ဖရူဆိုမြို့နယ်ဖြစ်စဥ်မှ မော်တော်ယာဥ်တစ်စီးမီးရှို့ခံရပြီး ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေဟု Save the Children မှ ထုတ်ပြန်

0
168

ဖရူဆိုမြို့နယ်ဖြစ်စဥ်မှ မော်တော်ယာဥ်တစ်စီးမီးရှို့ခံရပြီး ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေဟု Save the Children မှ ထုတ်ပြန်

ကယားပြည်နယ်၊ဖရူဆိုမြို့နယ်ရှိ မိုဆိုရွာတွင် ဒီဇင်ဘာ ၂၄ ရက်ကဖြစ်ပွားခဲ့သည့် မော်တော်ယာဥ်များနှင့်ပြည်သူများ မီးရှို့ခံရမှုဖြစ်စဥ်မှ မော်တော်ယာဥ်တစ်စီးမီးရှို့ခံရကာ ဝန်ထမ်းနှစ်ဦးပျောက်ဆုံးနေသည်ဟု Save the Children က ဒီဇင်ဘာ ၂၅ ရက်နေ့၌ထုတ်ပြန်ခဲ့သည်။

ကျွန်ုပ်တို့၏ဝန်ထမ်းနှစ်ဦးသည် အနီးအနားရှိ ရပ် ရွာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင် ရာလုပ်ငန်းများဆောင်ရွက်ပြီး၍ တာဝန်ထမ်းဆောင်ရာရုံးသို့ပြန်စဉ် အဆိုပါ တိုက်ခိုက်မှုအ ဖြစ်အပျက်နှင့်ရင်ဆိုင်ကြုံတွေ့ရပြီး ပျောက်ဆုံးလျက်ရှိသည်။ကျွန်ုပ်တို့၏ ဝန်ထမ်းစီးနင်းသော မော်တော်ယာဉ်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းအတည်ပြုချက်ရရှိခဲ့သည်။ကျွန်ုပ်တို့ ဝန်ထမ်းများ၏ အသက်အန္တရာယ်သည် လွန်စွာမှ စိုးရိမ်နေရပြီး ဝန်ထမ်းများ၏ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ထားရှိနေသည်ဟု ထုတ်ပြန်ရေးသားထားသည်။

“နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင် ရာဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်သည့် အ ကြမ်းဖက်လုပ်ရပ်ကို ကျွန်မတို့အနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း ထပ်လောင်းအသိပေးလိုပါတယ်။အပြစ်မဲ့ပြည်သူတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိတဲ့ သန်းပေါင်းများစွာသော ကလေးသူငယ်တွေကို ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိတဲ့ ကျွန်မတို့ဝန်ထမ်းတွေကို အခုလိုအကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှ ထိတ်လန့်အံ့ဩတုန်လှုပ်မိပါတယ်။ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိပြီး အကူအညီပေးရေးဝန်ထမ်းတွေကို တိုက်ခိုက်ခြင်းဟာ မည်သို့မျှလက်ခံနိုင်ဖွယ်မဟုတ်”ဟု Save the Children ၏အမှုဆောင်ချုပ် Chief Executive ဖြစ်သူ Inger Ashing က ပြောသည်။

Save the Children သည် မြန်မာနိုင်ငံ၌ ၁၉၉၅ ခုနစ်မှစတင်ကာ ကျန်းမာရေး၊အာဟာရ၊ပညာ ရေးနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ဖရူဆိုမြို့နယ်ဖြစ်စဥ်ကြောင့် ကယားပြည်နယ်၊ချင်း ပြည်နယ်၊မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားခဲ့သည်။

Zaw gyi

ဖ႐ူဆိုၿမိဳ႕နယ္ျဖစ္စဥ္မွ ေမာ္ေတာ္ယာဥ္တစ္စီးမီးရွို႔ခံရၿပီး ဝန္ထမ္းႏွစ္ဦးေပ်ာက္ဆုံးေနဟု Save the Children မွ ထုတ္ျပန္

