သရုပ်ဆောင် လူမင်း အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်ချမှတ်ခံရ

0
213

(Unicode)

သရုပ်ဆောင် လူမင်း အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်ချမှတ်ခံရ

သရုပ်ဆောင် လူမင်းကို အင်းစိန် ထောင်တွင်းတရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ကျခံစေဖို့ အမိန့် ချမှတ်လိုက်တယ်လို့ ရှေ့နေတွေကပြောကြပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးက ဒီကနေ့မှာ အမိန့်ချလိုက်တာပါ။

သရုပ်ဆောင် လူမင်းကို မတ်လထဲမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေထဲကနေ ထုတ်နှုတ်ခံစားခွင့်ရမယ်လို့ ရှေ့နေတွေရဲ့ ပြောကြားချက်တွေအရသိရပါတယ်။

အကယ်ဒမီ လူမင်း ဟာ အနုပညာသက်တမ်း ၂၀ ကျော်ကာလမှာ အကယ်ဒမီ ၄ ဆုရရှိခဲ့ပြီး သူရရှိခဲ့တဲ့ကားတွေကတော့ ၂၀၀၂ ခုနှစ်မှာ ရွှေမှုန်ကြဲတဲ့မိုးကောင်းကင် ဇာတ်ကားမှာအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်က ကျန်စစ်မင်းဇာတ်ကား အမျိုးသားဇာတ်ဆောင်ဆု နဲ့ ရုပ်ရှင်ဇာတ်ကားဆု၊ ၂၀၁၆ ခုနှစ်မှာပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ မှာအမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

(Zawgyi)

သ႐ုပ္ေဆာင္ လူမင္း အလုပ္ၾကမ္းနဲ႔ ေထာင္ ၃ ႏွစ္ခ်မွတ္ခံရ

သ႐ုပ္ေဆာင္ လူမင္းကို အင္းစိန္ ေထာင္တြင္းတရား႐ုံးက ဒီကေန႔ ဒီဇင္ဘာလ ၃၀ ရက္မွာ အလုပ္ၾကမ္းနဲ႔ေထာင္ ၃ ႏွစ္ က်ခံေစဖို႔ အမိန႔္ ခ်မွတ္လိုက္တယ္လို႔ ေရွ႕ေနေတြကေျပာၾကပါတယ္။

ရာဇသတ္ႀကီး ပုဒ္မ ၅၀၅-ကနဲ႔ အမႈဖြင့္ဖမ္းဆီးခံရၿပီးေနာက္ အင္းစိန္ေထာင္တြင္း တရား႐ုံးက ဒီကေန႔မွာ အမိန႔္ခ်လိုက္တာပါ။

သ႐ုပ္ေဆာင္ လူမင္းကို မတ္လထဲမွာပဲ ဖမ္းဆီးခဲ့တာျဖစ္ၿပီး ခ်ဳပ္ရက္ေတြကို အခုခ်မွတ္လိုက္တဲ့ ျပစ္ဒဏ္ေတြထဲကေန ထုတ္ႏႈတ္ခံစားခြင့္ရမယ္လို႔ ေရွ႕ေနေတြရဲ႕ ေျပာၾကားခ်က္ေတြအရသိရပါတယ္။

အကယ္ဒမီ လူမင္း ဟာ အႏုပညာသက္တမ္း ၂၀ ေက်ာ္ကာလမွာ အကယ္ဒမီ ၄ ဆုရရွိခဲ့ၿပီး သူရရွိခဲ့တဲ့ကားေတြကေတာ့ ၂၀၀၂ ခုႏွစ္မွာ ေ႐ႊမႈန္ႀကဲတဲ့မိုးေကာင္းကင္ ဇာတ္ကားမွာအမ်ိဳးသားဇာတ္ေဆာင္ဆု၊ ၂၀၀၅ ခုႏွစ္က က်န္စစ္မင္းဇာတ္ကား အမ်ိဳးသားဇာတ္ေဆာင္ဆု နဲ႔ ႐ုပ္ရွင္ဇာတ္ကားဆု၊ ၂၀၁၆ ခုႏွစ္မွာပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားႏွင့္ ၿမိဳင္ရာဇာတာေတ မွာအမ်ိဳးသားဇာတ္ပို႔ဆု ရရွိခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here