လားရှိုးမြို့၌ အသစ်ဖွင့်လှစ်မည့်စစ်ဆေးရေးဂိတ်အား ကြိုတင်အကြောင်းကြားခွင့်ပြုချက်ရမှသာ ကုန်တင်ယာဥ်များဖြတ်သန်းခွင့်ရမည်

0
245

(Unicode)

လားရှိုးမြို့၌ အသစ်ဖွင့်လှစ်မည့်စစ်ဆေးရေးဂိတ်အား ကြိုတင်အကြောင်းကြားခွင့်ပြုချက်ရမှသာ ကုန်တင်ယာဥ်များဖြတ်သန်းခွင့်ရမည်

လားရှိုးမြို့ နားကွမ်းလုံတိုးဂိတ်တွင် မကြာမီဖွင့်လှစ်မည့် လားရှိုးမြို့စစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဥ်များသည် ကြို တင်အကြောင်းကြားကာ ခွင့်ပြုချက်ရရှိမှသာဖြတ်သန်းခွင့်ရမည်ဖြစ်ကြောင်း လားရှိုးမြို့ပြည် နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)အ စည်းအဝေးမှ သိရသည်။

အဆိုပါ လားရှိုးမြို့စစ်ဆေးရေးဂိတ်အား မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်း ကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် လမ်း ကြောင်းရှိ နားကွမ်းလုံတိုးဂိတ်၌ဖွင့်လှစ်သွားမည်ဖြစ်သည်။

“အဓိက ဖွင့်လှစ်ရတဲ့အကြောင်းရင်းက ဒီလမ်းကြောမှာ ယာဥ်ကြောပိတ်ဆို့မှုတွေမဖြစ်စေရေး ကုန်ပစ္စည်းကြန့်ကြာမှာမရှိစေရေးတို့အတွက် ရည်ရွယ်ပြီး စစ်ဆေးရေးဂိတ်ကိုမကြာခင်ဖွင့်လှစ်ပြီးစစ်ဆေးတာတွေလုပ်သွားမှာပါ”ဟု လားရှိုးမြို့ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်မှဖြတ်သန်းသွားလာမည့် ကုန်တင်ယာဥ်များသည် တင်ဆောင်လာသည့် ကုန်သွယ်မှု ကုန်ပစ္စည်းများကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး) တွင် ကြိုတင်တင်ပြခွင့်ပြုမိန့်ရပြီးမှသာ ဖြတ် သန်းခွင့်ရမည်ဖြစ်သည်။

“စစ်ဆေးရေးဂိတ်အသစ်ဖွင့်မယ်လို့တော့ကြားတယ် ကားဂိတ်တွေကနေတင်ပေးလိုက်တဲ့ကုန်တွေအတွက် စာရင်းလုပ်ပြီးကားမထွက်ခင်ဂိတ်ကိုအရင်ပို့ရမယ် ဂိတ်ကခွင့်ပြုမှသာဖြတ်ပေါ့ ကုန်ပစ္စည်းစာရင်းကြိုမပို့တဲ့ကုန်ကားတွေက တော့ ဖြတ်လို့မရဘူး ဒီလောက်တော့အကြမ်းဖျဥ်းသိထားတယ် ဂိတ်စဖွင့်ပြီဆိုမှပဲသေချာသိရတော့မှာ”ဟုတရုတ်နိုင်ငံသို့ မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းများတင်ပို့ပေးနေသည့် ကုန်သည်ဦးစိုးမြင့်ကပြောသည်။

(Zawgyi)

လားရႈိးၿမိဳ႕၌ အသစ္ဖြင့္လွစ္မည့္စစ္ေဆးေရးဂိတ္အား ႀကိဳတင္အေၾကာင္းၾကားခြင့္ျပဳခ်က္ရမွသာ ကုန္တင္ယာဥ္မ်ားျဖတ္သန္းခြင့္ရမည္

