ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကျင်းပသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၂ ပါတီတက်ရောက်

0
227

(Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှကျင်းပသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၂ ပါတီတက်ရောက်

UEC ကဦးဆောင်ကျင်းပသည့် အချိုးကျကိုယ် စားပြုစနစ်(PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့်စပ်လျဥ်း၍ ရွေးကောက်ပွဲစနစ်ဆိုင်ရာဆွေးနွေးပွဲကို စတုတ္ထအကြိမ်မြောက်အဖြစ် ဒီဇင်ဘာ ၂၄ ရက်နံနက် ၉ နာရီက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ကျင်းပရာ နိုင်ငံရေးပါတီ ၆၂ ပါတီမှကိုယ်စားလှယ် ၁၁၅ ဦးနှင့်ရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်သူများ တက်ရောက်ခဲ့ကြသည်။

ပြောင်းလဲလာသောခေတ်အခြေအနေအရ သင့်လျော်သည့်ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပွဲအား စတု တ္ထအကြိမ်မြောက်အဖြစ် ထပ်မံကျင်းပရခြင်းဖြစ် ကြောင်း UEC ဥက္ကဋ္ဌဦးသိန်းစိုးက အဖွင့်အမှား ကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မေလနဲ့အောက်တိုဘာလတို့က နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံနဲ့သင့်လျော်ကိုက်ညီတဲ့ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးဖို့ကို ဆွေး နွေးခဲ့ပြီးဖြစ်ပါတယ် နိုင်ငံရေးပါတီတွေကလည်း စာတမ်းတွေတင်ပြဖတ်ကြားခဲ့ကြသလို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းဆောင် ရွက်သင့်တဲ့ အခြေခံအချက်တွေကိုရှင်းလင်းခဲ့ပါတယ်”ဟု UEC ဥက္ကဋ္ဌကပြောသည်။

UEC အနေဖြင့် နိုင်ငံရေးပါတီများအချင်းချင်းဆွေးနွေးညှိနှိုင်းအချိန်ပေးပြီး တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်နိုင်ရန် နိုဝင်ဘာ ၂၂ ရက်ကအ ကြောင်းကြားပြင်ဆင်ခဲ့ကာ ယနေ့၌အစုအဖွဲ့အလိုက်ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော်များအတွက် PR စနစ်အရဆောင်ရွက်သင့်သည့်ရွေးကောက်ပွဲဒီဇိုင်းအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူဘောင်အတွင်းမှနှစ်ရက်တာဆွေးနွေးညှိနှိုင်းပြီးသုံးရက်မြောက်နေ့တွင် အစုအဖွဲ့အလိုက်ဆွေးနွေးရရှိလာသည့် စာတမ်းတစ်စောင်စီအား ဖတ်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရဖြစ်သည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်နိုင်ရန်ရွေး ကောက်ပွဲစနစ်များဖော်ဆောင်ခြင်း၊ရွေးကောက် ပွဲနယ်မြေများသတ်မှတ်ခြင်း၊လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပခြင်းတို့ကို လုပ်ဆောင်ရာ၌ PR စနစ်ကိုကျင့်သုံးခြင်းဖြင့် ပါ တီအများအပြားသည် ရွေးကောက်ပွဲတွင်ရရှိသည့်ဆန္ဒမဲများအရအချိုးကျအနိုင်ရကာ ဥပဒေပြုရေး၊အုပ်ချုပ်ရေးကဏ္ဍများတွင်ပါဝင်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌကပြော သည်။

ထို့ပြင် တိုင်းရင်းသားမျိုးနွယ်စုငယ်များ၏ကိုယ် စားလှယ်များ လွှတ်တော်သို့ဝင်ရောက်နိုင်သည့်အခွင့်အရေးများကိုရရှိလာမည်ဖြစ်ပြီး မဲဆန္ဒရှင်အများစု၏ အခွင့်အရေးရရှိသည့်အပြင်မဲဆန္ဒရှင်တစ်ဦးခြင်း၏ အခွင့်အရေးများလည်းရရှိလာမည်ဖြစ်ကာ ယင်းသို့ဆောင်ရွက်ခြင်းသည်အား လုံးပါဝင်ဆောင်ရွက်မှု( All INCLUSIVE )သ ဘောတရားလည်းဖြစ်ပြီး လွှတ်တော်အတွင်းတစ်ပါတီကြီးစိုးလွှမ်းမိုးမှုကိုလျော့ချပြီး ပါတီစုံပါဝင်ခြင်းဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော်အခြေခံမှုဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

