ေရာက္ရွိေသာ Sinovac ကာကြယ္ေဆး doses (၁)သန္းသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံမွ ျမန္မာနိုင္ငံသို႔ထပ္မံလွူဒါန္းသည့္ Sinovac ကိုဗစ္-၁၉ ကာကြယ္ေဆး dose (၂)သန္းအနက္ ပထမအသုတ္အျဖစ္ ေရာက္ရွိလာျခင္း ျဖစ္ကာ က်န္ရွိသည့္ကာကြယ္ေဆး (၁) သန္းအား လာမည့္ႏွစ္ဆန္းပိုင္းတြင္ တ႐ုတ္-ျမန္မာနယ္စပ္မွတဆင့္ ေပးပို႔လွူဒါန္း သြားမည္ျဖစ္သည္ဟုသိရသည္။

ကာကြယ္ေဆးမ်ား လႊဲေျပာင္းလက္ခံသည့္မွတ္တမ္းအား အျပန္အလွန္ လက္မွတ္ေရးထိုး၍ ျပည္ေထာင္စုဝန္ႀကီးမွ ေက်းဇူးတင္ဂုဏ္ျပဳလႊာအား ျပန္လည္ေပးအပ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here