စစ်ဆေးရေးဂိတ်များက ငွေတောင်းလျှင် တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များအား မကွေးတိုင်းတွင်လိုက်လံချိတ်ဆွဲ

0
501

စစ်ဆေးရေးဂိတ်များက ငွေတောင်းလျှင် တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များအား မကွေးတိုင်းတွင်လိုက်လံချိတ်ဆွဲ

” လုံခြုံရေးအခြေအနေအရစစ်ဆေးခြင်းဖြစ်ပါသဖြင့် ကြည်ဖြူစွာစစ်ဆေးခံနိုင်ပါရန် နှင့် ငွေကြေးတစ်စုံတစ်ရာ တောင်းခံပါက တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ ထည့်သွင်း၍ Venyl ဆိုင်းဘုတ်များ” စိုက်ထူဆောင်ရွက်မှုများပြုလုပ်လျှက်ရှိနေသည်ဟု မကွေးတိုင်းအစိုးရအဖွဲ့ရုံးကပြောသည်။

မကွေးတိုင်းဒေသကြီးနယ်စပ် (ရွှေပန်း) စစ်ဆေးရေးဂိတ် ၊ မြို့သစ်မြို့ဝင် နေပြည်တော်-မြို့သစ်- ကံပြား(လမ်းဆုံ) ဂိတ်၊ မြို့အထွက် တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်း (ဓါတ်အားခွဲရုံ) ဂိတ်များတွင်လိုက်လံချိတ်ဆွဲနေခြင်းဖြစ်သည်ဟုဆိုသည်။

ဒီဇင်ဘာလ၂၄ရက်ကစပြီး လိုက်လံချိတ်ဆွဲနေခြင်းဖြစ်သည်ဟု မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များထံကသိရသည်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here