ကျောက်ပန်းတောင်းမြို့ ရပ်ကွက်နှစ်ခုမှ စိတ်ကြွ ဆေးပြား ၂ သောင်းခွဲနီးပါးအား လေသေနတ်တစ်လက်နဲ့အတူဖမ်းမိ

0
147

ကျောက်ပန်းတောင်းမြို့ ရပ်ကွက်နှစ်ခုမှ စိတ်ကြွ ဆေးပြား ၂ သောင်းခွဲနီးပါးအား လေသေနတ်တစ်လက်နဲ့အတူဖမ်းမိ

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့၊သာယာအေးရပ်ကွက်နှင့်မြို့မကွက်သစ်ရပ်ကွက်ရှိ နေ အိမ်နှစ်လုံးမှ စိတ်ကြွဆေးပြား ၂ သောင်းခွဲနီးပါးအား လေသေနတ်တစ်လက်၊မူးယစ်ဆေးဝါးသုံးစွဲရာတွင်သုံးသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဒီ ဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ကျောက်ပန်းတောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာ ၂၃ ရက်နေ့လည် ၁ နာရီခွဲက သက်သေများနှင့်အတူ သတင်းအရ သာယာအေးရပ်ကွက်၊နယ်မြေ(၈)ရှိနေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သည်။

နေအိမ်အတွင်းမှ ကိုမြင့်စန်း(၅၆)နှစ်၊ မခင်သန္တာ (၃၉)နှစ်နှင့်ဟံမင်းထွန်း(ခ)တီးလုံး(၄၃)နှစ်တို့အား စိတ်ကြွဆေး ၂၀၂၀၀ ပြား၊လေသေနတ်တစ်လက်၊မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂၄ ရက်နံနက် ၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင်များက မြို့မကွက်သစ်ရပ်ကွက်ရှိ မညွှန့်ညွှန့်(၄၇)နှစ်နေအိမ်ခြံဝင်းအတွင်းရပ်ထားသည့် TOYOTA WISH ကားအ တွင်းမှ စိတ်ကြွဆေးပြား ၄၃၀၀ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ကျောက်ပန်းတောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူ များအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Zaw Gyi

ေက်ာက္ပန္းေတာင္းၿမိဳ႕ ရပ္ကြက္ႏွစ္ခုမွ စိတ္ႂကြ ေဆးျပား ၂ ေသာင္းခြဲနီးပါးအား ေလေသနတ္တစ္လက္နဲ႔အတူဖမ္းမိ

မႏၲေလးတိုင္း၊ေက်ာက္ပန္းေတာင္းၿမိဳ႕၊သာယာေအးရပ္ကြက္ႏွင့္ၿမိဳ႕မကြက္သစ္ရပ္ကြက္ရွိ ေန အိမ္ႏွစ္လုံးမွ စိတ္ႂကြေဆးျပား ၂ ေသာင္းခြဲနီးပါးအား ေလေသနတ္တစ္လက္၊မူးယစ္ေဆးဝါးသုံးစြဲရာတြင္သုံးသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဒီ ဇင္ဘာ ၂၃ ရက္ႏွင့္ ၂၄ ရက္တို႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား သည္ ဒီဇင္ဘာ ၂၃ ရက္ေန႔လည္ ၁ နာရီခြဲက သက္ေသမ်ားႏွင့္အတူ သတင္းအရ သာယာေအးရပ္ကြက္၊နယ္ေျမ(၈)ရွိေနအိမ္တစ္လုံးအား ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့သည္။

ေနအိမ္အတြင္းမွ ကိုျမင့္စန္း(၅၆)ႏွစ္၊ မခင္သႏၲာ (၃၉)ႏွစ္ႏွင့္ဟံမင္းထြန္း(ခ)တီးလုံး(၄၃)ႏွစ္တို႔အား စိတ္ႂကြေဆး ၂၀၂၀၀ ျပား၊ေလေသနတ္တစ္လက္၊မူးယစ္ေဆးဝါးသုံးစြဲရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဒီဇင္ဘာ ၂၄ ရက္နံနက္ ၁ နာရီခြဲတြင္ ရဲတပ္ဖြဲ႕ဝင္မ်ားက ၿမိဳ႕မကြက္သစ္ရပ္ကြက္ရွိ မညႊန္႔ညႊန္႔(၄၇)ႏွစ္ေနအိမ္ၿခံဝင္းအတြင္းရပ္ထားသည့္ TOYOTA WISH ကားအ တြင္းမွ စိတ္ႂကြေဆးျပား ၄၃၀၀ ျပားႏွင့္ မူးယစ္ေဆးဝါးသုံးစြဲရာတြင္အသုံးျပဳသည့္ဆက္စပ္ပစၥည္းမ်ားအား ထပ္မံသိမ္းဆီးရမိခဲ့သည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားအား ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမွုဖြင့္အေရးယူကာ ဆက္စပ္ျပစ္မွုက်ဴးလြန္သူ မ်ားအားဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here