ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးကျောက်မျက်ရောင်းဝယ်သူတွေကို တရားမဝင်ရောင်းဝယ်မှုဖြင့် အမှုဖွင့်လိုက်ကြောင်းသိရ

0
94

(Unicode)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးကျောက်မျက်ရောင်းဝယ်သူတွေကို တရားမဝင်ရောင်းဝယ်မှုဖြင့် အမှုဖွင့်လိုက်ကြောင်းသိရ

ဒီဇင်ဘာလ ၂၀မွန်းလွဲပိုင်းက မန္တလေးမြို့မှာ အွန်လိုင်းမှတစ်ဆင့် ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ် နေရာ၂ ခု ကို ဝင်ရောက်စစ်ဆေးပြီး ၄၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာမှာ အဲ့ဒီဖမ်းဆီးထိန်းသိမ်းထားသူတွေကို တရားမဝင်ကျောက်မျက်ရောင်းဝယ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မန္တလေး မဟာအောင်မြေမြို့ နယ်၊၈၄လမ်း၊၄၂ လမ်းနဲ့ ၄၃လမ်းကြားမှာရှိတဲ့ Happy Birthdayအမည်နဲ့ ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်နေတဲ့ နေရာနဲ့ ၈၉လမ်း၊၁၅လမ်းနဲ့ ၁၆လမ်းကြား ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်နေတဲ့ နေရာတို့ကို လုပ်ငန်းလိုင်စင်ရှိ ၊ မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုင်စင် မရှိဘဲ ကျောက်အရောင်းအဝယ်ပြုလုပ်နေသောကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းကနေသိရပါတယ်။

ဖွင့်ထားတဲ့ အမှုက မြန်မာ့ကျောက်မျက်ရတနာဥပဒေ ၅၁(ခ)/၅၄နဲ့ ဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ အနည်းဆုံးထောင်ဒဏ်၁နှစ်မှ အများဆုံးထောင်ဒဏ်၃နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေ ဒဏ်လည်း ချမှတ်နိုင်တယ်လို့ ကျောက်မျက်ဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်။

ဒီဇင်ဘာ၂၀ရက်က တရားမဝင်ကျောက်အရောင်းအဝယ်ပြုလုပ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ကျား/မစုစုပေါင်း(၄၃၄)ဦးရှိခဲ့ပြီး အဲ့ဒီ့ ထဲမှာ တရုတ်နိုင်ငံသား ၂၀ထက်မနည်းပါဝင်နေပါတယ်။

မန္တလေးဒေသခံအချို့က “အသက်မပြည့်သေးတဲ့သူတွေကို လူငယ်ထိန်းသိမ်းရေးစခန်းပို့လိုက်တယ်လို့ ကြားရတယ်။အချို့ကိုလည်းထောင်ထဲ ပို့နေတယ်လို့ ပြောနေကြတယ်”လို့ ပြောကြပါတယ်။

“စိုးရိမ်စိတ်တွေရှိနေကြတယ်။ကျောက်သမားတွေမှာ”လို့ ကျောက်မျက်ရောင်းဝယ်သူတစ်ဦးကပြောပါတယ်။

(Zawgyi)

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ မႏၲေလးေက်ာက္မ်က္ေရာင္းဝယ္သူေတြကို တရားမဝင္ေရာင္းဝယ္မႈျဖင့္ အမႈဖြင့္လိုက္ေၾကာင္းသိရ

ဒီဇင္ဘာလ ၂၀မြန္းလြဲပိုင္းက မႏၲေလးၿမိဳ႕မွာ အြန္လိုင္းမွတစ္ဆင့္ ေက်ာက္စိမ္းအေရာင္းအဝယ္ျပဳလုပ္ ေနရာ၂ ခု ကို ဝင္ေရာက္စစ္ေဆးၿပီး ၄၀၀ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထားတာမွာ အဲ့ဒီဖမ္းဆီးထိန္းသိမ္းထားသူေတြကို တရားမဝင္ေက်ာက္မ်က္ေရာင္းဝယ္မႈနဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

မႏၲေလး မဟာေအာင္ေျမၿမိဳ႕ နယ္၊၈၄လမ္း၊၄၂ လမ္းနဲ႔ ၄၃လမ္းၾကားမွာရွိတဲ့ Happy Birthdayအမည္နဲ႔ ေက်ာက္စိမ္းအေရာင္းအဝယ္ျပဳလုပ္ေနတဲ့ ေနရာနဲ႔ ၈၉လမ္း၊၁၅လမ္းနဲ႔ ၁၆လမ္းၾကား ေက်ာက္စိမ္းအေရာင္းအဝယ္ျပဳလုပ္ေနတဲ့ ေနရာတို႔ကို လုပ္ငန္းလိုင္စင္ရွိ ၊ မရွိစစ္ေဆးခဲ့ၿပီး လုပ္ငန္းလိုင္စင္ မရွိဘဲ ေက်ာက္အေရာင္းအဝယ္ျပဳလုပ္ေနေသာေၾကာင့္ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ ရဲအသိုင္းအဝိုင္းကေနသိရပါတယ္။

ဖြင့္ထားတဲ့ အမႈက ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒ ၅၁(ခ)/၅၄နဲ႔ ျဖစ္ၿပီး ျပစ္မႈထင္ရွားတယ္ဆိုရင္ေတာ့ အနည္းဆုံးေထာင္ဒဏ္၁ႏွစ္မွ အမ်ားဆုံးေထာင္ဒဏ္၃ႏွစ္အထိ ခ်မွတ္ႏိုင္သည့္အျပင္ ေငြ ဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ ေက်ာက္မ်က္ဥပေဒမွာ ျပဌာန္းထားတာရွိပါတယ္။

ဒီဇင္ဘာ၂၀ရက္က တရားမဝင္ေက်ာက္အေရာင္းအဝယ္ျပဳလုပ္မႈနဲ႔ ဖမ္းဆီးခံခဲ့ရတဲ့ က်ား/မစုစုေပါင္း(၄၃၄)ဦးရွိခဲ့ၿပီး အဲ့ဒီ့ ထဲမွာ တ႐ုတ္ႏိုင္ငံသား ၂၀ထက္မနည္းပါဝင္ေနပါတယ္။

မႏၲေလးေဒသခံအခ်ိဳ႕က “အသက္မျပည့္ေသးတဲ့သူေတြကို လူငယ္ထိန္းသိမ္းေရးစခန္းပို႔လိုက္တယ္လို႔ ၾကားရတယ္။အခ်ိဳ႕ကိုလည္းေထာင္ထဲ ပို႔ေနတယ္လို႔ ေျပာေနၾကတယ္”လို႔ ေျပာၾကပါတယ္။

“စိုးရိမ္စိတ္ေတြရွိေနၾကတယ္။ေက်ာက္သမားေတြမွာ”လို႔ ေက်ာက္မ်က္ေရာင္းဝယ္သူတစ္ဦးကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here