ဩစတေးလျတွင် Omicron ကူးစက်ခံရသည့်လူနာ ပထမဆုံးသေဆုံး

0
110

(Unicode)

ဩစတေးလျတွင် Omicron ကူးစက်ခံရသည့်လူနာ ပထမဆုံးသေဆုံး

ဩစတေးလျမှာ ကိုဗစ်၁၉နေ့စဉ်ကူးစက်မှု မြင့်တက်နေပြီး Omicron လူနာပထမဆုံးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၂၇ရက်နေ့(တနင်္လာ)မှာ အာ ဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေဟာ ဆေးရုံတက်ရနှုန်းနည်းပါးသေးတယ်ဟု ယူဆကာ ကန့်သတ် ခြင်းအသစ်တွေကိုချမှတ်ခြင်းမပြုခဲ့ပါဘူး။

ကျန်းမာရေးအခြေအနေကြောင့် အသက် ၈၀ အရွယ်အမျိုးသားတစ်ဦးသေဆုံးမှုဟာ တိုင်း ပြည်အတွက် ဆိုးရွားတဲ့မှတ်တိုင်တစ်ခုဖြစ်ပြီး
၂နှစ်နီးပါး Lockdown ချပြီး ပြန်လည်ဖွင့်လှစ် လိုက်တဲ့ တချို့အရာတွေကိုတော့ ပြန်ပြီးရပ် နားထားပါတယ်။

ယခင်မျိုးကွဲထက်ပိုမိုးကူးစက်တတ်ပြီး ပြင်းထန်မှုနည်းပါးသည်ဟု ကျန်းမာကျွမ်းကျင်သူများက သတ်မှတ်ထားသည့် Omicron မျိုးကွဲဟာ ပြည်တွင်းနယ်နိမိတ်အများစုကို ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်သည်နှင့်အမျှ နိုင်ငံတွင်းမှာ စတင်ပျံ့နှံ့လာခဲ့ပါတယ်။

ဒါ့အပြင် ပြည်ပရောက်ဩစတေးလျနိုင်ငံသားတွေကို ကွာရန်တင်းဝင်စရာမလိုပဲ နိုင်ငံတွင်း ဝင်ခွင့်ပြုတဲ့အချိန်မှာ ကပ်ရောဖြစ်ပွါးမှုဟာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

အာဏာပိုင်တွေဟာ Omicron လူနာသေဆုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း အဆိုပါအမျိုးသားဟာ သက်ကြီးရွယ်အို စောင့်ရှောက် ရေးဂေဟာတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆစ်ဒနီဆေးရုံတွင် သေဆုံးခဲ့ကြောင်း အာဏာပိုင် တွေက ပြောခဲ့ပါတယ်။

“ဒါဟာ New South Wales ပြည်နယ်မှာ Omicron မျိုးကွဲနဲ့ဆက်စပ်နေတဲ့ ပထမဆုံး လူ သိများတဲ့ သေဆုံးမှုပါပဲ”လို့ New South Wales ကျန်းမာရေးကူးစက်ရောဂါပညာရှင် Christine Selvey က အစိုးရမှ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာပြောကြားခဲ့ပါတယ်။

ဩစတေးလျအစိုးရဟာ ကူးစက်မှုတွေများလာသော်လည်း Lockdown ပြုလုပ်ဖို့ကို ငြင်းဆန် ထားပြီး ကန့်သတ်ချက်အချို့ကိုတော့ ပြန်လည် ချမှတ်ခဲ့ပါတယ်။

တနင်္လာနေ့ကစပြီး New South Wales ပြည်နယ်မှာ QR ကုဒ်နဲ့ အများပြည်သူနေရာတွေမှာ မဖြစ်မနေစစ်ဆေးရမှာဖြစ်ပြီး အခြားပြည်နယ် အများအပြားမှာတော့ညအများပြည်သူနေရာတွေမှာ မဖြစ်မနေ mask တပ်ဆင်ဖို့ ထုတ်ပြန် ထားပါတယ်။

Ref:CNA/Australia records first Omicron COVID-19 death, authorities stick to reopening plan

Photo credit-Reuters

(Zawgyi)

