သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်လိုက်တဲ့ မော်ဒယ်၊သရုပ်ဆောင် နေလင်းရှိန်း

0
497

(Unicode)

သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်လိုက်တဲ့ မော်ဒယ်၊သရုပ်ဆောင် နေလင်းရှိန်း

မော်ဒယ်၊သရုပ်ဆောင်နေလင်းရှိန်းက အခုဒီဇင်ဘာလထဲမှာ သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်လေးတစ်ဆိုင် စတင်ဖွင့်လှစ်လိုက်ပြီး ဆိုင်နာမည်ကတော့ OPPA’s House ဖြစ်ပါတယ်။

ကိုရီးယားအစားအစာနဲ့ ထိုင်းအစားအစာတွေကို အဓိကထားရောင်းချပေးသွားမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၁နှစ်ကျော် ၂နှစ်ထဲက စတင်ပြင်ဆင်ခဲ့တာလို့ဆိုပါတယ်။

ဒီဆိုင်လေးနဲ့ပတ်သက်ပြီး နေလင်းရှိန်းက “night market တစ်ခုမှာစရောင်းကြည့်ပြီး ဆိုင်လေးဖွင့်ဖို့စီစဥ်ဖြစ်တာ၊ ကြားထဲမှာကိုဗစ်ဖြစ်တာ ဇာတ်လမ်းတွဲရိုက်တာတွေရှိတာကြောင့် အခုမှဖွင့်ဖြစ်တာပါ၊ သူငယ်ချင်း ၄ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့လုပ်ကြတာဖြစ်တဲ့အတွက် ပျော်ဖို့ကောင်းပါတယ်” လို့ ပြောပြထားပါတယ်။

ဒီဆိုင်လေးကတော့ တာမွေမြို့နယ်၊ အရိုးကုန်းလမ်းထဲမှာတည်ရှိတာဖြစ်ပါတယ်။

(Zawgyi)

သူငယ္ခ်င္းေတြနဲ႔အတူ စားေသာက္ဆိုင္ေလးတစ္ဆိုင္ဖြင့္လွစ္လိုက္တဲ့ ေမာ္ဒယ္၊သ႐ုပ္ေဆာင္ ေနလင္းရွိန္း

ေမာ္ဒယ္၊သ႐ုပ္ေဆာင္ေနလင္းရွိန္းက အခုဒီဇင္ဘာလထဲမွာ သူငယ္ခ်င္းေတြနဲ႔အတူ စားေသာက္ဆိုင္ေလးတစ္ဆိုင္ စတင္ဖြင့္လွစ္လိုက္ၿပီး ဆိုင္နာမည္ကေတာ့ OPPA’s House ျဖစ္ပါတယ္။

ကိုရီးယားအစားအစာနဲ႔ ထိုင္းအစားအစာေတြကို အဓိကထားေရာင္းခ်ေပးသြားမွာျဖစ္ၿပီး လြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္ ၂ႏွစ္ထဲက စတင္ျပင္ဆင္ခဲ့တာလို႔ဆိုပါတယ္။

ဒီဆိုင္ေလးနဲ႔ပတ္သက္ၿပီး ေနလင္းရွိန္းက “night market တစ္ခုမွာစေရာင္းၾကည့္ၿပီး ဆိုင္ေလးဖြင့္ဖို႔စီစဥ္ျဖစ္တာ၊ ၾကားထဲမွာကိုဗစ္ျဖစ္တာ ဇာတ္လမ္းတြဲ႐ိုက္တာေတြရွိတာေၾကာင့္ အခုမွဖြင့္ျဖစ္တာပါ၊ သူငယ္ခ်င္း ၄ေယာက္လုံး တိုင္တိုင္ပင္ပင္နဲ႔လုပ္ၾကတာျဖစ္တဲ့အတြက္ ေပ်ာ္ဖို႔ေကာင္းပါတယ္” လို႔ ေျပာျပထားပါတယ္။

ဒီဆိုင္ေလးကေတာ့ တာေမြၿမိဳ႕နယ္၊ အ႐ိုးကုန္းလမ္းထဲမွာတည္ရွိတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here