အနုပညာရှင်တို့ ခြေချမိလာသော ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်

0
100

saisais

အနုပညာရှင်အတော်များများ အခု နှစ်ပိုင်းထဲမှာ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေထုတ်လုပ်လာကြတာကို တွေ့လာရပြီး အခုလိုထုတ်လုပ်ဖြစ်တာမှာ လည်း ရည်ရွယ်ချက်အမျိုးမျိုး ကိုယ်စီရှိနေကြပါတယ်။ အနုပညာရှင်တွေက သူတို့ကိုချစ်တဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ထုတ်ကုန်ပစ္စည်းလေးတွေကို ပြုလုပ်လာကြတာဖြစ်ပြီး အနုပညာရှင်တွေရဲ့ ကျော်ကြားမှု အရှိန်အဝါကြောင့် ထုတ်ကုန်ပစ္စည်း တွေဟာလည်း အထူးတလည် မိတ်ဆက်နေစရာ၊ ကြော်ငြာနေစရာ မလို တော့ဘဲနဲ့ ပရိသတ်တွေရဲ့ အာရုံစူး စိုက်မှုကို အပြည့်အဝရရှိနေခဲ့တယ်ဆိုတာကတော့ ငြင်းလို့မရနိုင်တဲ့ အချက်ပါ။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်နဲ့ လူလတ်ပိုင်းတို့ရဲ့အသည်းကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ထုတ်လုပ်ရောင်းချလာတဲ့ SAI( Sexy and Intelligent) အမှတ် တံဆိပ်နှုတ်ခမ်းနီဟာဆိုရင် မရောင်းချခင်ကတည်းက ကျော်ကြားနေခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း သူထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေးပိုင်းကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတယ်ဆိုတာ ကိုရီးယားနိုင်ငံမှာ စမ်းသပ်မှုသုတေသနတွေလုပ်ပြီး စစ်ဆေးအတည်ပြုထားတယ်ဆိုတဲ့အကြောင်းက သက်သေအဖြစ်ပြ နေပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာအလှကုန်ပစ္စည်း ထုတ်လုပ် မှုအရည်အသွေးမြင့်တဲ့ ထိပ်တန်းနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI( Sexy and Intelligent) အမှတ်တံဆိပ် နှုတ်ခမ်းနီဟာ မြန်မာနိုင်ငံရဲ့ FDA အသိအမှတ်ပြု ကိုရယူထားတဲ့ ကုန်ပစ္စည်းတစ်ခု လည်းဖြစ်ပါတယ်။

” ကွာလတီအပိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ နိုင်ငံတကာက အနုပညာရှင်ကျော် ကြားသူတွေက သူတို့ဈေးကွက်နဲ့ ကိုက်ညီမယ့်အမှတ်တံဆိပ် ကုန်ပစ္စည်းအမျိုးအစား အစုံအလင်ကိုထုတ်တယ်လို့ ကျွန်တော်လေ့လာ သိရှိရပါတယ်။ ဥပမာတစ်ခုပေးရရင် ROCK & ROLL ဘုရင်ကြီး အဲဗစ်ပရက်စလေကလည်း သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ နှုတ်ခမ်းနီထုတ်ခဲ့ဖူးတာမျိုးကို ကျွန်တော်ဗဟုသုတအဖြစ် လေ့လာသိရှိဖူးပါတယ်။ ဒီဥပမာအရ နိုင်ငံတကာမှာလည်း အနုပညာရှင်တွေက အမျိုးသားသုံး ပစ္စည်းလည်း ထုတ်သလို အမျိုးသမီးသုံးပစ္စည်းတွေလည်း ထုတ်ခဲ့ကြပါတယ်။ အခုနှုတ်ခမ်းနီကတော့ ကျွန်တော့်ပရိသတ် မိန်းကလေးတွေ အားလုံးကို ရည်ရွယ်ပါတယ်။ ကျွန်တော့် ပရိသတ်ယောကျာ်းလေး တွေလည်း သူတို့ချစ်သူကောင် မလေးတွေကို လက်ဆောင်ပေးလို့ ရပါတယ်။ အရိုးသားဆုံး ဝန်ခံရရင် စီးပွားရေးအတွက် ရည်မှန်းချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ လော လောဆယ်မှာ တခြားပစ္စည်းတွေ ထုတ်နိုင်ဖို့အတွက် အင်အားလည်း မရှိသေးပါဘူး။ ငွေရေးကြေးရေး အရင်းအနှီးလည်း မရှိသေးပါဘူး။ ဒါကြောင့် ပထမဦးဆုံးခြေလှမ်း အနေနဲ့ နှုတ်ခမ်းနီကို ထုတ် ဖြစ်တာပါ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပြပါ တယ်။

