ရွှေညောင်မြို့မှာ ကုန်တင်ယာဥ်ရပ်နားစခန်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဆောက်လုပ်မည်

0
269

ရွှေညောင်မြို့မှာ ကုန်တင်ယာဥ်ရပ်နားစခန်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဆောက်လုပ်မည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရွှေညောင်မြို့မှာ ကုန်တင်ယာဥ်ရပ်နားစခန်းတစ်ခုကို ရှမ်းပြည်နယ်အ စိုးရအဖွဲ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အ ကောင်အထည်ဖော်ဆောက်လုပ်သွားမယ်လို့ ရှမ်းပြည်အစိုးရအဖွဲ့က သိရပါတယ်။

အဆိုပါ ကုန်တင်ယာဉ်ရပ်နားစခန်းကို ရွှေညောင်မြို့က မင်္ဂလာရပ်ကွက်၊ကွင်းအမှတ်(၈၁၆) အ ကွက်အမှတ်(က)(နန်းကွက်ကျောင်းသစ်ရပ်)မှာဆောက်လုပ်သွားမှာပါ။

အကျယ်အဝန်းက ၅ ဒသမ ၉၄၄ ဧကရှိပြီး ငွေကျပ်သန်း ၃၂၀ အသုံးပြုမှာဖြစ်သလို ဆောက် လုပ်ရေးကာလကတော့ သုံးနှစ်ဖြစ်ပါတယ်။ကုန်တင်ယာဉ်ရပ်နားစခန်းဆောက်လုပ်ပြီးရင် ကုန် စည်စီးဆင်းမှု ပိုမိုမြန်မြန်လာမှာဖြစ်သလို ယာဥ်ကြောပိတ်ဆို့မှုတွေလည်း အဆင်ပြေလာမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

ကုန်တင်ယာဉ်ရပ်နားစခန်းဆောက်လုပ်ဖို့အတွက် စက်တင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊စည်ပင်ဌာနနဲ့ Vilela, Lid Dane The CeId ကုမ္ပဏီတို့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

အလားတူပဲ အဆိုပါကုမ္ပဏီက အေးသာယာမြို့၊အမှတ်(၄)ရပ်ကွက်မှာ ငွေကျပ် ၂၀၅၃ သန်းအ သုံးပြုပြီး အဆင့်မြင့်ဆေးရုံတစ်ခုကိုလည်းဆောက်လုပ်သွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိရပါတယ်။

Zaw Gyi

ေရႊေညာင္ၿမိဳ႕မွာ ကုန္တင္ယာဥ္ရပ္နားစခန္းကို ၂၀၂၂ ခုႏွစ္မွာ စတင္ေဆာက္လုပ္မည္

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ေရႊေညာင္ၿမိဳ႕မွာ ကုန္တင္ယာဥ္ရပ္နားစခန္းတစ္ခုကို ရွမ္းျပည္နယ္အ စိုးရအဖြဲ႕က ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္တြင္ အ ေကာင္အထည္ေဖာ္ေဆာက္လုပ္သြားမယ္လို႔ ရွမ္းျပည္အစိုးရအဖြဲ႕က သိရပါတယ္။

အဆိုပါ ကုန္တင္ယာဥ္ရပ္နားစခန္းကို ေရႊေညာင္ၿမိဳ႕က မဂၤလာရပ္ကြက္၊ကြင္းအမွတ္(၈၁၆) အ ကြက္အမွတ္(က)(နန္းကြက္ေက်ာင္းသစ္ရပ္)မွာေဆာက္လုပ္သြားမွာပါ။

အက်ယ္အဝန္းက ၅ ဒသမ ၉၄၄ ဧကရွိၿပီး ေငြက်ပ္သန္း ၃၂၀ အသုံးျပဳမွာျဖစ္သလို ေဆာက္ လုပ္ေရးကာလကေတာ့ သုံးႏွစ္ျဖစ္ပါတယ္။ကုန္တင္ယာဥ္ရပ္နားစခန္းေဆာက္လုပ္ၿပီးရင္ ကုန္ စည္စီးဆင္းမွု ပိုမိုျမန္ျမန္လာမွာျဖစ္သလို ယာဥ္ေၾကာပိတ္ဆို႔မွုေတြလည္း အဆင္ေျပလာမွာျဖစ္တယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က သိရပါတယ္။

ကုန္တင္ယာဥ္ရပ္နားစခန္းေဆာက္လုပ္ဖို႔အတြက္ စက္တင္ဘာ ၃ ရက္ေန႔က ရွမ္းျပည္နယ္အစိုးရ အဖြဲ႕၊စည္ပင္ဌာနနဲ႔ Vilela, Lid Dane The CeId ကုမၸဏီတို႔ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္ပါတယ္။

အလားတူပဲ အဆိုပါကုမၸဏီက ေအးသာယာၿမိဳ႕၊အမွတ္(၄)ရပ္ကြက္မွာ ေငြက်ပ္ ၂၀၅၃ သန္းအ သုံးျပဳၿပီး အဆင့္ျမင့္ေဆး႐ုံတစ္ခုကိုလည္းေဆာက္လုပ္သြားမွာျဖစ္တယ္လို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕က သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here