ရေသန့်ရောင်းတဲ့အဖွားဒေါ်ညွန့်ရီအပါ အဝင် ဆင်းရဲ ခက်ခဲ တဲ့ အဖိုးအဖွား​တွေ အတွက် အလှူငွေသိန်း ၃၀ လှူဒါန်းပေးခဲ့တဲ့ ကိုနေဝင်းနဲ့အိမ့်ချစ်ချောတို့ဇနီးမောင်နှံ

0
300

ရေသန့်ရောင်းတဲ့အဖွားဒေါ်ညွန့်ရီအပါ အဝင် ဆင်းရဲ ခက်ခဲ တဲ့ အဖိုးအဖွား​တွေ အတွက် အလှူငွေသိန်း ၃၀ လှူဒါန်းပေးခဲ့တဲ့ ကိုနေဝင်းနဲ့အိမ့်ချစ်ချောတို့ဇနီးမောင်နှံ

ဒလဘက်မှာနေပြီး ရေသန့်ရောင်းရတဲ့အဖွားဒေါ်ညွန့်ရီအတွက်ကိုနေဝင်းနဲ့အိမ်ချစ်ချောတို့ ဇနီးမောင်နှမမှ ဦးဆောင်ကာ အလှူငွေများကောက်ခံရာမှာအလှူရှင်များရဲ့ ဝိုင်းဝန်းလှူတန်းမှုများကြောင့် အလှူငွေသိန်း ၃၀ ရရှိခဲ့ပြီးလှူဒါန်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဖွားဒေါ်ညွန့်ရီအတွက်ဆိုပြီးအလှူငွေတွေ ကောက်ထားပေးမယ့်လည်း အဖွားလို့မရှိနွမ်းပါးဆင်းရဲခက်ခဲတဲ့ဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အိမ့်ချစ်ချောက ” ဒီနေ့ချောဦးဆောင်ပြီး ကောက်ထားတဲ့အလှူငွေ သိန်း ၃၀ ကို လှူခဲ့ပါတယ် ။ အစကတော့ ရေသန့်ရောင်းတဲ့ အဖွားဒေါ်ညွှန့်ရီအတွက်ဆိုပြီး ကောက်ထားပေမယ့် အလှူငွေကမထင်မှတ်ပဲများသွားတော့ အဖွားလိုဘဝတူ အဖိုးအဖွားတွေကိုလည်း ခွဲပြီးလှူဖြစ်ခဲ့တယ် ။ အဖွားဒေါ်ညွှန့်ရီကတော့ သူအိမ်ပိုင်လေးလည်းရပြီ၊ အကြွေးလည်းမရှိတော့ဘူးဆိုတော့ ရေသန့်မရောင်းပဲ အိမ်ရှေ့မှာ အသားတုတုတ်ထိုးလေးတွေရောင်းဖို့ အရင်း ၁ သိန်း ရယ်… လာမယ့် ၂၀၂၂ -၁ လပိုင်းကနေ ၁ နှစ်ခွဲတိတိ လစဉ် တစ်လတစ်သိန်း နဲ့ ၁၈ သိန်း ထောက်ပံ့ပေးဖို့ စီစဉ်ခဲ့တယ်။ လှူဖြစ်သွားတဲ့အကြောင်းအရင်းလေးက popular journal ကတင်ထားတဲ့ video လေးကြောင့်သနားပြီး ကိုယ်လည်းလှူရင်းတခါတည်း အလှူခံဖြစ်သွားတာ ” ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

အခုလက်ရှိမှာ ကိုနေဝင်းနဲ့အိမ့်ချစ်ချောတို့မှ အလှူငွေများလှူဒါန်းကြတဲ့အထဲမှ တချို့ငွေများကို တကယ်လိုအပ်ပြီးဆင်းရဲ ခက်ခဲတဲ့ အဖိုးအဖွားများအတွက် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Zaw Gyi

ရေသန့်ရောင်းတဲ့အဖွားဒေါ်ညွန့်ရီအပါ အဝင် ဆင်းရဲ ခက်ခဲ တဲ့ အဖိုအဖွား​တွေ အတွက် အလှူငွေသိန်း ၃၀ လှူဒါန်းပေးခဲ့တဲ့ ကိုနေဝင်းနဲ့အိမ့်ချစ်ချောတို့ဇနီးမောင်နှံ





LEAVE A REPLY

Please enter your comment!
Please enter your name here