တရုတ်နိုင်ငံထုတ် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးကို မြန်မာနိုင်ငံ၌ ဝယ်ယူထုတ်လုပ်မည်

0
73

(Unicode)

တရုတ်နိုင်ငံထုတ် ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးကို မြန်မာနိုင်ငံ၌ ဝယ်ယူထုတ်လုပ်မည်

တရုတ်နိုင်ငံမှ China National Biotec Group ကထုတ်လုပ်သည့် WHO ၏အရေးပေါ်အသုံးပြုရန်ခွင့်ပြုချက်ရရှိပြီးသော ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေး Sinopharm (RTF Bulk)ကို မြန်မာနိုင်ငံမှဝယ်ယူ၍ ကာကွယ်ဆေး doses ၁၀ သန်းအား ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် CNBG တို့ ဒီဇင်ဘာ ၂၂ ရက်နေ့လည် ၃ နာရီက Lotte Hotel ၌သဘောတူစာချုပ်လက်မှတ်ရေး ထိုးခဲ့ကြသည်။

မြန်မာနိုင်ငံက မထုပ်ပိုးရသေးသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးအရည်များကိုဝယ်ယူ၍ ထုတ်လုပ်သွားမည်ဖြစ်သည်။ထိုသို့ ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ပထမအဆင့်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် များစွာအ ထောက်အကူဖြစ်စေကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာ ထိုးနှံ့နေတဲ့ ကိုဗစ်ကာကွယ်ဆေး အများစုဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ကာ ကွယ်ဆေးတွေဖြစ်ပါတယ်”ဟု တရုတ်နိုင်ငံမှ မြန် မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကပြောသည်။

Sinopharm (RTF Bulk)ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေးဝယ်ယူရေးသဘောတူစာချုပ်ကို စက်မှုဝန်ကြီးဌာနကိုယ်စား၊မြန်မာ့ဆေးဝါးလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးနှင့် CNBG ကိုယ်စား မစ္စတာရန်ရှောင်မင်းတို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။

“ကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်း အချက်အလက်တွေအရ Sinopharm ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးနည်းပြီး အာနိသင်ထက်မြက် သောကြောင့် Sinopharm ကာကွယ်ဆေးကို ဝယ် ယူထုတ်လုပ်ဖို့ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟုစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာချာလီသန်း ကပြောသည်။

(Zawgyi)

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္(၁၉)ေရာဂါကာကြယ္ ေဆးကို ျမန္မာႏိုင္ငံ၌ ဝယ္ယူထုတ္လုပ္မည္

တ႐ုတ္ႏိုင္ငံမွ China National Biotec Group ကထုတ္လုပ္သည့္ WHO ၏အေရးေပၚအသုံးျပဳရန္ခြင့္ျပဳခ်က္ရရွိၿပီးေသာ ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆး Sinopharm (RTF Bulk)ကို ျမန္မာႏိုင္ငံမွဝယ္ယူ၍ ကာကြယ္ေဆး doses ၁၀ သန္းအား ထုတ္လုပ္ႏိုင္ေရးအတြက္ စက္မႈဝန္ႀကီးဌာနႏွင့္ CNBG တို႔ ဒီဇင္ဘာ ၂၂ ရက္ေန႔လည္ ၃ နာရီက Lotte Hotel ၌သေဘာတူစာခ်ဳပ္လက္မွတ္ေရး ထိုးခဲ့ၾကသည္။

ျမန္မာႏိုင္ငံက မထုပ္ပိုးရေသးသည့္ ကိုဗစ္(၁၉) ေရာဂါကာကြယ္ေဆးအရည္မ်ားကိုဝယ္ယူ၍ ထုတ္လုပ္သြားမည္ျဖစ္သည္။ထိုသို႔ ေဆာင္႐ြက္ျခင္းသည္ ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံတို႔၏ ပထမအဆင့္ျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ မ်ားစြာအ ေထာက္အကူျဖစ္ေစေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံမွာ ထိုးႏွံ႔ေနတဲ့ ကိုဗစ္ကာကြယ္ေဆး အမ်ားစုဟာ တ႐ုတ္ႏိုင္ငံက ထုတ္လုပ္တဲ့ကာ ကြယ္ေဆးေတြျဖစ္ပါတယ္”ဟု တ႐ုတ္ႏိုင္ငံမွ ျမန္ မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai ကေျပာသည္။

Sinopharm (RTF Bulk)ကိုဗစ္(၁၉)ေရာဂါကာ ကြယ္ေဆးဝယ္ယူေရးသေဘာတူစာခ်ဳပ္ကို စက္မႈဝန္ႀကီးဌာနကိုယ္စား၊ျမန္မာ့ေဆးဝါးလုပ္ငန္းဦးေဆာင္ၫႊန္ၾကားေရးမႉးႏွင့္ CNBG ကိုယ္စား မစၥတာရန္ေရွာင္မင္းတို႔ကလက္မွတ္ေရးထိုးခဲ့ၾကသည္။

“က်န္းမာေရးဝန္ႀကီးဌာနရဲ႕သတင္း အခ်က္အလက္ေတြအရ Sinopharm ကာကြယ္ေဆးဟာ ေဘးထြက္ဆိုးက်ိဳးနည္းၿပီး အာနိသင္ထက္ျမက္ ေသာေၾကာင့္ Sinopharm ကာကြယ္ေဆးကို ဝယ္ ယူထုတ္လုပ္ဖို႔ေဆာင္႐ြက္ရျခင္းျဖစ္ပါတယ္”ဟုစက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္ တာခ်ာလီသန္း ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here