ကလေးမြို့၊နတ်ချောင်းရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေ

0
248

ကလေးမြို့၊နတ်ချောင်းရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေ

စစ်ကိုင်းတိုင်း၊ကလေးမြို့ရှိ နတ်ချောင်းရွာအနီးတွင် နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ကလေး PDF၊ CNDF ၊ CDF – KKG ပူးပေါင်းအဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများနှင့်လက်နက် ကြီးပစ်ခတ်မှုများကြောင့် နတ်ချောင်းရွာနေသူ များမှာ ရွာလုံးကျွတ်နီးပါးစစ်ဘေးရှောင်များအ ဖြစ် နီးစပ်ရာသို့ရွှေ့ပြောင်းနေကြကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

အိမ်ခြေများစွာရှိသည့် နတ်ချောင်းရွာမှရွာသူ၊ရွာ သားများသည် ဒီဇင်ဘာ ၂၃ ရက်မှစ၍ ရွာအ တွင်းသို့ လက်နက်ကြီးကျရောက်မှုများ၊နေအိမ်များအား မီးရှို့ဖျက်ဆီးခံရမှုများနှင့်ပစ်ခတ်မှုများကြောင့် ထိမှန်မှုများဖြစ်ပေါ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ရွေ့ပြောင်းနေထိုင်ရခြင်းဖြစ်သည်။

“ညက လက်နက်ကြီးတွေနဲ့လည်းပစ်တယ် တစ်ညလုံးဘယ်အိပ်ပျော်မလဲဗျာ လာမှန်ရင်ဘယ်လိုလုပ်မလဲ ကလေးတွေလည်းရှိတယ်လေ ဒါ့ကြောင့်လိုအပ်တာတွေယူပြီး ရွာကနေထွက်လာတာ”ဟုနတ်ချောင်းရွာမှစစ်ဘေးရှောင်တစ်ဦးကပြော သည်။

တိုက်ပွဲဖြစ်စဥ်ကြောင့် သေဆုံးခဲ့သည့် ရွာသူ၊ရွာသားများလည်းရှိကာ နေအိမ်ပျက်စီးဆုံးရှုံးရခြင်းများလည်းရှိကြောင်း သိရသည်။

နတ်ချောင်းရွာမှစစ်ဘေးရှောင်များသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရပြီး အစားအ သောက်၊အဝတ်အထည်နှင့်လိုအပ်ချက်များစွာရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“အဓိကလိုတာကတော့ စောင်၊အနွေးထည်နဲ့သောက်ရေပဲ ကလေးငယ်တွေလည်းပါတော့အ ခက်အခဲကတော့ တော်တော်များတယ် ကလေးမြို့ပေါ်ကိုသွားကြတဲ့သူတွေလည်းရှိသလို ဆိုင် ရာ ဆိုင်ရာအမျိုးတွေရှိတဲ့ ရွာဖက်တွေကိုလည်းသွားကြတာရှိတယ် အများစုကတော့ နတ်ချောင်းရွာနဲ့ဝေးတဲ့ဆီကိုပဲသွားရတာပေါ့ ဘုန်းကြီး ကျောင်းတွေမှာနေရတာများတယ် ထိုက်သင့်တဲ့ကူညီမှုတွေတော့ရပါတယ်”ဟုနတ်ချောင်းရွာသားစစ်ဘေးရှောင်တစ်ဦးကပြောသည်။
Photo – CJ

ကေလးၿမိဳ႕၊နတ္ေခ်ာင္းရြာတြင္ တိုက္ပြဲျဖစ္ပြားမွုေၾကာင့္ ရြာလုံးကၽြတ္စစ္ေဘးေရွာင္ေန

စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕ရွိ နတ္ေခ်ာင္းရြာအနီးတြင္ နစက ၏လုံျခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ကေလး PDF၊ CNDF ၊ CDF – KKG ပူးေပါင္းအဖြဲ႕ဝင္မ်ားၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားမွုမ်ားႏွင့္လက္နက္ ႀကီးပစ္ခတ္မွုမ်ားေၾကာင့္ နတ္ေခ်ာင္းရြာေနသူ မ်ားမွာ ရြာလုံးကၽြတ္နီးပါးစစ္ေဘးေရွာင္မ်ားအ ျဖစ္ နီးစပ္ရာသို႔ေရႊ႕ေျပာင္းေနၾကေၾကာင္း စစ္ေဘးေရွာင္မ်ားထံမွ သိရသည္။

အိမ္ေျခမ်ားစြာရွိသည့္ နတ္ေခ်ာင္းရြာမွရြာသူ၊ရြာ သားမ်ားသည္ ဒီဇင္ဘာ ၂၃ ရက္မွစ၍ ရြာအ တြင္းသို႔ လက္နက္ႀကီးက်ေရာက္မွုမ်ား၊ေနအိမ္မ်ားအား မီးရွို႔ဖ်က္ဆီးခံရမွုမ်ားႏွင့္ပစ္ခတ္မွုမ်ားေၾကာင့္ ထိမွန္မွုမ်ားျဖစ္ေပၚလာနိုင္သျဖင့္ ေဘးလြတ္ရာသို႔ေရြ႕ေျပာင္းေနထိုင္ရျခင္းျဖစ္သည္။

“ညက လက္နက္ႀကီးေတြနဲ႔လည္းပစ္တယ္ တစ္ညလုံးဘယ္အိပ္ေပ်ာ္မလဲဗ်ာ လာမွန္ရင္ဘယ္လိုလုပ္မလဲ ကေလးေတြလည္းရွိတယ္ေလ ဒါ့ေၾကာင့္လိုအပ္တာေတြယူၿပီး ရြာကေနထြက္လာတာ”ဟုနတ္ေခ်ာင္းရြာမွစစ္ေဘးေရွာင္တစ္ဦးကေျပာ သည္။

တိုက္ပြဲျဖစ္စဥ္ေၾကာင့္ ေသဆုံးခဲ့သည့္ ရြာသူ၊ရြာသားမ်ားလည္းရွိကာ ေနအိမ္ပ်က္စီးဆုံးရွုံးရျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

နတ္ေခ်ာင္းရြာမွစစ္ေဘးေရွာင္မ်ားသည္ နီးစပ္ရာသို႔ ေရႊ႕ေျပာင္းေနထိုင္ေနၾကရၿပီး အစားအ ေသာက္၊အဝတ္အထည္ႏွင့္လိုအပ္ခ်က္မ်ားစြာရွိေနေၾကာင္း စစ္ေဘးေရွာင္မ်ားထံမွ သိရသည္။

“အဓိကလိုတာကေတာ့ ေစာင္၊အေႏြးထည္နဲ႔ေသာက္ေရပဲ ကေလးငယ္ေတြလည္းပါေတာ့အ ခက္အခဲကေတာ့ ေတာ္ေတာ္မ်ားတယ္ ကေလးၿမိဳ႕ေပၚကိုသြားၾကတဲ့သူေတြလည္းရွိသလို ဆိုင္ ရာ ဆိုင္ရာအမ်ိဳးေတြရွိတဲ့ ရြာဖက္ေတြကိုလည္းသြားၾကတာရွိတယ္ အမ်ားစုကေတာ့ နတ္ေခ်ာင္းရြာနဲ႔ေဝးတဲ့ဆီကိုပဲသြားရတာေပါ့ ဘုန္းႀကီး ေက်ာင္းေတြမွာေနရတာမ်ားတယ္ ထိုက္သင့္တဲ့ကူညီမွုေတြေတာ့ရပါတယ္”ဟုနတ္ေခ်ာင္းရြာသားစစ္ေဘးေရွာင္တစ္ဦးကေျပာသည္။
Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here