ဩစေတးလ်တြင္ Omicron ကူးစက္ခံရသည့္လူနာ ပထမဆုံးေသဆုံး

ဩစေတးလ်မွာ ကိုဗစ္၁၉ေန႔စဥ္ကူးစက္မႈ ျမင့္တက္ေနၿပီး Omicron လူနာပထမဆုံးေသဆုံးခဲ့ေၾကာင္း ဒီဇင္ဘာ ၂၇ရက္ေန႔(တနလၤာ)မွာ အာ ဏာပိုင္ေတြက ေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ အာဏာပိုင္ေတြဟာ ေဆး႐ုံတက္ရႏႈန္းနည္းပါးေသးတယ္ဟု ယူဆကာ ကန္႔သတ္ ျခင္းအသစ္ေတြကိုခ်မွတ္ျခင္းမျပဳခဲ့ပါဘူး။

က်န္းမာေရးအေျခအေနေၾကာင့္ အသက္ ၈၀ အ႐ြယ္အမ်ိဳးသားတစ္ဦးေသဆုံးမႈဟာ တိုင္း ျပည္အတြက္ ဆိုး႐ြားတဲ့မွတ္တိုင္တစ္ခုျဖစ္ၿပီး
၂ႏွစ္နီးပါး Lockdown ခ်ၿပီး ျပန္လည္ဖြင့္လွစ္ လိုက္တဲ့ တခ်ိဳ႕အရာေတြကိုေတာ့ ျပန္ၿပီးရပ္ နားထားပါတယ္။

ယခင္မ်ိဳးကြဲထက္ပိုမိုးကူးစက္တတ္ၿပီး ျပင္းထန္မႈနည္းပါးသည္ဟု က်န္းမာကြၽမ္းက်င္သူမ်ားက သတ္မွတ္ထားသည့္ Omicron မ်ိဳးကြဲဟာ ျပည္တြင္းနယ္နိမိတ္အမ်ားစုကို ကန္႔သတ္ခ်က္ေတြ ႐ုတ္သိမ္းလိုက္သည္ႏွင့္အမွ် ႏိုင္ငံတြင္းမွာ စတင္ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။

ဒါ့အျပင္ ျပည္ပေရာက္ဩစေတးလ်ႏိုင္ငံသားေတြကို ကြာရန္တင္းဝင္စရာမလိုပဲ ႏိုင္ငံတြင္း ဝင္ခြင့္ျပဳတဲ့အခ်ိန္မွာ ကပ္ေရာျဖစ္ပြါးမႈဟာ အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။

အာဏာပိုင္ေတြဟာ Omicron လူနာေသဆုံးမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္းမရွိေပမယ့္လည္း အဆိုပါအမ်ိဳးသားဟာ သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ ေရးေဂဟာတြင္ ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ဆစ္ဒနီေဆး႐ုံတြင္ ေသဆုံးခဲ့ေၾကာင္း အာဏာပိုင္ ေတြက ေျပာခဲ့ပါတယ္။

“ဒါဟာ New South Wales ျပည္နယ္မွာ Omicron မ်ိဳးကြဲနဲ႔ဆက္စပ္ေနတဲ့ ပထမဆုံး လူ သိမ်ားတဲ့ ေသဆုံးမႈပါပဲ”လို႔ New South Wales က်န္းမာေရးကူးစက္ေရာဂါပညာရွင္ Christine Selvey က အစိုးရမွ ထုတ္ျပန္ခဲ့တဲ့ ဗီဒီယိုမွာေျပာၾကားခဲ့ပါတယ္။

ဩစေတးလ်အစိုးရဟာ ကူးစက္မႈေတြမ်ားလာေသာ္လည္း Lockdown ျပဳလုပ္ဖို႔ကို ျငင္းဆန္ ထားၿပီး ကန္႔သတ္ခ်က္အခ်ိဳ႕ကိုေတာ့ ျပန္လည္ ခ်မွတ္ခဲ့ပါတယ္။

တနလၤာေန႔ကစၿပီး New South Wales ျပည္နယ္မွာ QR ကုဒ္နဲ႔ အမ်ားျပည္သူေနရာေတြမွာ မျဖစ္မေနစစ္ေဆးရမွာျဖစ္ၿပီး အျခားျပည္နယ္ အမ်ားအျပားမွာေတာ့ညအမ်ားျပည္သူေနရာေတြမွာ မျဖစ္မေန mask တပ္ဆင္ဖို႔ ထုတ္ျပန္ ထားပါတယ္။

Ref:CNA/Australia records first Omicron COVID-19 death, authorities stick to reopening plan

Photo credit-Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here