မြန်မာပြည်တစ်ဝန်းက ပရိသတ်တွေက ချစ်စနိုးနဲ့ ကစ်ကစ်လို့ အမြဲတမ်း အားပါးတရ အခေါ်ခံ ရတဲ့ နာမည်ကျော်မင်းသမီး အကယ် ဒမီဝတ်မှုံရွှေရည်ကလည်း သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်တွေနဲ့ ခေါင်းအုံး ၊ ဖန်စီပစ္စည်း လက်ဝတ်ရတနာ၊ မီနီကစ်ကစ်အရုပ်လေးတွေ၊ လက် ကိုင်ပဝါတွေကို သူ့ရဲ့ပရိသတ်တွေ အတွက် ရောင်းချပေးခဲ့တာတွေရှိပါတယ်။

နာမည်ကျော် သရုပ်ဆောင် မင်းသွေးကလည်း မကြာသေးခင်က သူရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ပါ (MT) တံဆိပ် ဦးထုပ်နဲ့ ပဝါတွေကို အောက်တိုဘာလကုန်ကစပြီး ပရိသတ်တွေအတွက် ထုတ်လုပ် ရောင်းချပေးခဲ့တာကိုတွေ့ရပါတယ်။ မင်းသွေးအမှတ်တံဆိပ် ဦးထုပ်နဲ့ လက်ကိုင်ပဝါတွေကို Airpro Myanmar Online Shopping Page ကနေပြီး ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ (နိုဝင်ဘာလ၃ရက်)မှာ အဲ့ဒီထုတ် ကုန်တွေအားလုံး ရောင်းကုန် ( Sold Out ) သွားပါပြီဖြစ်ပါတယ်။

