ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ်ဟောင်း ကွယ်လွန်

0
108

(Unicode)

ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ်ဟောင်း ကွယ်လွန်

ယခင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရသက်တမ်းမှာ ကယားပြည်နယ်ရဲ့ လယ်/ဆယ်၀န်ကြီး၊ခေတ္တဝန်ကြီးချုပ်စတဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ဖူးတဲ့ ဦး‌ဘော့စ်ကိုဟာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် (၅)နာရီ (၁၅) မိနစ်အချိန်မှာ၉၆ပါးဝေဒနာနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်လို့သိရပါတယ်။

ဒီကနေ့ညနေမှာပဲ ကွယ်လွန်သူဦး​ဘော့စ်ကိုရဲ့ ကျန်ရစ်ရုပ်ကလာပ်ကို ကက်သလစ်ထုံးတမ်းအစဉ်အလာနဲ့အညီဂူသွင်းသင်္ဂြိုလ်​ခဲ့ကြပါတယ်။

၁၉၇၄ အောက်တိုဘာ၁၄မွေးဖွားခဲ့တဲ့ ဦးဘော့စ်ကိုဟာ ကွယ်လွန်ချိန်မှာ အသက်၄၇နှစ်ပဲ ရှိပါသေးတယ်။

ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ခေတ္တထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူလည်းဖြစ်ပါတယ်။

ဦးဘော့စ်ကိုသည်NLDပါတီဝင်တစ်ဦး ဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲတွင် ကယားပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာကို ဒီးမော့ဆိုမဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရ ရွေးကောက်ခံခဲ့ရသူဖြစ်ကာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတာဝန်၊၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်ဖောင်ရှို ရာထူးမှ ရပ်စဲလိုက်ပြီးနောက် ဦးဘော့စ်ကိုဟာ NLDအစိုးရကယားပြည်နယ် ခေတ္တဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

(Zawgyi)

ကယားျပည္နယ္ေခတၱဝန္ႀကီးခ်ဳပ္ေဟာင္း ကြယ္လြန္

ယခင္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)အစိုးရသက္တမ္းမွာ ကယားျပည္နယ္ရဲ႕ လယ္/ဆယ္၀န္ႀကီး၊ေခတၱဝန္ႀကီးခ်ဳပ္စတဲ့တာဝန္ေတြကိုထမ္းေဆာင္ခဲ့ဖူးတဲ့ ဦး‌ေဘာ့စ္ကိုဟာ ၂၀၂၁ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္ေန႔ နံနက္ (၅)နာရီ (၁၅) မိနစ္အခ်ိန္မွာ၉၆ပါးေဝဒနာနဲ႔ ႐ုတ္တရက္ကြယ္လြန္သြားတယ္လို႔သိရပါတယ္။

ဒီကေန႔ညေနမွာပဲ ကြယ္လြန္သူဦး​ေဘာ့စ္ကိုရဲ႕ က်န္ရစ္႐ုပ္ကလာပ္ကို ကက္သလစ္ထုံးတမ္းအစဥ္အလာနဲ႔အညီဂူသြင္းသၿဂႋဳလ္​ခဲ့ၾကပါတယ္။

၁၉၇၄ ေအာက္တိုဘာ၁၄ေမြးဖြားခဲ့တဲ့ ဦးေဘာ့စ္ကိုဟာ ကြယ္လြန္ခ်ိန္မွာ အသက္၄၇ႏွစ္ပဲ ရွိပါေသးတယ္။

ေဖေဖာ္ဝါရီ၁ရက္ေနာက္ပိုင္း ေခတၱထိန္းသိမ္းခံရၿပီး ျပန္လြတ္လာသူလည္းျဖစ္ပါတယ္။

ဦးေဘာ့စ္ကိုသည္NLDပါတီဝင္တစ္ဦး ျဖစ္ၿပီး ၂၀၁၅ေ႐ြးေကာက္ပြဲတြင္ ကယားျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာကို ဒီးေမာ့ဆိုမဲဆႏၵနယ္အမွတ္ ၂ မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရ ေ႐ြးေကာက္ခံခဲ့ရသူျဖစ္ကာ ျပည္နယ္စိုက္ပ်ိဳးေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီးတာဝန္၊၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာ ၃ ရက္ေန႔တြင္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးအယ္ေဖာင္ရႈိ ရာထူးမွ ရပ္စဲလိုက္ၿပီးေနာက္ ဦးေဘာ့စ္ကိုဟာ NLDအစိုးရကယားျပည္နယ္ ေခတၱဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here