BTS အဖွဲ့ဝင် Jungkook နဲ့ Lee Yoo Bi တို့ချိန်းတွေသည့်သတင်းဟာ ကောလဟလဟုနှစ်ဖက် အေဂျင်စီများဖြေရှင်း

0
902

(Unicode)

BTS အဖွဲ့ဝင် Jungkook နဲ့ Lee Yoo Bi တို့ချိန်းတွေသည့်သတင်းဟာ ကောလဟလဟုနှစ်ဖက် အေဂျင်စီများဖြေရှင်း

BTS အဖွဲ့ဝင် Jungkook နဲ့ Lee Yoo Bi တို့ရဲ့အေဂျင်စီတွေဟာ ၎င်းတို့ ၂ယောက်ချိန်းတွေ့တယ်ဆိုတဲ့သတင်းတွေကို အလျင်အမြန်ပဲ ငြင်းဆိုခဲ့ပါတယ်။

K-Pop ကြယ်ပွင့်တွေအကြောင်းအမြဲတင်တတ် တဲ့ You Tuber တစ်ယောက်ဟာ မကြာသေးခင်က Jungkook နဲ့Lee Yoo Bi တို့ချိန်းတွေ့နေကြတယ်ဆိုပြီး ဗွီဒီယိုတစ်ခုတင်ခဲ့ပါတယ်။

ဗွီဒီယိုအရ Lee Yoo Bi ဟာ Jungkook ရဲ့ဖန်တယောက်ဖြစ်ပြီး သူမရဲ့ အင်စတာဂရမ်မှာ BTS ရဲ့သင်္ကေတဖြစ်တဲ့ ခရမ်းရောင်အသဲပုံလေးတွေကိုလည်း မကြာခဏတင်လေ့ရှိကာ ၎င်းတို့ ၂ယောက်ဟာ အင်္ကျီဆင်တူနဲ့ လက်ပတ်ဆင်တူလည်း ဝတ်ဖူးတယ်လို့ You Tuber ကထောက်ပြထားပါတယ်။

ဒါ့အပြင် Lee Yoo Bi ရေးသားထားတဲ့ သူမရဲ့စံပြပုံစံယောကျ်ားဟာဆိုရင် “လှပသောမျက်လုံးနှင့်ယောကျ်ားဆန်သောအမျိုးသား”ဆိုတဲ့ပုံစံဟာ Jungkook နဲ့လုံးကွက်တိကျနေတယ်လို့ ဆိုပါတယ်။

Lee Yoo Bi ရဲ့အေဂျင်စီ Y-Bloom Entertainment ကတော့ ဒီဇင်ဘာလ ၂၇ရက် နေ့မှာ ၎င်းအကြောင်းအရာနဲ့ပတ်သက်ပြီး အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။

“ဒါဟာအခြေအမြစ်မရှိတဲ့ ကောလဟလတစ်ခုပါ။ Lee Yoo Bi နဲ့ Jungkook တို့ချိန်းတွေ့တယ် ဆိုတဲ့သတင်းဟာ အဓိပ္ပါယ်မရှိပါဘူး။ သူတို့တစ်ခါမှမဆုံဖူးဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း မသိကြဘူး။ Lee Yoo Bi က BTS အဖွဲ့ဝင် တွေထဲမှာ Suga ကို သိပေမယ့် ဒါကတော်တော်ကြာခဲ့ပါပြီ။ အခုထိ သူတို့အဆက်အသွယ်ရှိ မရှိတောင် မသိသေးဘူး” လို့ ပြောခဲ့ပါတယ်။

Jungkook ရဲ့ အေဂျင်စီ Bit Hit Music က လည်း ဒီနေ့မှာပဲ ၎င်းတို့ ၂ယောက်ချိန်းတွေ့တယ်ဆိုတဲ့ သတင်းကို မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ အေဂျင်စီဟာ BTS နဲ့ပတ်သက်တဲ့မသမာတဲ့ပို့စ်တွေနဲ့ မှားယွင်းတဲ့အချက်အလက်ဖြန့်ဝေသူတွေကိုလည်း ပုံမှန် တရားဝင် အရေးယူလျက်ရှိပါတယ်။

(Zawgyi)





ဒါ့အပြင် Lee Yoo Bi ရေးသားထားတဲ့ သူမရဲ့စံပြပုံစံယောက်ျားဟာဆိုရင် “လှပသောမျက်လုံးနှင့်ယောက်ျားဆန်သောအမျိုးသား”ဆိုတဲ့ပုံစံဟာ Jungkook နဲ့လုံးကွက်တိကျနေတယ်လို့ ဆိုပါတယ်။





LEAVE A REPLY

Please enter your comment!
Please enter your name here