” အခု အားလုံးကုန်သွားတော့ မရလိုက်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ အဓိက ဝယ်ယူတဲ့ သူတွေကတော့ ကျွန်တော့် Fan တွေပါပဲ။ ပထမဦးဆုံး ဦးထုပ် ၁ဝလုံးကို ဝယ်ခဲ့တဲ့ ပရိသတ်တွေအတွက်ကို ကျွန်တော့်ရဲ့ တစ်ကိုယ်တော် အခွေထိုးစစ်သီချင်းခွေလေးတွေလက်ဆောင်ပေးဖြစ်တယ်။ လက်ကိုင်ပဝါ ဝယ် ယူတဲ့ ပထမဦးဆုံး ၅ဦးကိုလည်း ထိုးစစ်အခွေလေးတွေကိုပေးဖြစ်ခဲ့တယ်။ ကျွန်တော်က ဒါကို စီးပွားဖြစ် ထုတ်တာမဟုတ်ဘူးလေ။ အဲ့ဒါ ကြောင့် နောက်ထပ်ဦးထုပ် ၃ဝလောက်ထပ်ထုတ်ဖို့ လုပ်ထားပါတယ်။ ဒီတစ်ခေါက်ထုတ်မယ့် ဦးထုပ်အလုံး ၃ဝ ကိုတော့ ရန်ကုန်မှာပဲ ရိုက်နှိပ်ထုတ်ဝေမှာဖြစ်တဲ့ အတွက် အရင်တစ်ခေါက်ထက် ဈေးသက်သာသွားပါမယ်။ ၆ဝဝဝ ကနေ ၇ဝဝဝကြားပဲကျသင့်တော့ မှာဖြစ်ပါတယ်။ နည်းနည်းတော့ ကြာဦးမှာပေါ့။ အင်္ကျီကိုတော့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်ဖို့ အထိတော့ လုပ်ဖို့အစီအစဉ်အထိ မရှိသေးပေမယ့် ကျွန်တော့် ပရိသတ် တွေ ကလုပ်ပေးခဲ့တဲ့ အမှတ်တံဆိပ် အင်္ကျီလေးကို ဝတ်ပြီးတော့ အမ်တီဗီ တစ်ပုဒ် ရိုက်ဖြစ်ခဲ့တာတော့ရှိတယ်။ ရှိုးတွေဘာတွေဆိုတဲ့အခါ ကိုယ့်ူသါသ လေးနဲ့ကိုယ်ဝတ်ချင်တဲ့ စိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ထုတ်လုပ်ရောင်းချဖို့ အထိလောက် တော့ မရှိလာနိုင်သေးပါဘူး။ ကျွန် တော်သည် အခုလို ကိုယ်ပိုင်အမှတ် တံဆိပ်နဲ့လုပ်ဖြစ်တာသည် ကျွန် တော့် မွေးနေ့မှာ ပရိသတ်ကို လက်ဆောင်အဖြစ်ပေးချင်လို့လုပ် ဖြစ်တာ ဖြစ်တယ်။ တချို့ပရိသတ်တွေက တော့ လက်ကိုင်ပဝါလေးကို ဒီဇိုင်း တစ်မျိုးနဲ့ လုပ်ပေးဖို့အကြံပေးထား တာတွေရှိတယ်။ နောက်ပိုင်း လုပ်ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်က ဒါကို စီးပွားရေးသက်သက် အနေနဲ့ လုပ်မှာတော့ မဟုတ်ဘူး နော်။ အခုအချိန်အထိ အနုပညာ ကရရှိလာတဲ့ အနုပညာငွေကြေးလေးတွေနဲ့ပဲ ရပ်တည်နေပါတယ်” လို့ မင်းသွေးက ပြောပြပေးပါတယ်။

မင်းသွေးက တကယ့် စီးပွားရေးအဖြစ်ကိုတော့ ရခိုင်စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖြစ်ဖို့အတွက်ကို ရည်ရွယ်ထားပေမယ့်လည်း ငွေကြေးတွေကို သူရဲ့တစ်ကိုယ်တော်အယ်လ် ဘမ် ထိုးစစ် အမ်တီဗီ ရိုက်ကူးမှုထဲကို စိုက်ထုတ်ထားရတဲ့အတွက် ဒီဘက် နှစ်တွေထဲမှာ ဆိုင်ဖွင့်ဖြစ်ဖို့ မသေ ချာသေးပေမယ့်လည်း လာမယ့်၃နှစ် အတွင်းမှာတော့ ရအောင်ဖွင့် သွားတော့မှာဖြစ်တယ်လို့လည်းပြောပြခဲ့ပါသေးတယ်။အနုပညာရှင် အတော်များများ စီးပွားရေးအရ ပိုးထည်အထည်ဆိုင် ဖွင့်ထားကြတာရှိသလို၊ တချို့က တော့ စိန်ရွှေရတနာဆိုင်နဲ့စီးပွား ရေးလောကထဲကို ဝင်ရောက်နေသူ တွေရှိသလို၊ တချို့ကျတော့လည်း ရုပ်ရှင်ထုတ်လုပ်ရေးတွေကို အနု ပညာနဲ့စီးပွားရေးအရ ပေါင်းစပ်ပြီး တည်ထောင်ထားကြတာတွေလည်း ရှိနေကြပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here