YUPT နဲ့ ဗန္ဓုလကုမ္ပဏီပိုင်YBS ယာဉ်များတွင် ယာဉ်စီးခကို ကတ်စနစ်နဲ့ပေးချေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

0
263

(Unicode)

YUPT နဲ့ ဗန္ဓုလကုမ္ပဏီပိုင်YBS ယာဉ်များတွင် ယာဉ်စီးခကို ကတ်စနစ်နဲ့ပေးချေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး

ဗန္ဓုလအများပိုင်ကုမ္ပဏီနဲ့ YUPT ရဲ့ YBS ယာဉ်လိုင်းတွေမှာ ယာဉ်စီးခကို ကတ်စနစ် (YPS)နဲ့ ပေးချေနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးကို YRTC ဒုတိယဥက္ကဌ ဦးချစ်ကိုကို၊အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးများနဲ့ ကော်မတီဝင်များ၊ YUPT ကုမ္ပဏီ၊ဗန္ဓုလကုမ္ပဏီ၊Asia Starmar ကုမ္ပဏီနှင့် IGE ကုမ္ပဏီတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

ကတ်စနစ်အတွက် ခရီးစဉ်အနီးအဝေးပေါ်မူတည်ကာယာဉ်စီးခသတ်မှတ်ခြင်း၊ယာဉ်စီးခကြိုတင်ငွေ ၃၀၀၀ကျပ်ထည့်သွင်းသည့် ခရီး သည်များကို ကတ်များအခမဲ့ထုတ်ပေးမည့် အစီအစဉ်တွေအပါအဝင် ခရီးသည်တွေ ကတ် စနစ်အသုံးပြုမှုကို သိရှိဖို့အတွက် ရှေ့ပြေးစမ်း သပ် တပ်ဆင်ပြေးဆွဲ ဆောင်ရွက်မည့် အခြေ အနေတွေကို ဆွေးနွေးခဲ့ပါတယ်။

“ကတ်စနစ်သာ တကယ်ပြောင်းမယ်ဆို အဆင် ပြေတယ်။အကြွေဆောင်စရာမလိုတော့ဘူး။တကယ်လို့ အကြွေမရှိဘူးဆိုရင် ယာဉ်အပေါက်ဝမှာရပ်ပြီး ပိုတဲ့ပိုက်ဆံကို စောင့်ယူရတဲ့ဒုက္ခမရှိတော့ဘူး” လို့ YBS အမြဲစီးသူ ပြည်သူတစ်ဦးက ပြောပါတယ်။

” အဆင်မပြေတာကတော့ ငွေဖြည့်တဲ့ ကောင်းတာတွေကို နေရာများများမှာရှိစေချင်တယ်။ ပထမတစ်ကြိမ်လုပ်တုန်းက ဆူးလေမှာပဲရှိတော့ ငွေဖြည့်မယ်ဆိုရင် အဲ့ဒီကို သပ်သပ်သွားနေရတယ်” လို့ ကတ်စနစ်နဲ့ပတ်သတ်ပြီး သူမရဲ့အမြင်ကို အကြံပြုထားပါသေးတယ်။

ကတ်စနစ်အတွက် YBS ကုမ္ပဏီများကို ယာဉ်စီးခပြန်လည်ပေးချေဖို့အတွက် Bank စနစ်အရ ငွေပြန်လည်ထုတ်ပေးနိုင်မှုအခြေအနေများနဲ့ YPS တပ်ဆင်မှုနည်းပညာဆိုင်ရာ ဆောင်ရွက်မှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

(Zawgyi)

YUPT နဲ႔ ဗႏၶဳလကုမၸဏီပိုင္YBS ယာဥ္မ်ားတြင္ ယာဥ္စီးခကို ကတ္စနစ္နဲ႔ေပးေခ်ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆြးေႏြး

ဗႏၶဳလအမ်ားပိုင္ကုမၸဏီနဲ႔ YUPT ရဲ႕ YBS ယာဥ္လိုင္းေတြမွာ ယာဥ္စီးခကို ကတ္စနစ္ (YPS)နဲ႔ ေပးေခ်ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆြးေႏြးပြဲျပဳလုပ္ခဲ့ပါတယ္။

အစည္းအေဝးကို YRTC ဒုတိယဥကၠဌ ဦးခ်စ္ကိုကို၊အတြင္းေရးမႉး၊တြဲဖက္အတြင္းေရးမႉးမ်ားနဲ႔ ေကာ္မတီဝင္မ်ား၊ YUPT ကုမၸဏီ၊ဗႏၶဳလကုမၸဏီ၊Asia Starmar ကုမၸဏီႏွင့္ IGE ကုမၸဏီတို႔မွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကပါတယ္။

ကတ္စနစ္အတြက္ ခရီးစဥ္အနီးအေဝးေပၚမူတည္ကာယာဥ္စီးခသတ္မွတ္ျခင္း၊ယာဥ္စီးခႀကိဳတင္ေငြ ၃၀၀၀က်ပ္ထည့္သြင္းသည့္ ခရီး သည္မ်ားကို ကတ္မ်ားအခမဲ့ထုတ္ေပးမည့္ အစီအစဥ္ေတြအပါအဝင္ ခရီးသည္ေတြ ကတ္ စနစ္အသုံးျပဳမႈကို သိရွိဖို႔အတြက္ ေရွ႕ေျပးစမ္း သပ္ တပ္ဆင္ေျပးဆြဲ ေဆာင္႐ြက္မည့္ အေျခ အေနေတြကို ေဆြးေႏြးခဲ့ပါတယ္။

“ကတ္စနစ္သာ တကယ္ေျပာင္းမယ္ဆို အဆင္ ေျပတယ္။အေႂကြေဆာင္စရာမလိုေတာ့ဘူး။တကယ္လို႔ အေႂကြမရွိဘူးဆိုရင္ ယာဥ္အေပါက္ဝမွာရပ္ၿပီး ပိုတဲ့ပိုက္ဆံကို ေစာင့္ယူရတဲ့ဒုကၡမရွိေတာ့ဘူး” လို႔ YBS အၿမဲစီးသူ ျပည္သူတစ္ဦးက ေျပာပါတယ္။

” အဆင္မေျပတာကေတာ့ ေငြျဖည့္တဲ့ ေကာင္းတာေတြကို ေနရာမ်ားမ်ားမွာရွိေစခ်င္တယ္။ ပထမတစ္ႀကိမ္လုပ္တုန္းက ဆူးေလမွာပဲရွိေတာ့ ေငြျဖည့္မယ္ဆိုရင္ အဲ့ဒီကို သပ္သပ္သြားေနရတယ္” လို႔ ကတ္စနစ္နဲ႔ပတ္သတ္ၿပီး သူမရဲ႕အျမင္ကို အႀကံျပဳထားပါေသးတယ္။

ကတ္စနစ္အတြက္ YBS ကုမၸဏီမ်ားကို ယာဥ္စီးချပန္လည္ေပးေခ်ဖို႔အတြက္ Bank စနစ္အရ ေငြျပန္လည္ထုတ္ေပးႏိုင္မႈအေျခအေနမ်ားနဲ႔ YPS တပ္ဆင္မႈနည္းပညာဆိုင္ရာ ေဆာင္႐ြက္မႈ အေျခအေနေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here