ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်ရောက်လာတာမြင်လိုသည်ဟု မြန်မာကို အိန္ဒိယပြော

0
183

(Unicode)

ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်ရောက်လာတာမြင်လိုသည်ဟု မြန်မာကို အိန္ဒိယပြော

ကိစ္စရပ်တွေကို ဆွေးနွေး ဖြေရှင်းတာတွေလုပ်ဖို့၊ဖမ်းဆီးထိန်းသိမ်းထားတာတွေကို ပြန်လွတ်ပေးဖို့နဲ့ အကြမ်းဖက်လုပ်ရပ်အားလုံး လုံးဝရပ်သွားတာကို အိန္ဒိယက မြင်လိုတယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringle က မြန်မာကို ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၂ရက်ကြာအလုပ်သဘောလာရောက်တဲ့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Shri Harsh Vardhan Shringleရဲ့ ခရီးစဉ်နဲ့ပတ်သတ်ပြီး အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်တခုမှာ အတွင်းဝန်ရဲ့ အထက်ပါပြောကြားချက်တွေကို ဖော်ပြထားတာပါ။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခပြေလည်ရေးအတွက် အာဆီယံနဲ့ နစကအကြား သဘောတူညီမှု ရရှိထားတဲ့ အာဆီယံ အခြေခံမူဘောင်တွေကို အိန္ဒိယက ထောက်ခံထားတဲ့အပြင် အမြန်ဆုံး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နောက်ပြီး နစကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းတည်ငြိမ်မှုရရှိရေးကိစ္စရပ်တွေကို ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဘက်ကဖော်ပြတဲ့အပြင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အတွင်းဝန်ဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ တခြား နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ တခြားနိုင်ငံတွေက သံအမတ်တွေ၊ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။

အတွင်းဝန်ဟာ ဒီဇင်ဘာလ ၂၂ရက်နေ့နဲ့ ၂၃ရက်အတွင်း နစကဥက္ကဋ္ဌအပါအဝင် နစကနိုင်ငံခြားရေးဝန်ကြီး၊နစက ပြည်ထောင်စုအစိုးရအဖွဲရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်စတဲ့ နစကတာဝန်ရှိသူတွေ၊USDPပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ နဲ့ တွေ့ဆုံမှုပြုခဲ့တာရှိပြီး NLDနဲ့ တွေ့ဆုံခဲ့မှုမှာတော့ ဘယ်သူနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ ထုတ်ပြန်တာမတွေ့ရပါဘူး။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးအတွင်းဝန် H. E. Shri Harsh Vardhan Shringle တို့ ဒီဇင်ဘာ၂၃ရက်က ရန်ကုန်မှာတွေ့ဆုံမှုနဲ့ ပတ်သတ်ပြီး ကုန်သွယ်ရေးကိစ္စ၊နယ်စပ်အရေး၊ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မယ့်အခြေအနေ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့တဲ့ အခြေအနေစတာတွေကို ပြောဆိုဆွေးနွေးခဲ့တယ်လို့ နစကဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ခရီးစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွေ့ဆုံခဲ့တာမှာလည်း အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေ ဆွေးနွေးခဲ့တာရှိပါတယ်။

အဲ့ဒီ့နေ့မှာပဲအတွင်းဝန် H. E. Shri Harsh Vardhan Shringle ဟာ နစက နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ရှိရင်းစွဲဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့၊က ဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပိုဆောင်ရေး စီမံကိန်း၊ စစ်တွေဆိပ်ကမ်းလုပ်ငန်းတွေ ဆောင်ရွက်နေတာရှိပါတယ်။ဒါတွေကို စတင် လည်ပတ်ရေးကိစ္စအပါအဝင် တမူးကျီကုန်း-ကလေးဝ လမ်းပေါ်က တံတား ၆၉ စင်း အဆင့်မြှင့်တင်ရေးကိစ္စ၊ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးစီမံကိန်းကိစ္စ၊ တမူးနယ်စပ်မှာ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် တည်ဆောက်ရေး စီမံကိန်းကိစ္စ ရပ်တွေကိုပါ နစကနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြတာရှိတယ်လို့ နစက ကသတင်းထုတ်ပြန်ထားပါတယ်။

(Zawgyi)

ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ဆုံးျပန္ေရာက္လာတာျမင္လိုသည္ဟု ျမန္မာကို အိႏၵိယေျပာ

ကိစၥရပ္ေတြကို ေဆြးေႏြး ေျဖရွင္းတာေတြလုပ္ဖို႔၊ဖမ္းဆီးထိန္းသိမ္းထားတာေတြကို ျပန္လြတ္ေပးဖို႔နဲ႔ အၾကမ္းဖက္လုပ္ရပ္အားလုံး လုံးဝရပ္သြားတာကို အိႏၵိယက ျမင္လိုတယ္လို႔ အိႏၵိယႏိုင္ငံျခားေရးအတြင္းဝန္ Harsh Vardhan Shringle က ျမန္မာကို ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံကို ၂ရက္ၾကာအလုပ္သေဘာလာေရာက္တဲ့ အိႏၵိယႏိုင္ငံ၊ ျပည္ပေရးရာဝန္ႀကီးဌာန၊ ႏိုင္ငံျခားေရးအတြင္းဝန္ H.E. Shri Harsh Vardhan Shringleရဲ႕ ခရီးစဥ္နဲ႔ပတ္သတ္ၿပီး အိႏၵိယႏိုင္ငံျခားေရးဌာနရဲ႕ ထုတ္ျပန္ခ်က္တခုမွာ အတြင္းဝန္ရဲ႕ အထက္ပါေျပာၾကားခ်က္ေတြကို ေဖာ္ျပထားတာပါ။

