“ဘောလုံးအားကစားသည် နိုင်ငံ၏အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်မည်ဖြစ်၍ အချိန်ယူလေ့ကျင့်ရန်လိုအပ်”ဟု နစက ဥက္ကဋ္ဌပြောကြား

0
215

(Unicode)

“ဘောလုံးအားကစားသည် နိုင်ငံ၏အားကစားအဆင့်အတန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်မည်ဖြစ်၍ အချိန်ယူလေ့ကျင့်ရန်လိုအပ်”ဟု နစက ဥက္ကဋ္ဌပြောကြား

ဘောလုံးအားကစားကို ငယ်စဉ်ကတည်းကပြုစုပျိုးထောင်ရန်လိုအပ်သည်နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံဘော လုံးအဖွဲချုပ်၊သုဝဏ္ဏဘောလုံးအားကစားကွင်းသို့သွားရောက်ကြည့်ရှုစဥ် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့်တွေ့ဆုံ ပြီး ပြော ခဲ့ သည်။

“ဘောလုံးအားကစားဟာ ကမ္ဘာမှာထင်ရှားပြီး ပရိသတ်အများအပြားအားပေးတဲ့ အားကစားတစ်ခုဖြစ်တဲ့အပြင် နိုင်ငံရဲ့အားကစားအဆင့်အ တန်းကိုလည်း အလွယ်တကူတွေ့မြင်နိုင်လို့ အ ချိန်ယူလေ့ကျင့်ရန် လိုအပ်တာကြောင့် ငယ်စဉ်ကတည်းကပြုစုပျိုးထောင်ဖို့လိုအပ်တယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ပြုစုပျိုးထောင်ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်တို့ ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ပြီး မျိုးဆက်ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးအတွက် ငယ်ရွယ်စဉ်ကတည်းကပင် ပြုစုပျိုးထောင်မြေတောင် မြှောက်ပေးရန် လိုအပ်မည်ဟု ဦးဇော်ဇော်နှင့်တာဝန်ရှိသူများအား ပြောသည်။

အလားတူ သုဝဏ္ဏဘောလုံးအားကစားကွင်းအား ဘောလုံးအားကစားတစ်ခုတည်းအတွက်သာမက ပြေးခုန်ပစ်နှင့်အခြားအားစားနည်းများကိုပါ လေ့ ကျင့်ခြင်းနှင့်ပြိုင်ပွဲများယှဉ်ပြိုင်ခြင်းများ ဆောင် ရွက်နိုင်စေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်၍ အကျိုးရှိစွာလေ့ကျင့်ဆောင်ရွက်ကြရမည်ဖြစ်ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က နစက ဥက္ကဋ္ဌအား သုဝဏ္ဏဘောလုံးအားကစားကွင်းသမိုင်းအကျဉ်းနှင့် ပြုပြင်ထိန်းသိမ်းဆောင် ရွက်ထားရှိမှုများ၊လေ့ကျင့်ရေးကွင်းများထပ်မံတည်ဆောက်ထားရှိမှု၊မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများနှင့်နိုင်ငံတကာအားကစားပြိုင်ပွဲများ လက်ခံကျင်းပခဲ့မှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဥက္ကဋ္ဌဦးဇော်ဇော်သည် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သတင်းများထွက်ပေါ်ခဲ့ရာမှ ဒီဇင်ဘာ ၂၆ ရက်တွင် နစက ဥက္ကဋ္ဌအား သုဝဏ္ဏဘောလုံးအားကစားကွင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာမှ လူမြင်ကွင်းသို့ ပြန်ထွက်လာခြင်းဖြစ်သည်။

(Zawgyi)

“ေဘာလုံးအားကစားသည္ ႏိုင္ငံ၏အားကစားအဆင့္အတန္းကိုလည္း အလြယ္တကူေတြ႕ျမင္ႏိုင္မည္ျဖစ္၍ အခ်ိန္ယူေလ့က်င့္ရန္လိုအပ္”ဟု နစက ဥကၠ႒ေျပာၾကား