ကယားျပည္နယ္၊ဖ႐ူဆိုၿမိဳ႕နယ္ရွိ မိုဆိုရြာတြင္ ဒီဇင္ဘာ ၂၄ ရက္ကျဖစ္ပြားခဲ့သည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ျပည္သူမ်ား မီးရွို႔ခံရမွုျဖစ္စဥ္မွ ေမာ္ေတာ္ယာဥ္တစ္စီးမီးရွို႔ခံရကာ ဝန္ထမ္းႏွစ္ဦးေပ်ာက္ဆုံးေနသည္ဟု Save the Children က ဒီဇင္ဘာ ၂၅ ရက္ေန႔၌ထုတ္ျပန္ခဲ့သည္။

ကၽြန္ုပ္တို႔၏ဝန္ထမ္းႏွစ္ဦးသည္ အနီးအနားရွိ ရပ္ ရြာမ်ားတြင္ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ ရာလုပ္ငန္းမ်ားေဆာင္ရြက္ၿပီး၍ တာဝန္ထမ္းေဆာင္ရာ႐ုံးသို႔ျပန္စဥ္ အဆိုပါ တိုက္ခိုက္မွုအ ျဖစ္အပ်က္ႏွင့္ရင္ဆိုင္ၾကဳံေတြ႕ရၿပီး ေပ်ာက္ဆုံးလ်က္ရွိသည္။ကၽြန္ုပ္တို႔၏ ဝန္ထမ္းစီးနင္းေသာ ေမာ္ေတာ္ယာဥ္မွာလည္း မီးရွို႔ဖ်က္ဆီးခံခဲ့ရေၾကာင္းအတည္ျပဳခ်က္ရရွိခဲ့သည္။ကၽြန္ုပ္တို႔ ဝန္ထမ္းမ်ား၏ အသက္အႏၲရာယ္သည္ လြန္စြာမွ စိုးရိမ္ေနရၿပီး ဝန္ထမ္းမ်ား၏ မိသားစုဝင္မ်ားႏွင့္လည္း အဆက္အသြယ္ထားရွိေနသည္ဟု ထုတ္ျပန္ေရးသားထားသည္။

“နိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမွုဆိုင္ ရာဥပေဒကို ေပၚေပၚထင္ထင္ ခ်ိဳးေဖာက္သည့္ အ ၾကမ္းဖက္လုပ္ရပ္ကို ကၽြန္မတို႔အေနနဲ႔ ျပင္းထန္စြာရွုတ္ခ်ေၾကာင္း ထပ္ေလာင္းအသိေပးလိုပါတယ္။အျပစ္မဲ့ျပည္သူေတြနဲ႔ ျမန္မာနိုင္ငံတစ္ဝန္း အကူအညီလိုအပ္လ်က္ရွိတဲ့ သန္းေပါင္းမ်ားစြာေသာ ကေလးသူငယ္ေတြကို ကူညီပံ့ပိုးေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာလုပ္ငန္းေတြ လုပ္ေဆာင္လ်က္ရွိတဲ့ ကၽြန္မတို႔ဝန္ထမ္းေတြကို အခုလိုအၾကမ္းဖက္က်ဴးလြန္မွုအေပၚ လြန္စြာမွ ထိတ္လန႔္အံ့ဩတုန္လွုပ္မိပါတယ္။ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အေသးစိတ္စုံစမ္းစစ္ေဆးလ်က္ရွိၿပီး အကူအညီေပးေရးဝန္ထမ္းေတြကို တိုက္ခိုက္ျခင္းဟာ မည္သို႔မၽွလက္ခံနိုင္ဖြယ္မဟုတ္”ဟု Save the Children ၏အမွုေဆာင္ခ်ဳပ္ Chief Executive ျဖစ္သူ Inger Ashing က ေျပာသည္။

Save the Children သည္ ျမန္မာနိုင္ငံ၌ ၁၉၉၅ ခုနစ္မွစတင္ကာ က်န္းမာေရး၊အာဟာရ၊ပညာ ေရးႏွင့္ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး စီမံခ်က္လုပ္ငန္းမ်ားကို လုပ္ကိုင္လ်က္ရွိၿပီး ဖ႐ူဆိုၿမိဳ႕နယ္ျဖစ္စဥ္ေၾကာင့္ ကယားျပည္နယ္၊ခ်င္း ျပည္နယ္၊မေကြးတိုင္းေဒသႀကီးရွိ ေဒသအခ်ိဳ႕ႏွင့္ ကရင္ျပည္နယ္ရွိ စီမံကိန္းမ်ားကို ယာယီရပ္ဆိုင္းထားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here