မွေးနေ့အလှူ အဖြစ် အိမ်ခြေ၁၈၀စာ အတွက် ဆန်လှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်ဒိန်းဒေါင်

0
180

မွေးနေ့အလှူအဖြစ်အိမ်ခြေ၁၈၀စာအတွက်ဆန်လှူဒါန်းပေးခဲ့တဲ့လူရွှင်တော်ဒိန်းဒေါင်

ယနေ့ဒီဇင်ဘာလ ၂၉ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အလှူအဖြစ် လူရွှင်တော်ဒိန်းဒေါင် မှ မွေးမိခင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ တတ်နိုင်သလောက်ငွေသားကန်တော့ခဲ့တဲ့အပြင် ဆင်းရဲချို့တဲ့တဲ့ အိမ်ခြေ ၁၈၀ စာအတွက်လည်း ဆန်များပါလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မွေးနေ့မှာလှူဒါန်းဖြစ်တာနဲ့ပတ်သက်ပြီး လူရွှင်တော်ဒိန်းဒေါင်က ” လွန်ခဲ့တဲ့၄၈ နှစ်က ဒီအချိန်လူ့ဘဝကြီးထဲကို အသက်နဲ့ရင်းပြီး မွေးထုတ်ပေးခဲ့တဲ့ အမေ့အတွက်တတ်နိုင်သလောက်ငွေသားကန်တော့ခဲ့တယ်။ လူ ၄၀၀ စာအတွက် ကြက်ဆီထမင်း လှူဒါန်းခဲ့တယ်။ သံယာတော် ၂၇ ပါးအတွက်လည်း လိုအပ်တာလေးတွေလှူဒါန်းခဲ့တယ်။ အိမ် ၁၈၀ စာအတွက်ဆန်တွေလှူခဲ့တယ်။ ဒေးစွန်ပါမှာလည်းမွေးနေ့အလှူအနေနဲ့ တံတားဆောက်လှူခဲ့တယ်။ ဒီနှစ်မွေးနေ့မှာတော့ လိုအပ်တဲ့နေရာလေးတွေမှာ တတ်နိုင်သလောက်လေးပဲလှူဒါန်းဖြစ်ခဲ့တယ် ” လို့ပြောပါတယ်။

လူရွင်တော်ဒိန်းဒေါင်အနေနဲ့ အဆင်မပြေတဲ့ အိမ်ထောင်စုတွေအတွက်လှူဒါန်းမှုတွေပြုလုပ်ပေး​ေနတဲ့အပြင် ကျန်းမာရေးချို့တဲ့ပြီးအကူညီလိုအပ်တဲ့သူတွေအတွက်လည်းတတ်နိုင်သလောက်ကူညီထောက်ပ့ံပေးမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

Zaw gyi




လူရွင်တော်ဒိန်းဒေါင်အနေနဲ့ အဆင်မပြေတဲ့ အိမ်ထောင်စုတွေအတွက်လှူဒါန်းမှုတွေပြုလုပ်ပေး​နေတဲ့အပြင် ကျန်းမာရေးချို့တဲ့ပြီးအကူညီလိုအပ်တဲ့သူတွေအတွက်လည်းတတ်နိုင်သလောက်ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here