လက်ရှိပြုလုပ်သည့် ဆွေးနွေးပွဲတွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများရွေးကောက်ပွဲစနစ်နှင့်စပ်လျဥ်း၍ သဘောတူညီခဲ့ပြီးဖြစ်သည့် PR စနစ်ဖြင့်ပြည်သူ့လွှတ်တော်၊အ မျိုးသားလွတ်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင်လိုက်လျော်ညီထွေကျင့်သုံး ဆောင်ရွက်မည့်ရွေးကောက်ပွဲဒီဇိုင်းအားညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်သည်။

Photo-Aung Myint

(Zawgyi)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွက်င္းပသည့္ ေ႐ြးေကာက္ပြဲစနစ္ဆိုင္ရာေဆြးေႏြးပြဲသို႔ ႏိုင္ငံေရးပါတီ ၆၂ ပါတီတက္ေရာက္

UEC ကဦးေဆာင္က်င္းပသည့္ အခ်ိဳးက်ကိုယ္ စားျပဳစနစ္(PR)အပါအဝင္ ေျပာင္းလဲက်င့္သုံးသင့္သည့္ ေ႐ြးေကာက္ပြဲစနစ္မ်ားႏွင့္စပ္လ်ဥ္း၍ ေ႐ြးေကာက္ပြဲစနစ္ဆိုင္ရာေဆြးေႏြးပြဲကို စတုတၳအႀကိမ္ေျမာက္အျဖစ္ ဒီဇင္ဘာ ၂၄ ရက္နံနက္ ၉ နာရီက ရန္ကုန္တိုင္းအစိုးရအဖြဲ႕႐ုံး၌က်င္းပရာ ႏိုင္ငံေရးပါတီ ၆၂ ပါတီမွကိုယ္စားလွယ္ ၁၁၅ ဦးႏွင့္ေ႐ြးေကာက္ပြဲတြင္ပါဝင္ပတ္သက္သူမ်ား တက္ေရာက္ခဲ့ၾကသည္။

ေျပာင္းလဲလာေသာေခတ္အေျခအေနအရ သင့္ေလ်ာ္သည့္ေ႐ြးေကာက္ပြဲစနစ္မ်ိဳးကို က်င့္သုံး ေဆာင္႐ြက္ႏိုင္ရန္အတြက္ ေဆြးေႏြးပြဲအား စတု တၳအႀကိမ္ေျမာက္အျဖစ္ ထပ္မံက်င္းပရျခင္းျဖစ္ ေၾကာင္း UEC ဥကၠ႒ဦးသိန္းစိုးက အဖြင့္အမွား ကားေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားခဲ့သည္။

“၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ေမလနဲ႔ေအာက္တိုဘာလတို႔က ႏိုင္ငံေရးပါတီကိုယ္စားလွယ္ေတြနဲ႔ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံနဲ႔သင့္ေလ်ာ္ကိုက္ညီတဲ့ေ႐ြးေကာက္ပြဲစနစ္ေျပာင္းလဲက်င့္သုံးဖို႔ကို ေဆြး ေႏြးခဲ့ၿပီးျဖစ္ပါတယ္ ႏိုင္ငံေရးပါတီေတြကလည္း စာတမ္းေတြတင္ျပဖတ္ၾကားခဲ့ၾကသလို ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္းေဆာင္ ႐ြက္သင့္တဲ့ အေျခခံအခ်က္ေတြကိုရွင္းလင္းခဲ့ပါတယ္”ဟု UEC ဥကၠ႒ကေျပာသည္။

