BTS K-pop အဖွဲ့သား ၃ ဦး ကိုဗစ်ပေါ့စတစ်ဖြစ်နေ

0
244

(Unicode)

BTS K-pop အဖွဲ့သား ၃ ဦး ကိုဗစ်ပေါ့စတစ်ဖြစ်နေ


ဆိုးလ်၊ ဒီဇင်ဘာ ၂၇

တောင်ကိုရီးယားနိုင်ငံမှ BTS K-pop အဖွဲ့သား ၃ ဦးဖြစ်သည့် Suga, Jin နှင့် RM တို့တွင် COVID-19 စစ်ဆေးတွေ့ရှိကြောင်း BIGHIT ဂီတအေဂျင်စီက သတင်းထုတ်ပြန်သည်။

သူတို့ ၃ ဦးသည် အမေရိကန်ပြည်ထောင်စုတွင် ဖျော်ဖြေမှုပြုလုပ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်လာကြသူများဖြစ်သည်။

Suga တွင် ကိုဗစ်ပေါ့စတစ်ဖြစ်နေမှန်း ပထမဆုံးသိရှိရပြီးနောက် အခြားသူများနှင့် ခွဲခြားနေထိုင်စေခဲ့သည်။ RM မှာ ဒီဇင်ဘာ ၁၇ ရက်ကစစ်ဆေးရာတွင် နက်ဂတစ်အဖြေထွက်သော်လည်း ဒီဇင်ဘာ ၂၅ ရက်နေ့က ထပ်မံစစ်ဆေးရာတွင်မူ ပေါ့စတစ်အဖြေထွက်သည်။ Jin မှာ အမေရိကန်မှ ပြန်ရောက်ပြီး PCR Test ဆေးစစ်မှု ၂ကြိမ်စလုံးတွင် နက်ဂတစ်အဖြသာထွက်သော်လည်း ကိုဗစ်ရောဂါလက္ခဏာများပြနေသဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ဆေးရာတွင်မူ ပေါ့စတစ်အဖြေထွက်ခဲ့သည်။

သူတို့ ၃ ဦးစလုံးသည် ကာကွယ်ဆေး ၂ကြိမ်ထိုးနှံပြီးကြသူများဖြစ်ကြောင်းBIGHIT ဂီတအေဂျင်စီကဆိုထားသည်။ လက်ရှိတွင် ၃ ဦးစလုံးသည် အိမ်တွင် သီးသန့်ခွဲခြားနေထိုင်လျှက်ရှိပြီး ကျန်းမာရေးလမ်းညွှန်မှုများကို လိုက်နာလျှက်ရှိကြသည်။

Ref: Three BTS members test positive for Covid-19(CNN)

(Zawgyi)

BTS K-pop အဖြဲ႕သား ၃ ဦး ကိုဗစ္ေပါ့စတစ္ျဖစ္ေန
ဆိုးလ္၊ ဒီဇင္ဘာ ၂၇

ေတာင္ကိုရီးယားႏိုင္ငံမွ BTS K-pop အဖြဲ႕သား ၃ ဦးျဖစ္သည့္ Suga, Jin ႏွင့္ RM တို႔တြင္ COVID-19 စစ္ေဆးေတြ႕ရွိေၾကာင္း BIGHIT ဂီတေအဂ်င္စီက သတင္းထုတ္ျပန္သည္။

သူတို႔ ၃ ဦးသည္ အေမရိကန္ျပည္ေထာင္စုတြင္ ေဖ်ာ္ေျဖမႈျပဳလုပ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံသို႔ ျပန္လည္ေရာက္လာၾကသူမ်ားျဖစ္သည္။

Suga တြင္ ကိုဗစ္ေပါ့စတစ္ျဖစ္ေနမွန္း ပထမဆုံးသိရွိရၿပီးေနာက္ အျခားသူမ်ားႏွင့္ ခြဲျခားေနထိုင္ေစခဲ့သည္။ RM မွာ ဒီဇင္ဘာ ၁၇ ရက္ကစစ္ေဆးရာတြင္ နက္ဂတစ္အေျဖထြက္ေသာ္လည္း ဒီဇင္ဘာ ၂၅ ရက္ေန႔က ထပ္မံစစ္ေဆးရာတြင္မူ ေပါ့စတစ္အေျဖထြက္သည္။ Jin မွာ အေမရိကန္မွ ျပန္ေရာက္ၿပီး PCR Test ေဆးစစ္မႈ ၂ႀကိမ္စလုံးတြင္ နက္ဂတစ္အျဖသာထြက္ေသာ္လည္း ကိုဗစ္ေရာဂါလကၡဏာမ်ားျပေနသျဖင့္ ဒီဇင္ဘာ ၂၅ ရက္ေန႔က စစ္ေဆးရာတြင္မူ ေပါ့စတစ္အေျဖထြက္ခဲ့သည္။

သူတို႔ ၃ ဦးစလုံးသည္ ကာကြယ္ေဆး ၂ႀကိမ္ထိုးႏွံၿပီးၾကသူမ်ားျဖစ္ေၾကာင္းBIGHIT ဂီတေအဂ်င္စီကဆိုထားသည္။ လက္ရွိတြင္ ၃ ဦးစလုံးသည္ အိမ္တြင္ သီးသန႔္ခြဲျခားေနထိုင္လွ်က္ရွိၿပီး က်န္းမာေရးလမ္းၫႊန္မႈမ်ားကို လိုက္နာလွ်က္ရွိၾကသည္။

Ref: Three BTS members test positive for Covid-19(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here