မွန်ပြည်နယ်က NLD ပါတီ ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွေကို ချိတ်ပိတ်

0
235

မွန်ပြည်နယ်က NLD ပါတီ ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွေကို ချိတ်ပိတ်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့က ပြည်နယ်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဥက္ကဋ္ဌနေ အိမ်နှင့်ဆေးခန်း ပေါင်မြို့က NLD ပါတီ၏ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်နေအိမ်တို့အား အ ကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသည်ဟုဆိုကာ ချိတ်ပိတ်ခဲ့သည်ဟု မွန်ပြည်နယ် NLD ပါတီအသိုင်းအဝိုင်းမှ သိရသည်။

ဒီဇင်ဘာ ၂၂ ရက်ညနေ ၄ နာရီခန့်က ကျိုက်ထို မြို့၊မြောက်ပိုင်းရပ်ကွက်ရှိ NLD ပါတီ၏ မွန်ပြည် နယ် ဥက္ကဋ္ဌနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၏ နေအိမ်နှင့်ဆေးခန်းအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ပေါင်မြို့၊ ပေါင်းရပ်ကွက်ရှိ NLD ပါတီ၏ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကိုလည်း နစက လုံခြုံရေးအဖွဲ့ဝင်များက ချိတ်ပိတ်ခဲ့ကြသည်။

“ချိတ်ပိတ်တဲ့အကြောင်း ရေးပြီးခြံတံခါးမှာချိတ်ထားတဲ့စာအရကတော့ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်စပ်နေလို့ ပိတ်လိုက်တာလို့တော့ရေးထားတယ် စစ်သားတွေကော ရဲတွေကော အုပ်ချုပ်ရေးပိုင်းကလူတွေကောလာပြီးပိတ်သွားကြတာ” ဟု ကျိုက်ထိုမြို့နယ်မှ NLD ပါတီဝင်များနှင့်နီး စပ်သူတစ်ဦးကပြောသည်။

ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်ဆောင်နှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူးတို့သည် ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)ဖြင့်အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသူများဖြစ်သည်။

“ချိတ်ပိတ်လိုက်တဲ့အိမ်နှစ်လုံးမှာကလူတစ်ယောက်မှမနေကြပါဘူး”ဟု NLD ပါတီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဤအဆောက်အဦးနှင့်မြေနေရာသည် အကြမ်း ဖက်အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံ တော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ ရောင်းချခြင်း ရောင်းဝယ်ခြင်းမပြုရဟူသောစာတမ်းအား နေအိမ်နှင့်ခြံတံခါးတို့တွင် ဗီနိုင်းဖြင့်ချိတ်ဆွဲထားသည်။

Zaw Gyi

မြန္ျပည္နယ္က NLD ပါတီ ဥကၠ႒နဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနအိမ္ေတြကို ခ်ိတ္ပိတ္

မြန္ျပည္နယ္၊က်ိဳက္ထိုၿမိဳ႕က ျပည္နယ္အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ ဥကၠ႒ေန အိမ္ႏွင့္ေဆးခန္း ေပါင္ၿမိဳ႕က NLD ပါတီ၏ ျပည္ နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနအိမ္တို႔အား အ ၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ေနသည္ဟုဆိုကာ ခ်ိတ္ပိတ္ခဲ့သည္ဟု မြန္ျပည္နယ္ NLD ပါတီအသိုင္းအဝိုင္းမွ သိရသည္။

ဒီဇင္ဘာ ၂၂ ရက္ညေန ၄ နာရီခန္႔က က်ိဳက္ထို ၿမိဳ႕၊ေျမာက္ပိုင္းရပ္ကြက္ရွိ NLD ပါတီ၏ မြန္ျပည္ နယ္ ဥကၠ႒ႏွင့္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္ေဆာင္၏ ေနအိမ္ႏွင့္ေဆးခန္းအား နစက ၏လုံျခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္ခ်ိတ္ပိတ္ခဲ့ျခင္းျဖစ္သည္။

အလားတူ မြန္းလြဲ ၂ နာရီခန္႔တြင္လည္း ေပါင္ၿမိဳ႕၊ ေပါင္းရပ္ကြက္ရွိ NLD ပါတီ၏ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ေဇာ္ထူး၏ ေနအိမ္ကိုလည္း နစက လုံျခဳံေရးအဖြဲ႕ဝင္မ်ားက ခ်ိတ္ပိတ္ခဲ့ၾကသည္။

“ခ်ိတ္ပိတ္တဲ့အေၾကာင္း ေရးၿပီးၿခံတံခါးမွာခ်ိတ္ထားတဲ့စာအရကေတာ့ အၾကမ္းဖက္အဖြဲ႕ေတြနဲ႔ဆက္စပ္ေနလို႔ ပိတ္လိုက္တာလို႔ေတာ့ေရးထားတယ္ စစ္သားေတြေကာ ရဲေတြေကာ အုပ္ခ်ဳပ္ေရးပိုင္းကလူေတြေကာလာၿပီးပိတ္သြားၾကတာ” ဟု က်ိဳက္ထိုၿမိဳ႕နယ္မွ NLD ပါတီဝင္မ်ားႏွင့္နီး စပ္သူတစ္ဦးကေျပာသည္။

ျပည္နယ္ NLD ပါတီ ဥကၠ႒၊ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္ေဆာင္ႏွင့္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဇာ္ေဇာ္ထူးတို႔သည္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅(က)ျဖင့္အမွုဖြင့္ခံထားရၿပီး တိမ္းေရွာင္ေနသူမ်ားျဖစ္သည္။

“ခ်ိတ္ပိတ္လိုက္တဲ့အိမ္ႏွစ္လုံးမွာကလူတစ္ေယာက္မွမေနၾကပါဘူး”ဟု NLD ပါတီႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ဤအေဆာက္အဦးႏွင့္ေျမေနရာသည္ အၾကမ္း ဖက္အဖြဲ႕အစည္းမ်ားႏွင့္ဆက္စပ္ေနသျဖင့္ နိုင္ငံ ေတာ္ပိုင္သိမ္းမည္ျဖစ္ေသာေၾကာင့္ မက်ဴးေက်ာ္ရ ေရာင္းခ်ျခင္း ေရာင္းဝယ္ျခင္းမျပဳရဟူေသာစာတမ္းအား ေနအိမ္ႏွင့္ၿခံတံခါးတို႔တြင္ ဗီနိုင္းျဖင့္ခ်ိတ္ဆြဲထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here