ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်များမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကိုဗစ်(၁၉)ကြောင့်ပိတ်ထားသည့် လများမှလွဲ၍ အမေရိကန်ဒေါ်လာ ၁၆၉၁ ဒသမ ၄၈၅ သန်းဖိုးကုန် သွယ်နိုင်ခဲ့

0
194

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်များမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကိုဗစ်(၁၉)ကြောင့်ပိတ်ထားသည့် လများမှလွဲ၍ အမေရိကန်ဒေါ်လာ ၁၆၉၁ ဒသမ ၄၈၅ သန်းဖိုးကုန် သွယ်နိုင်ခဲ့

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မြဝတီ၊တာချီလိတ်၊ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင်နှင့်မယ်ဆတ် ကုန်သွယ်ရေးစခန်း ခုနှစ်ခုအနက် ပိတ်ထားဆဲ နယ်စပ်ကုန်သွယ်ရေးစခန်း မယ်ဆတ်မှလွဲ၍ ကျန်ကုန်သွယ်ရေးစခန်း ခြောက်ခုမှ ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီပိတ်ခဲ့သည့်လများမှလွဲ၍ အမေရိကန်ဒေါ်လာ ၁၆၉၁ ဒသမ ၄၈၅ သန်းကိုကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊မူဝါဒဌာနခွဲမှ စာ ရင်းများအရ သိရသည်။

“လက်ရှိ ကိုဗစ်ကာလမှာတော့ လုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့စခန်းတွေရှိသလို မဆောင်ရွက်နိုင်တဲ့စခန်းတစ်ခုလည်းရှိပါတယ် ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုနှုန်းများနေတဲ့ကာလမှာ ကုန် သွယ်မှုတွေယာယီရပ်ဆိုင်းခဲ့ပေမယ့်လည်း စက် တင်ဘာ ၁ ရက်ကစပြီး နှစ်နိုင်ငံကုန်သွယ်မှုလုပ် ငန်းတွေပြန်လည်ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု မူဝါဌာနခွဲမှ ညွှန်ကြားရေးမှူးဦးဝင်းလွင်ကပြော သည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့၊ချုပ်ပြီးအထည်များ၊မြေပဲဆံ၊ငရုတ်သီးခြောက်နှင့်ပဲတီစိမ်းတို့ကို အများဆုံးတင်ပို့လျက်ရှိပြီး ချည်ထည်ပစ္စည်းများ၊ဆိုငိကယ်အပိုပစ္စည်းများ၊ဆေးဝါးပစ္စည်းများနှင့်ဓာတ်မြေသြဇာတို့ကို အများဆုံးတင်သွင်းလျက်ရှိသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပြောင်းဖူးစေ့၊ဝဥခြောက်၊ရာဘာ၊ရာဘာစေးနှင့်ကြက်သွန်တို့ကို အများဆုံးတင်ပို့ပြီး ဘိလပ်မြေ၊ရေနံထွက်ပစ္စည်းများ၊သံနှင့်သံမဏိ၊ဆောက်လုပ်ရေးပစ္စည်းများ၊သတ္တုမှအပ တွင်းထွက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ငါးမျိုးစုံ၊ကင်း မွန်၊ပုဇွန်၊ဂဏန်းနှင့်ငါးရှဥ့် တို့ကိုအဓိကတင်ပို့၍ ဘိလပ်မြေ၊ဆိုင်ကယ်အပိုပစ္စည်းများ၊ရေနံထွက်ပစ္စည်းများ၊သံနှင့်သံမဏိပ္စည်းများအား တင်သွင်းလျက်ရှိသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ရာဘာ၊ငါးမျိုးစုံ၊သ တ္တုနှင့်သတ္တုရိုင်းများ၊ကင်းမွန်၊ပုဇွန်နှင့်ဂဏန်းအရှင်များအား တင်ပို့ကာ ရေနံထွက်ပစ္စည်းများ၊ဘိလပ်မြေ၊နို့ဆီ၊အင်ဂျင်စက်နှင့်စက်ပစ္စည်းများကို တင်သွင်းလျက်ရှိသည်။

ထီးခီးကုန်သွယ်ရေးစခန်းမှ သဘာဝဓာတ်ငွေ့ကိုအဓိကတင်ပို့ပြီး ကြက်သွန်နီ၊ကင်းမွန်၊ရေငံငါးမျိုးစုံ၊ဂဏန်း၊ပုဇွန်နှင့်ပြောင်းဖူးစေ့များကိုတင်ပို့လျက်ရှိကာ စက်နှင့်စက်ပစ္စည်းများ၊သံနှင့်သံမ ဏိပစ္စည်းများ၊ဓာတုဗေဒပစ္စည်းများနှင့်မီးရထားနှင့်ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း ညွှန်ကြားရေးမှူးဦးဝင်းလွင်ကပြော သည်။

Zaw Gyi

ထိုင္း-ျမန္မာနယ္စပ္ကုန္သြယ္ေရးဇုန္မ်ားမွ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္တြင္ ကိုဗစ္(၁၉)ေၾကာင့္ပိတ္ထားသည့္ လမ်ားမွလြဲ၍ အေမရိကန္ေဒၚလာ ၁၆၉၁ ဒသမ ၄၈၅ သန္းဖိုးကုန္ သြယ္နိုင္ခဲ့