လားရႈိးၿမိဳ႕ နားကြမ္းလုံတိုးဂိတ္တြင္ မၾကာမီဖြင့္လွစ္မည့္ လားရႈိးၿမိဳ႕စစ္ေဆးေရးဂိတ္အား ျဖတ္သန္းသြားလာမည့္ ကုန္တင္ယာဥ္မ်ားသည္ ႀကိဳ တင္အေၾကာင္းၾကားကာ ခြင့္ျပဳခ်က္ရရွိမွသာျဖတ္သန္းခြင့္ရမည္ျဖစ္ေၾကာင္း လားရႈိးၿမိဳ႕ျပည္ နယ္အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႕ခြဲ(ရွမ္း/ေျမာက္)အ စည္းအေဝးမွ သိရသည္။

အဆိုပါ လားရႈိးၿမိဳ႕စစ္ေဆးေရးဂိတ္အား ျမန္မာ- တ႐ုတ္နယ္စပ္ကုန္သြယ္ေရး၏ အဓိကလမ္း ေၾကာင္းျဖစ္သည့္ မႏၲေလး-လားရႈိး-မူဆယ္ လမ္း ေၾကာင္းရွိ နားကြမ္းလုံတိုးဂိတ္၌ဖြင့္လွစ္သြားမည္ျဖစ္သည္။

“အဓိက ဖြင့္လွစ္ရတဲ့အေၾကာင္းရင္းက ဒီလမ္းေၾကာမွာ ယာဥ္ေၾကာပိတ္ဆို႔မႈေတြမျဖစ္ေစေရး ကုန္ပစၥည္းၾကန္႔ၾကာမွာမရွိေစေရးတို႔အတြက္ ရည္႐ြယ္ၿပီး စစ္ေဆးေရးဂိတ္ကိုမၾကာခင္ဖြင့္လွစ္ၿပီးစစ္ေဆးတာေတြလုပ္သြားမွာပါ”ဟု လားရႈိးၿမိဳ႕ျပည္နယ္အစိုးရအုပ္ခ်ဳပ္ေရးအဖြဲ႕ခြဲ(ရွမ္း/ေျမာက္)မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

အဆိုပါ စစ္ေဆးေရးဂိတ္မွျဖတ္သန္းသြားလာမည့္ ကုန္တင္ယာဥ္မ်ားသည္ တင္ေဆာင္လာသည့္ ကုန္သြယ္မႈ ကုန္ပစၥည္းမ်ားကို စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန၊စားသုံးသူေရးရာဦးစီးဌာန၊ဒုတိယျပည္နယ္ဦးစီးမႉး႐ုံး(လားရႈိး) တြင္ ႀကိဳတင္တင္ျပခြင့္ျပဳမိန္႔ရၿပီးမွသာ ျဖတ္ သန္းခြင့္ရမည္ျဖစ္သည္။

“စစ္ေဆးေရးဂိတ္အသစ္ဖြင့္မယ္လို႔ေတာ့ၾကားတယ္ ကားဂိတ္ေတြကေနတင္ေပးလိုက္တဲ့ကုန္ေတြအတြက္ စာရင္းလုပ္ၿပီးကားမထြက္ခင္ဂိတ္ကိုအရင္ပို႔ရမယ္ ဂိတ္ကခြင့္ျပဳမွသာျဖတ္ေပါ့ ကုန္ပစၥည္းစာရင္းႀကိဳမပို႔တဲ့ကုန္ကားေတြက ေတာ့ ျဖတ္လို႔မရဘူး ဒီေလာက္ေတာ့အၾကမ္းဖ်ဥ္းသိထားတယ္ ဂိတ္စဖြင့္ၿပီဆိုမွပဲေသခ်ာသိရေတာ့မွာ”ဟုတ႐ုတ္ႏိုင္ငံသို႔ ျမန္မာႏိုင္ငံထြက္ကုန္ပစၥည္းမ်ားတင္ပို႔ေပးေနသည့္ ကုန္သည္ဦးစိုးျမင့္ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here