UEC အေနျဖင့္ ႏိုင္ငံေရးပါတီမ်ားအခ်င္းခ်င္းေဆြးေႏြးညႇိႏႈိင္းအခ်ိန္ေပးၿပီး ေတြ႕ဆုံေဆြးေႏြးျခင္းမ်ားေဆာင္႐ြက္ႏိုင္ရန္ ႏိုဝင္ဘာ ၂၂ ရက္ကအ ေၾကာင္းၾကားျပင္ဆင္ခဲ့ကာ ယေန႔၌အစုအဖြဲ႕အလိုက္ျပည္သူ႔လႊတ္ေတာ္၊အမ်ိဳးသားလႊတ္ေတာ္ႏွင့္တိုင္းေဒသႀကီးလႊတ္ေတာ္မ်ားအတြက္ PR စနစ္အရေဆာင္႐ြက္သင့္သည့္ေ႐ြးေကာက္ပြဲဒီဇိုင္းအား ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ မူေဘာင္အတြင္းမွႏွစ္ရက္တာေဆြးေႏြးညႇိႏႈိင္းၿပီးသုံးရက္ေျမာက္ေန႔တြင္ အစုအဖြဲ႕အလိုက္ေဆြးေႏြးရရွိလာသည့္ စာတမ္းတစ္ေစာင္စီအား ဖတ္ၾကားေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ေျပာဆိုသည္။

အလားတူ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အႏွစ္သာရျဖစ္သည့္ ပါတီစုံဒီမိုကေရစီေဖာ္ေဆာင္ႏိုင္ရန္ေ႐ြး ေကာက္ပြဲစနစ္မ်ားေဖာ္ေဆာင္ျခင္း၊ေ႐ြးေကာက္ ပြဲနယ္ေျမမ်ားသတ္မွတ္ျခင္း၊လြတ္လပ္၍တရားမွ်တသည့္ ေ႐ြးေကာက္ပြဲမ်ားက်င္းပျခင္းတို႔ကို လုပ္ေဆာင္ရာ၌ PR စနစ္ကိုက်င့္သုံးျခင္းျဖင့္ ပါ တီအမ်ားအျပားသည္ ေ႐ြးေကာက္ပြဲတြင္ရရွိသည့္ဆႏၵမဲမ်ားအရအခ်ိဳးက်အႏိုင္ရကာ ဥပေဒျပဳေရး၊အုပ္ခ်ဳပ္ေရးက႑မ်ားတြင္ပါဝင္ေဆာင္႐ြက္လာႏိုင္မည္ျဖစ္ေၾကာင္း UEC ဥကၠ႒ကေျပာ သည္။

ထို႔ျပင္ တိုင္းရင္းသားမ်ိဳးႏြယ္စုငယ္မ်ား၏ကိုယ္ စားလွယ္မ်ား လႊတ္ေတာ္သို႔ဝင္ေရာက္ႏိုင္သည့္အခြင့္အေရးမ်ားကိုရရွိလာမည္ျဖစ္ၿပီး မဲဆႏၵရွင္အမ်ားစု၏ အခြင့္အေရးရရွိသည့္အျပင္မဲဆႏၵရွင္တစ္ဦးျခင္း၏ အခြင့္အေရးမ်ားလည္းရရွိလာမည္ျဖစ္ကာ ယင္းသို႔ေဆာင္႐ြက္ျခင္းသည္အား လုံးပါဝင္ေဆာင္႐ြက္မႈ( All INCLUSIVE )သ ေဘာတရားလည္းျဖစ္ၿပီး လႊတ္ေတာ္အတြင္းတစ္ပါတီႀကီးစိုးလႊမ္းမိုးမႈကိုေလ်ာ့ခ်ၿပီး ပါတီစုံပါဝင္ျခင္းျဖင့္ ၂၀၀၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ ႏိုင္ငံေတာ္အေျခခံမႈျဖစ္သည့္ ပါတီစုံဒီမိုကေရစီစနစ္ကိုက်င့္သုံးႏိုင္မည္ျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားသည္။

လက္ရွိျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ႏိုင္ငံေရးပါတီမ်ားေ႐ြးေကာက္ပြဲစနစ္ႏွင့္စပ္လ်ဥ္း၍ သေဘာတူညီခဲ့ၿပီးျဖစ္သည့္ PR စနစ္ျဖင့္ျပည္သူ႔လႊတ္ေတာ္၊အ မ်ိဳးသားလြတ္ေတာ္၊တိုင္းေဒသႀကီးႏွင့္ျပည္နယ္လႊတ္ေတာ္မ်ားတြင္လိုက္ေလ်ာ္ညီေထြက်င့္သုံး ေဆာင္႐ြက္မည့္ေ႐ြးေကာက္ပြဲဒီဇိုင္းအားညႇိႏႈိင္းေဆြးေႏြးသြားမည္ျဖစ္သည္။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here