ထိုင္း-ျမန္မာနယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ ျမဝတီ၊တာခ်ီလိတ္၊ေကာ့ေသာင္း၊ၿမိတ္၊ထီးခီး၊ေမာေတာင္ႏွင့္မယ္ဆတ္ ကုန္သြယ္ေရးစခန္း ခုႏွစ္ခုအနက္ ပိတ္ထားဆဲ နယ္စပ္ကုန္သြယ္ေရးစခန္း မယ္ဆတ္မွလြဲ၍ က်န္ကုန္သြယ္ေရးစခန္း ေျခာက္ခုမွ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ယာယီပိတ္ခဲ့သည့္လမ်ားမွလြဲ၍ အေမရိကန္ေဒၚလာ ၁၆၉၁ ဒသမ ၄၈၅ သန္းကိုကုန္သြယ္မွုျပဳလုပ္နိုင္ခဲ့ေၾကာင္း ကုန္သြယ္ေရးဦးစီးဌာန၊မူဝါဒဌာနခြဲမွ စာ ရင္းမ်ားအရ သိရသည္။

“လက္ရွိ ကိုဗစ္ကာလမွာေတာ့ လုပ္ငန္းေတြေဆာင္ရြက္နိုင္တဲ့စခန္းေတြရွိသလို မေဆာင္ရြက္နိုင္တဲ့စခန္းတစ္ခုလည္းရွိပါတယ္ ကိုဗစ္(၁၉) ေရာဂါျဖစ္ပြားမွုႏွုန္းမ်ားေနတဲ့ကာလမွာ ကုန္ သြယ္မွုေတြယာယီရပ္ဆိုင္းခဲ့ေပမယ့္လည္း စက္ တင္ဘာ ၁ ရက္ကစၿပီး ႏွစ္နိုင္ငံကုန္သြယ္မွုလုပ္ ငန္းေတြျပန္လည္ေဆာင္ရြက္နိုင္ခဲ့ပါတယ္”ဟု မူဝါဌာနခြဲမွ ညႊန္ၾကားေရးမွူးဦးဝင္းလြင္ကေျပာ သည္။

ျမဝတီကုန္သြယ္ေရးဇုန္မွ ေျပာင္းဖူးေစ့၊ခ်ဳပ္ၿပီးအထည္မ်ား၊ေျမပဲဆံ၊င႐ုတ္သီးေျခာက္ႏွင့္ပဲတီစိမ္းတို႔ကို အမ်ားဆုံးတင္ပို႔လ်က္ရွိၿပီး ခ်ည္ထည္ပစၥည္းမ်ား၊ဆိုငိကယ္အပိုပစၥည္းမ်ား၊ေဆးဝါးပစၥည္းမ်ားႏွင့္ဓာတ္ေျမၾသဇာတို႔ကို အမ်ားဆုံးတင္သြင္းလ်က္ရွိသည္။

တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ေျပာင္းဖူးေစ့၊ဝဥေျခာက္၊ရာဘာ၊ရာဘာေစးႏွင့္ၾကက္သြန္တို႔ကို အမ်ားဆုံးတင္ပို႔ၿပီး ဘိလပ္ေျမ၊ေရနံထြက္ပစၥည္းမ်ား၊သံႏွင့္သံမဏိ၊ေဆာက္လုပ္ေရးပစၥည္းမ်ား၊သတၱဳမွအပ တြင္းထြက္ပစၥည္းမ်ားကို တင္သြင္းလ်က္ရွိသည္။

ေကာ့ေသာင္းကုန္သြယ္ေရးစခန္းမွ ငါးမ်ိဳးစုံ၊ကင္း မြန္၊ပုဇြန္၊ဂဏန္းႏွင့္ငါးရွဥ့္ တို႔ကိုအဓိကတင္ပို႔၍ ဘိလပ္ေျမ၊ဆိုင္ကယ္အပိုပစၥည္းမ်ား၊ေရနံထြက္ပစၥည္းမ်ား၊သံႏွင့္သံမဏိပၥည္းမ်ားအား တင္သြင္းလ်က္ရွိသည္။

ၿမိတ္ကုန္သြယ္ေရးစခန္းမွ ရာဘာ၊ငါးမ်ိဳးစုံ၊သ တၱဳႏွင့္သတၱဳရိုင္းမ်ား၊ကင္းမြန္၊ပုဇြန္ႏွင့္ဂဏန္းအရွင္မ်ားအား တင္ပို႔ကာ ေရနံထြက္ပစၥည္းမ်ား၊ဘိလပ္ေျမ၊နို႔ဆီ၊အင္ဂ်င္စက္ႏွင့္စက္ပစၥည္းမ်ားကို တင္သြင္းလ်က္ရွိသည္။

ထီးခီးကုန္သြယ္ေရးစခန္းမွ သဘာဝဓာတ္ေငြ႕ကိုအဓိကတင္ပို႔ၿပီး ၾကက္သြန္နီ၊ကင္းမြန္၊ေရငံငါးမ်ိဳးစုံ၊ဂဏန္း၊ပုဇြန္ႏွင့္ေျပာင္းဖူးေစ့မ်ားကိုတင္ပို႔လ်က္ရွိကာ စက္ႏွင့္စက္ပစၥည္းမ်ား၊သံႏွင့္သံမ ဏိပစၥည္းမ်ား၊ဓာတုေဗဒပစၥည္းမ်ားႏွင့္မီးရထားႏွင့္ပတ္သက္သည့္ပစၥည္းမ်ားကို တင္သြင္းလ်က္ရွိေၾကာင္း ညႊန္ၾကားေရးမွူးဦးဝင္းလြင္ကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here