နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း မစတင်နိုင်သေးဟု ဟိုတယ်ခရီးပြော

0
184

နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း မစတင်နိုင်သေးဟု ဟိုတယ်ခရီးပြော

အာဆီယံ နိုင်ငံခရီးသွားများအနေဖြင့် မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်လာရောက်လည်ပတ်နိုင်ရေးကို ဆက်သွယ်မေးမြန်းလာကြသော်လည်း လတ်တလော မစတင်နိုင်သေးကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

“ကားကို ကိုယ်တိုင်မောင်းပြီးတော့ မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေကို သွားဖို့ဆိုပြီးတော့ အလုပ်ရုံအစည်းအဝေးကို ထိုင်းနိုင်ငံက ဦးဆောင်ပြီးတော့ လုပ်ထားတယ်။ဒါပေမဲ့ ပါမစ်လိုအပ်ချက်၊ကားအမျိုးအစား ၊ ကိုဗစ် နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုတယ်။ဌာနပေါင်းစုံနဲ့ ညှိနေတယ်။လိုအပ်ချက်တွေက အများကြီး၊လုံခြုံရေးကိစ္စ ဗီဇာ ကိစ္စ စသဖြင့် ။အခုက မဖွင့်နိုင်သေးဘူး။ကျွန်တော်တို့က ပြည်တွင်း ခရီးသွားကိုပဲ ဖွင့်နိုင်သေးတယ်”ဟု ယင်းက ပြောသည်။

သို့သော်လည်း ခရီးသွားကုမ္ပဏီတစ်ချို့အနေဖြင့် ဝန်ကြီးဌာနကို တင်ပြလျှောက်ထားမှုများ ရှိနေကြောင်း၊တင်ပြလျှောက်ထားရာတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းအတွင်းလာရောက်လည်ပတ်နိုင်ရန် ပါရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသို့ ထိုင်းနယ်စပ်၊အိန္ဒိယ နယ်စပ်တို့ကို ဖြတ်ကျော်၍ လာရောက်လိုသည့် နယ်စပ်ဖြတ်ကျော် ခရီးသွားရောက်လိုသူများရှိသည့်အနက် အများဆုံးမှာ အိန္ဒိယ ဖြစ်ကြောင်း၊ သို့သော်လည်း ခွင့်ပြုချက် ရယူမည့် ကိစ္စအတွက် ပေါင်းစပ်ညှိနှိုင်းရမည့် လုပ်ငန်းစဉ်ကြန့်ကြာနိုင်သေးကြောင်း နှင့် အဆိုပါ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းစတင်မည်ဆိုပါကလည်း အာဆီယံနိုင်ငံများကို ဦးစားပေးမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါ ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ယခင်ကာလများထက် တိုးတက်လာပြီး ကမ်းခြေဒေသများမှာ သွားရောက်လည်ပတ်မှုအများဆုံးဒေသဖြစ်လာကာ ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ် ရှိ ကမ္ဘာကျော် ငပလီကမ်းခြေဒေသသို့ လာရောက်လည်ပတ်သူ အများဆုံး ဖြစ်နေကြောင်း သိရသည်။

Zaw Gyi

နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားလုပ္ငန္း မစတင္နိုင္ေသးဟု ဟိုတယ္ခရီးေျပာ

အာဆီယံ နိုင္ငံခရီးသြားမ်ားအေနျဖင့္ ျမန္မာနိုင္ငံကို နယ္စပ္ျဖတ္ေက်ာ္လာေရာက္လည္ပတ္နိုင္ေရးကို ဆက္သြယ္ေမးျမန္းလာၾကေသာ္လည္း လတ္တေလာ မစတင္နိုင္ေသးေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၏အဆင့္ျမင့္အရာရွိတစ္ဦးက ေျပာသည္။

“ကားကို ကိုယ္တိုင္ေမာင္းၿပီးေတာ့ ျမန္မာအပါအဝင္ အာဆီယံနိုင္ငံေတြကို သြားဖို႔ဆိုၿပီးေတာ့ အလုပ္႐ုံအစည္းအေဝးကို ထိုင္းနိုင္ငံက ဦးေဆာင္ၿပီးေတာ့ လုပ္ထားတယ္။ဒါေပမဲ့ ပါမစ္လိုအပ္ခ်က္၊ကားအမ်ိဳးအစား ၊ ကိုဗစ္ နဲ႔ ပတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြ လိုတယ္။ဌာနေပါင္းစုံနဲ႔ ညႇိေနတယ္။လိုအပ္ခ်က္ေတြက အမ်ားႀကီး၊လုံျခဳံေရးကိစၥ ဗီဇာ ကိစၥ စသျဖင့္ ။အခုက မဖြင့္နိုင္ေသးဘူး။ကၽြန္ေတာ္တို႔က ျပည္တြင္း ခရီးသြားကိုပဲ ဖြင့္နိုင္ေသးတယ္”ဟု ယင္းက ေျပာသည္။

သို႔ေသာ္လည္း ခရီးသြားကုမၸဏီတစ္ခ်ိဳ႕အေနျဖင့္ ဝန္ႀကီးဌာနကို တင္ျပေလၽွာက္ထားမွုမ်ား ရွိေနေၾကာင္း၊တင္ျပေလၽွာက္ထားရာတြင္ ၂၀၂၂ ခုႏွစ္ ႏွစ္ဆန္းပိုင္းအတြင္းလာေရာက္လည္ပတ္နိုင္ရန္ ပါရွိေၾကာင္းလည္း သိရသည္။

ျမန္မာနိုင္ငံသို႔ ထိုင္းနယ္စပ္၊အိႏၵိယ နယ္စပ္တို႔ကို ျဖတ္ေက်ာ္၍ လာေရာက္လိုသည့္ နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားေရာက္လိုသူမ်ားရွိသည့္အနက္ အမ်ားဆုံးမွာ အိႏၵိယ ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ခြင့္ျပဳခ်က္ ရယူမည့္ ကိစၥအတြက္ ေပါင္းစပ္ညႇိႏွိုင္းရမည့္ လုပ္ငန္းစဥ္ၾကန႔္ၾကာနိုင္ေသးေၾကာင္း ႏွင့္ အဆိုပါ နယ္စပ္ျဖတ္ေက်ာ္ခရီးသြားလုပ္ငန္းစတင္မည္ဆိုပါကလည္း အာဆီယံနိုင္ငံမ်ားကို ဦးစားေပးမည္ ျဖစ္ေၾကာင္းသိရသည္။

ယခုအခါ ျပည္တြင္းခရီးသြားလုပ္ငန္းမွာ ယခင္ကာလမ်ားထက္ တိုးတက္လာၿပီး ကမ္းေျခေဒသမ်ားမွာ သြားေရာက္လည္ပတ္မွုအမ်ားဆုံးေဒသျဖစ္လာကာ ရခိုင္ျပည္နယ္ ၊ သံတြဲၿမိဳ႕နယ္ ရွိ ကမၻာေက်ာ္ ငပလီကမ္းေျခေဒသသို႔ လာေရာက္လည္ပတ္သူ အမ်ားဆုံး ျဖစ္ေနေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here