နတ်တလင်းမြို့က နတ်တလင်းမြို့မရဲစခန်းဘေး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
425

နတ်တလင်းမြို့က နတ်တလင်းမြို့မရဲစခန်းဘေး လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံရ

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊နတ်တလင်းမြို့၊မြို့မရပ်ကွက်၊ဗိုလ်ရုံလမ်းရှိ နတ်လင်းမြို့မရဲစခန်းဘေးတွင် ဒီဇင်ဘာ ၂၅ ရက်ည ၇ နာရီခန့်က လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဗုံးပေါက်သံတစ်ချက်ကြားလိုက်တယ် ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့မရှိခဲ့ဘူး ဒဏ်ရာရသူတွေသာရှိမယ်ဆိုရင် လူနာတင်ကားတွေဝင်သွားကြမှာပဲလေ တစ်စီးမှဝင်သွားတာမတွေ့ဘူး ရဲစခန်းဖြစ်နေတော့ကျွန်တော်တို့လည်း သွားမကြည့်ရဲဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရဲစခန်းအား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြပြီး လမ်းများကိုပိတ်ဆို့၍ စစ်ဆေးမှုများလည်းလုပ်ဆောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

“ပေါက်ကွဲတဲ့အသံကြားတဲ့အချိန် အကုန်လုံးထပြေးကြတာပဲ စခန်းနားမှာလည်းအဲ့အချိန်ကလူတွေအတော်များများရှိနေတယ် ဘာမှမဖြစ်သွားကြတာတော်သေးတယ်ပြောရမယ်”ဟုဒေသခံတစ်ဦးကပြောသည်။

နတ္တလင္းၿမိဳ႕က နတ္တလင္းၿမိဳ႕မရဲစခန္းေဘး လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ခံရ

ပဲခူးတိုင္း၊သာယာဝတီခရိုင္၊နတ္တလင္းၿမိဳ႕၊ၿမိဳ႕မရပ္ကြက္၊ဗိုလ္႐ုံလမ္းရွိ နတ္လင္းၿမိဳ႕မရဲစခန္းေဘးတြင္ ဒီဇင္ဘာ ၂၅ ရက္ည ၇ နာရီခန္႔က လက္ပစ္ဗုံးျဖင့္ပစ္ေပါက္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ဗုံးေပါက္သံတစ္ခ်က္ၾကားလိုက္တယ္ ထိခိုက္ဒဏ္ရာရတဲ့သူေတြေတာ့မရွိခဲ့ဘူး ဒဏ္ရာရသူေတြသာရွိမယ္ဆိုရင္ လူနာတင္ကားေတြဝင္သြားၾကမွာပဲေလ တစ္စီးမွဝင္သြားတာမေတြ႕ဘူး ရဲစခန္းျဖစ္ေနေတာ့ကၽြန္ေတာ္တို႔လည္း သြားမၾကည့္ရဲဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲမွုျဖစ္ပြားခဲ့သည့္ ရဲစခန္းအား လုံျခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးခဲ့ၾကၿပီး လမ္းမ်ားကိုပိတ္ဆို႔၍ စစ္ေဆးမွုမ်ားလည္းလုပ္ေဆာင္ခဲ့ၾကေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ေပါက္ကြဲတဲ့အသံၾကားတဲ့အခ်ိန္ အကုန္လုံးထေျပးၾကတာပဲ စခန္းနားမွာလည္းအဲ့အခ်ိန္ကလူေတြအေတာ္မ်ားမ်ားရွိေနတယ္ ဘာမွမျဖစ္သြားၾကတာေတာ္ေသးတယ္ေျပာရမယ္”ဟုေဒသခံတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here