မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှခရီးသည်တင်လေယာဉ် လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရဟု နစကထုတ်ပြန်

0
279

(Unicode)

မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှခရီးသည်တင်လေယာဉ် လွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရဟု နစကထုတ်ပြန်

ယနေ့နံနက်ပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းလွိုင်ကော်လေဆိပ်သို့ဆင်းသက်စဉ် အချိန်ကိုက်ပြုလုပ်ထားသောရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ နစကကထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ၂၄ရက်နေ့ နံနက်၈နာရီ ၃၅မိနစ်အချိန်က မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှခရီးသည်တင်ယာဉ်တစ်စီး ကယားပြည်နယ် လွိုင်ကော်လေဆိပ်သို့ဆင်းသက်ရောက်ရှိစဉ် ၁၀၇မမ လျော့တိုက်ဒုံးဖြင်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါခရီးသည်တင်လေယာဉ်မှာ ခရီးသည်၆၄ဦးတင်ဆောင်လာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လွိုင်ကော်လေဆိပ်သို့ထွက်ခွာလာပြီး နံနက်၈နာရီ ၃၅မိနစ်တွင် လွိုင်ကော်လေဆိပ်သို့ဆင်းသက်ခဲ့တာပါ။

KNPP နဲ့ PDF ပူးပေါင်းအဖွဲ့ကလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

လေယာဉ်ကွင်းရဲ့ မီတာ၂၀၀၀ခန့်အကွာမှာ ကျရောက်ပေါက်ကွဲခဲ့တာမို့ လူ၊အဆောက်အအုံနဲ့လေယာဉ်တို့ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပါဘူး။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here