ဖူးပွင့်သခင်နေအိမ်မှပစ္စည်းများခိုးယူသယ် ဆောင်ရာတွင်ပါဝင်ကူညီခဲ့​ေသာမေမြတ်နိုးရဲ့သားဖြစ်သူအားထပ်မံဖမ်းဆီးရမိ

0
261

ဖူးပွင့်သခင်နေအိမ်မှပစ္စည်းများခိုးယူသယ် ဆောင်ရာတွင်ပါဝင်ကူညီခဲ့​ေသာမေမြတ်နိုးရဲ့သားဖြစ်သူအားထပ်မံဖမ်းဆီးရမိ

ဖူးပွင့်သခင် နေအိမ်မှ ပစ္စည်းများခိုးယူသွားခဲ့တဲ့လင်မယားနှစ်ယောက်ကိုတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထန်းတပင်ရဲစခန်းမှာဖမ်းဆီးရမိခဲ့ပြီး
ခိုးရာပါ ပစ္စည်းများသယ်ဆောင်ရာမှာပါဝင်ကူညီပေးခဲ့တဲ့သူတို့ရဲ့သားဖြစ်သူ ငြိမ်းချမ်းအောင်ကိုတော့ဒီဇင်ဘာလ ၂၄ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ထပ်မံဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

အခုလိုဖမ်းဆီးရမိခဲ့တာနဲ့ပတ်သက်ပြီးဖူးပွင့်သခင်က” ဖူး ကိုစိတ်ပူပီးမေးမြန်းနေကြသောမိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းများကိုထက်မံအသိပေးစရာလေးရှိလို့ပါ ဖူး ကိုခြိမ်းခြောက်ဆဲဆိုပီးပစ္စည်းများခိုးယူသယ်ဆောင်ရာတွင်ပါဝင်သောမေမြတ်နိုး​၏သားဖြစ်သူ
ငြိမ်းချမ်းအောင်(ခေါ်)သီဟကို 24.12.2021 နေပြည်တော်ပုဗ္ဗသီရိမြို့နယ်တွင်ထက်မံဖမ်းဆီးရမိခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းများကတော့အကုန်လုံးပြန်လည်မရရှိသေးပဲဆက်လက်စစ်ဆေးနေဆဲပါ။
ဝိုင်းဝန်းကူညီရှာဖွေဖမ်းဆီးပေးကြတဲ့သက်ဆိုင်ရာလူကြီးများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်။ပြီးတော့ ပစ္စည်းများခိုးခံခဲ့ရချိန် ငွေကြေးအခက်အခဲဖြစ်နေချိန်မှာ အိမ်ထိကိုယ်တိုင်လာရောက် ငွေကြေးကူညီပေးတဲ့ မကြီးခိုင်နှင်းဝေ ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ပစ္စည်းများခိုးယူခဲ့တဲ့သူများကိုဖမ်းဆီးရမိခဲ့ပေမယ့်လည်း ပစ္စည်း များကတော့ပြန်လည်မရရှိသေးတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်​ေနတာပဲ ဖြစ်ပါတယ်။

Zaw Gyi

ဖူးပွင့်သခင်နေအိမ်မှပစ္စည်းများခိုးယူသယ် ဆောင်ရာတွင်ပါဝင်ကူညီခဲ့​သောမေမြတ်နိုးရဲ့သားဖြစ်သူအားထပ်မံဖမ်းဆီးရမိ



နေတာပဲ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here