ေဘာလုံးအားကစားကို ငယ္စဥ္ကတည္းကျပဳစုပ်ိဳးေထာင္ရန္လိုအပ္သည္ႏွင့္ပတ္သက္၍ နစက ဥကၠ႒မွ ဒီဇင္ဘာ ၂၆ ရက္က ျမန္မာႏိုင္ငံေဘာ လုံးအဖြဲခ်ဳပ္၊သုဝဏၰေဘာလုံးအားကစားကြင္းသို႔သြားေရာက္ၾကည့္ရႈစဥ္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ ဥကၠ႒ဦးေဇာ္ေဇာ္ႏွင့္ေတြ႕ဆုံ ၿပီး ေျပာ ခဲ့ သည္။

“ေဘာလုံးအားကစားဟာ ကမာၻမွာထင္ရွားၿပီး ပရိသတ္အမ်ားအျပားအားေပးတဲ့ အားကစားတစ္ခုျဖစ္တဲ့အျပင္ ႏိုင္ငံရဲ႕အားကစားအဆင့္အ တန္းကိုလည္း အလြယ္တကူေတြ႕ျမင္ႏိုင္လို႔ အ ခ်ိန္ယူေလ့က်င့္ရန္ လိုအပ္တာေၾကာင့္ ငယ္စဥ္ကတည္းကျပဳစုပ်ိဳးေထာင္ဖို႔လိုအပ္တယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ထိုသို႔ ျပဳစုပ်ိဳးေထာင္ရာတြင္ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာန၊ပညာေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္တို႔ ပူးေပါင္းေဆာင္ ႐ြက္ရမည္ျဖစ္ၿပီး မ်ိဳးဆက္ေဘာလုံးအားကစားသမားမ်ားေပၚထြက္လာေစေရးအတြက္ ငယ္႐ြယ္စဥ္ကတည္းကပင္ ျပဳစုပ်ိဳးေထာင္ေျမေတာင္ ေျမႇာက္ေပးရန္ လိုအပ္မည္ဟု ဦးေဇာ္ေဇာ္ႏွင့္တာဝန္ရွိသူမ်ားအား ေျပာသည္။

အလားတူ သုဝဏၰေဘာလုံးအားကစားကြင္းအား ေဘာလုံးအားကစားတစ္ခုတည္းအတြက္သာမက ေျပးခုန္ပစ္ႏွင့္အျခားအားစားနည္းမ်ားကိုပါ ေလ့ က်င့္ျခင္းႏွင့္ၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္ျခင္းမ်ား ေဆာင္ ႐ြက္ႏိုင္ေစရန္ ရည္႐ြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္၍ အက်ိဳးရွိစြာေလ့က်င့္ေဆာင္႐ြက္ၾကရမည္ျဖစ္ဟု နစက ဥကၠ႒ကေျပာသည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ ဥကၠ႒ဦးေဇာ္ေဇာ္က နစက ဥကၠ႒အား သုဝဏၰေဘာလုံးအားကစားကြင္းသမိုင္းအက်ဥ္းႏွင့္ ျပဳျပင္ထိန္းသိမ္းေဆာင္ ႐ြက္ထားရွိမႈမ်ား၊ေလ့က်င့္ေရးကြင္းမ်ားထပ္မံတည္ေဆာက္ထားရွိမႈ၊ျမန္မာေနရွင္နယ္လိဂ္ ေဘာလုံးၿပိဳင္ပြဲမ်ားႏွင့္ႏိုင္ငံတကာအားကစားၿပိဳင္ပြဲမ်ား လက္ခံက်င္းပခဲ့မႈတို႔ကို ရွင္းလင္းေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံေဘာလုံးအဖြဲခ်ဳပ္ ဥကၠ႒ဦးေဇာ္ေဇာ္သည္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ပိုင္းမွစ၍ ဖမ္းဆီးထိန္းသိမ္းခံထားရသည္ဟု သတင္းမ်ားထြက္ေပၚခဲ့ရာမွ ဒီဇင္ဘာ ၂၆ ရက္တြင္ နစက ဥကၠ႒အား သုဝဏၰေဘာလုံးအားကစားကြင္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားရာမွ လူျမင္ကြင္းသို႔ ျပန္ထြက္လာျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here