မူဆယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်သည့် အမျိုး သမီးတစ်ဦး၏ နေအိမ်ဓားပြတိုက်ခံရ

0
119

(Unicode)

မူဆယ်မြို့တွင် ငွေလဲလုပ်ငန်းလုပ်သည့် အမျိုး သမီးတစ်ဦး၏ နေအိမ်ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့၊ကောင်းမှုလွိုင်နယ်မြေရှိ ရွှေညောင်ပင်းလမ်းမှ တရုတ်ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး၏ နေအိမ်အား ဒီဇင်ဘာ ၂၇ ရက်ည ၇ နာရီခန့်က အမျိုးသားလေးဦးက ဓားပြတိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငွေလဲလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးမှာ မအားလီဖြစ်ပြီး တရုတ်၊မြန်မာ ကုန်သည်များအ တွက် အဓိကထား၍ တရုတ်ငွေနှင့်မြန်မာငွေအား လဲလှယ်ပေးသည့်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ် သည်။

“အမျိုးသားလေးယောက်ကျော်ဝင်သွားတာတွေ့တယ် ပြီးတော့ သေနတ်ပစ်သံကြားပြီး သိပ်မကြာဘူးအိမ်ထဲကနေ ပြေးထွက်လာကြတယ် လေးယောက်လုံးက ကျွန်တော့အထင်ကတော့အဲဒီအိမ်အကြောင်းနဲ့အမျိုးသမီးအကြောင်းကို အတော်သိထားတဲ့လူတွေပဲဖြစ်ဖို့များတယ်”ဟု ဒေသခံတစ်ဦးကပြော သည်။

ဓားပြတိုက်ခံရမှုကြောင့် မြန်မာငွေနှင့်တရုတ်ငွေများပါရှိသွားကာ ဓားပြတိုက်သူအမျိုးသားလေးဦးသည် မျက်နှာဖုံး(Mask)များဝတ်ဆင်ထားကြသဖြင့် မည်သူမည်ဝါများဖြစ်ကြောင်းကို မသိရကြောင်း ဒေသခံများကပြောသည်။

အခင်းဖြစ်နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းလျက်ရှိသည်။

(Zawgyi)

မူဆယ္ၿမိဳ႕တြင္ ေငြလဲလုပ္ငန္းလုပ္သည့္ အမ်ိဳး သမီးတစ္ဦး၏ ေနအိမ္ဓားျပတိုက္ခံရ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊မူဆယ္ၿမိဳ႕၊ေကာင္းမႈလြိဳင္နယ္ေျမရွိ ေ႐ႊေညာင္ပင္းလမ္းမွ တ႐ုတ္ေငြလဲလုပ္ငန္းလုပ္ကိုင္သည့္ အမ်ိဳးသမီးတစ္ဦး၏ ေနအိမ္အား ဒီဇင္ဘာ ၂၇ ရက္ည ၇ နာရီခန္႔က အမ်ိဳးသားေလးဦးက ဓားျပတိုက္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေငြလဲလုပ္ငန္းလုပ္ကိုင္သည့္ အမ်ိဳးသမီးမွာ မအားလီျဖစ္ၿပီး တ႐ုတ္၊ျမန္မာ ကုန္သည္မ်ားအ တြက္ အဓိကထား၍ တ႐ုတ္ေငြႏွင့္ျမန္မာေငြအား လဲလွယ္ေပးသည့္လုပ္ငန္းလုပ္ကိုင္သူတစ္ဦးျဖစ္ သည္။

“အမ်ိဳးသားေလးေယာက္ေက်ာ္ဝင္သြားတာေတြ႕တယ္ ၿပီးေတာ့ ေသနတ္ပစ္သံၾကားၿပီး သိပ္မၾကာဘူးအိမ္ထဲကေန ေျပးထြက္လာၾကတယ္ ေလးေယာက္လုံးက ကြၽန္ေတာ့အထင္ကေတာ့အဲဒီအိမ္အေၾကာင္းနဲ႔အမ်ိဳးသမီးအေၾကာင္းကို အေတာ္သိထားတဲ့လူေတြပဲျဖစ္ဖို႔မ်ားတယ္”ဟု ေဒသခံတစ္ဦးကေျပာ သည္။

ဓားျပတိုက္ခံရမႈေၾကာင့္ ျမန္မာေငြႏွင့္တ႐ုတ္ေငြမ်ားပါရွိသြားကာ ဓားျပတိုက္သူအမ်ိဳးသားေလးဦးသည္ မ်က္ႏွာဖုံး(Mask)မ်ားဝတ္ဆင္ထားၾကသျဖင့္ မည္သူမည္ဝါမ်ားျဖစ္ေၾကာင္းကို မသိရေၾကာင္း ေဒသခံမ်ားကေျပာသည္။

အခင္းျဖစ္ေနအိမ္အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးကာ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္စုံစမ္းလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here