ျမန္မာႏိုင္ငံရဲ႕ ပဋိပကၡေျပလည္ေရးအတြက္ အာဆီယံနဲ႔ နစကအၾကား သေဘာတူညီမႈ ရရွိထားတဲ့ အာဆီယံ အေျခခံမူေဘာင္ေတြကို အိႏၵိယက ေထာက္ခံထားတဲ့အျပင္ အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

ေနာက္ၿပီး နစကတာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံနယ္စပ္ေဒသတေလွ်ာက္ ၿငိမ္းခ်မ္းတည္ၿငိမ္မႈရရွိေရးကိစၥရပ္ေတြကို ထည့္သြင္း ေဆြးေႏြးခဲ့တယ္လို႔ အိႏၵိယဘက္ကေဖာ္ျပတဲ့အျပင္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနဘက္က အတြင္းဝန္ဟာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္နဲ႔ တျခား ႏိုင္ငံေရးပါတီေတြက တာဝန္ရွိသူေတြ၊ ျမန္မာႏိုင္ငံမွာရွိတဲ့ တျခားႏိုင္ငံေတြက သံအမတ္ေတြ၊ ကုလသမဂၢ တာဝန္ရွိသူေတြနဲ႔လည္း ေတြ႕ဆုံခဲ့တယ္လို႔ ထုတ္ျပန္ထားတာရွိပါတယ္။

အတြင္းဝန္ဟာ ဒီဇင္ဘာလ ၂၂ရက္ေန႔နဲ႔ ၂၃ရက္အတြင္း နစကဥကၠ႒အပါအဝင္ နစကႏိုင္ငံျခားေရးဝန္ႀကီး၊နစက ျပည္ေထာင္စုအစိုးရအဖြဲ႐ုံး ဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္စတဲ့ နစကတာဝန္ရွိသူေတြ၊USDPပါတီနဲ႔ အရပ္ဘက္အဖြဲ႕အစည္းအခ်ိဳ႕ နဲ႔ ေတြ႕ဆုံမႈျပဳခဲ့တာရွိၿပီး NLDနဲ႔ ေတြ႕ဆုံခဲ့မႈမွာေတာ့ ဘယ္သူနဲ႔ ေတြ႕ဆုံခဲ့တယ္ဆိုတာ ထုတ္ျပန္တာမေတြ႕ရပါဘူး။

နစကဥကၠ႒နဲ႔ ႏိုင္ငံျခားေရးအတြင္းဝန္ H. E. Shri Harsh Vardhan Shringle တို႔ ဒီဇင္ဘာ၂၃ရက္က ရန္ကုန္မွာေတြ႕ဆုံမႈနဲ႔ ပတ္သတ္ၿပီး ကုန္သြယ္ေရးကိစၥ၊နယ္စပ္အေရး၊ ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈမ်ားအတြက္ လိုအပ္တဲ့ အေျခခံအေဆာက္အဦေတြကို အိႏၵိယႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံ ေဆာင္႐ြက္မယ့္အေျခအေန၊ ၂၀၂၀ ျပည့္ႏွစ္အေထြေထြ ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ျဖစ္ပြားခဲ့တဲ့ အေျခအေနစတာေတြကို ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ နစကဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ခရီးစဥ္အတြင္း ျပည္ေထာင္စုအစိုးရအဖြဲ႐ုံး ဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္နဲ႔ ေတြ႕ဆုံခဲ့တာမွာလည္း အိႏၵိယ-ျမန္မာ နယ္စပ္ေဒသေတြမွာ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံေပးႏိုင္ေရး ကိစၥရပ္ေတြ၊ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတာေတြ ေဆြးေႏြးခဲ့တာရွိပါတယ္။

အဲ့ဒီ့ေန႔မွာပဲအတြင္းဝန္ H. E. Shri Harsh Vardhan Shringle ဟာ နစက ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰ ေမာင္လြင္နဲ႔ ေတြ႕ဆုံၿပီး ႏွစ္ႏိုင္ငံ ရွိရင္းစြဲဆက္ဆံေရးကို ပိုမိုတိုးျမႇင့္ဖို႔၊က ႑စုံ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ဖို႔ ေဆြးေႏြးခဲ့ၾကပါေသးတယ္။

အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံမွာ ကုလားတန္ျမစ္ေၾကာင္း ဘက္စုံသုံး ျဖတ္သန္း သယ္ယူပိုေဆာင္ေရး စီမံကိန္း၊ စစ္ေတြဆိပ္ကမ္းလုပ္ငန္းေတြ ေဆာင္႐ြက္ေနတာရွိပါတယ္။ဒါေတြကို စတင္ လည္ပတ္ေရးကိစၥအပါအဝင္ တမူးက်ီကုန္း-ကေလးဝ လမ္းေပၚက တံတား ၆၉ စင္း အဆင့္ျမႇင့္တင္ေရးကိစၥ၊ သုံးႏိုင္ငံ အေဝးေျပး လမ္းမႀကီးစီမံကိန္းကိစၥ၊ တမူးနယ္စပ္မွာ အဆင့္မီဘက္ေပါင္းစုံ စစ္ေဆးေရးဂိတ္ တည္ေဆာက္ေရး စီမံကိန္းကိစၥ ရပ္ေတြကိုပါ နစကႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးခဲ့ၾကတာရွိတယ္လို႔ နစက ကသတင္းထုတ္ျပန္ထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here