ဖားကန့်မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများအနက် အလောင်း ၆ လောင်း ပြန်တွေ့

0
266

(Unicode)

ဖားကန့်မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူများအနက် အလောင်း ၆ လောင်း ပြန်တွေ့

ဖားကန့်မြို့ မှော်စီစာ ရွာအနီး သာယာကျေးရွာမှာရှိကျောက်မျက်ကုမ္ပဏီလုပ်ကွက်‌တစ်ခုတွင် ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်းကမြေစာပုံပြိုကျသည့်အတွက် ရေမဆေးကျောက်ရှိသူများနှင့် ဈေးလာရောင်းသည့် အမျိုးသမီးအချို့ ပျောက်ဆုံးနေခဲ့ရာ မြေပြိုသည့် နေ့က အမျိုးသား အလောင်းတစ်လောင်း၊ဒီဇင်ဘာလ ၂၃ ရက်က အမျိုးသားအလောင်း ၃ လောင်း၊ယနေ့ ဒီဇင်ဘာလ ၂၄ ရက်က အမျိုးသားအလောင်း ၂ လောင်း စုစုပေါင်း ၆ လောင်းသာ တွေ့ရှိသေးကြောင်း ဖားကန့်လူမှု ကယ်ဆယ်ရေးအဖွဲ့များက သိရသည်။

“တွေ့တာတွေက အားလုံးအမျိုးသားတွေချည်းပဲ။မြေပြိုတာမှာ ပါတာက လူတွေပြောနေသလို တစ်ရာလောက်ဆိုတာ မဟုတ်ပါဘူး။ကျွန်တော်တို့ စာရင်းအရတော့ ၂၀ ကျော်လောက်တော့ ရှိမယ်။မနက်ဖြန်လည်း ဆက်ရှာအုံးမယ်”ဟုဖားကန့်လူမှု ကယ်ဆယ်ရေးအဖွဲ့လုပ်နေသော ကိုသက်က ပေါ်ပြူလာကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်ကလည်း ဖားကန့်မြို၊ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျခဲ့သည့်အတွက် ပျောက်ဆုံးသွားသူများအနက် အမျိုးသားအလောင်း ၅ လောင်းတွေ့ရှိပြီးနောက် ရှာဖွေသည့်လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။

(Zawgyi)

ဖားကန႔္ေျမၿပိဳမႈေၾကာင့္ ေပ်ာက္ဆုံးေနသူမ်ားအနက္ အေလာင္း ၆ ေလာင္း ျပန္ေတြ႕

ဖားကန႔္ၿမိဳ႕ ေမွာ္စီစာ ႐ြာအနီး သာယာေက်း႐ြာမွာရွိေက်ာက္မ်က္ကုမၸဏီလုပ္ကြက္‌တစ္ခုတြင္ ဒီဇင္ဘာလ ၂၂ ရက္ နံနက္အေစာပိုင္းကေျမစာပုံၿပိဳက်သည့္အတြက္ ေရမေဆးေက်ာက္ရွိသူမ်ားႏွင့္ ေဈးလာေရာင္းသည့္ အမ်ိဳးသမီးအခ်ိဳ႕ ေပ်ာက္ဆုံးေနခဲ့ရာ ေျမၿပိဳသည့္ ေန႔က အမ်ိဳးသား အေလာင္းတစ္ေလာင္း၊ဒီဇင္ဘာလ ၂၃ ရက္က အမ်ိဳးသားအေလာင္း ၃ ေလာင္း၊ယေန႔ ဒီဇင္ဘာလ ၂၄ ရက္က အမ်ိဳးသားအေလာင္း ၂ ေလာင္း စုစုေပါင္း ၆ ေလာင္းသာ ေတြ႕ရွိေသးေၾကာင္း ဖားကန႔္လူမႈ ကယ္ဆယ္ေရးအဖြဲ႕မ်ားက သိရသည္။

“ေတြ႕တာေတြက အားလုံးအမ်ိဳးသားေတြခ်ည္းပဲ။ေျမၿပိဳတာမွာ ပါတာက လူေတြေျပာေနသလို တစ္ရာေလာက္ဆိုတာ မဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ စာရင္းအရေတာ့ ၂၀ ေက်ာ္ေလာက္ေတာ့ ရွိမယ္။မနက္ျဖန္လည္း ဆက္ရွာအုံးမယ္”ဟုဖားကန႔္လူမႈ ကယ္ဆယ္ေရးအဖြဲ႕လုပ္ေနေသာ ကိုသက္က ေပၚျပဴလာကို ေျပာသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၁၉ ရက္ကလည္း ဖားကန႔္ၿမိဳ၊ေက်ာက္စိမ္းလုပ္ကြက္တစ္ခုတြင္ ေျမစာပုံၿပိဳက်ခဲ့သည့္အတြက္ ေပ်ာက္ဆုံးသြားသူမ်ားအနက္ အမ်ိဳးသားအေလာင္း ၅ ေလာင္းေတြ႕ရွိၿပီးေနာက္ ရွာေဖြသည့္လုပ္ငန္းမ်ားကို ရပ္ဆိုင္းခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here