SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရန်ဘန်ကောက်မြို့သို့ ရောက်ရှိနေဟု သတင်းထွက်

0
290

(Unicode)

SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရန်ဘန်ကောက်မြို့သို့ ရောက်ရှိနေဟု သတင်းထွက်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရတ်တစ်ပါတီ SNDP ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေနွေးမှု ပူးတွဲကော်မတီ (UPDJC) ကိုယ်စားပြုအနေဖြင့် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံရန်ဘန်ကောက်မြို့သို့ ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဦးစိုင်းအိုက်ပေါင်း ဘန်ကောက်ကို သွားတာ ဟုတ်ပါတယ်။ဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ တွေ့ဖို့ သွားတာ ဟုတ်တယ် မဟုတ်ဘူးတော့ မသိဘူး။အလုပ်ကိစ္စ နဲ့ ဘန်ကောက်ကို သွားတာ ဟုတ်တယ်”ဟု ဦးစိုင်းအိုက်ပေါင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေး ကိစ္စ အတွက် သွားရောက်နေသည်ဆိုလျှင်လည်း ကောင်းမွန်သော ကိစ္စ ဖြစ်ကြောင်း ၊ လတ်တလောတွင် ရင်ကြားစေ့ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း အမည်မ ေဖာ်လိုသော နိုင်ငံရေးပါတီတစ်ခု၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

UPDJC အောက်တွင် နိုင်ငံရေးပါတီများ အစုအဖွဲ့သစ်ကို ဖွဲစည်းပြီး အဆိုပါ အစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းမှ အတွင်းရေးမှူး တာဝန်ယူကြကြောင်းသိရသည်။

ယင်းအစုအဖွဲ့အသစ်ကို နိုင်ငံရေးပါတီ ၁၉ ပါတီဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၉ ပါတီ အရံကော်မတီအဆင့်တွင် နိုင်ငံရေးပါတီ ၁၀ ပါတီဖြင့် ဖွဲစည်းထားခြင်းဖြစ်ကြောင်း သိရသည်။

(Zawgyi)

SNDP ဥကၠ႒ စိုင္းအိုက္ေပါင္း ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ႏွင့္ ေတြ႕ဆုံရန္ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိေနဟု သတင္းထြက္

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရတ္တစ္ပါတီ SNDP ဥကၠ႒ စိုင္းအိုက္ေပါင္း က ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕၏ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြေႏြးမႈ ပူးတြဲေကာ္မတီ (UPDJC) ကိုယ္စားျပဳအေနျဖင့္ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ႏွင့္ ေတြ႕ဆုံရန္ဘန္ေကာက္ၿမိဳ႕သို႔ ေရာက္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။

“ဦးစိုင္းအိုက္ေပါင္း ဘန္ေကာက္ကို သြားတာ ဟုတ္ပါတယ္။ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ နဲ႔ ေတြ႕ဖို႔ သြားတာ ဟုတ္တယ္ မဟုတ္ဘူးေတာ့ မသိဘူး။အလုပ္ကိစၥ နဲ႔ ဘန္ေကာက္ကို သြားတာ ဟုတ္တယ္”ဟု ဦးစိုင္းအိုက္ေပါင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ၿငိမ္းခ်မ္းေရး ကိစၥ အတြက္ သြားေရာက္ေနသည္ဆိုလွ်င္လည္း ေကာင္းမြန္ေသာ ကိစၥ ျဖစ္ေၾကာင္း ၊ လတ္တေလာတြင္ ရင္ၾကားေစ့ေရးလုပ္ငန္းမ်ားကို လုပ္ေဆာင္ရန္ အေရးတႀကီး လိုအပ္ေနေၾကာင္းလည္း အမည္မ ေဖာ္လိုေသာ ႏိုင္ငံေရးပါတီတစ္ခု၏ ေျပာေရးဆိုခြင့္ ရွိသူက ေျပာသည္။

UPDJC ေအာက္တြင္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕သစ္ကို ဖြဲစည္းၿပီး အဆိုပါ အစုအဖြဲ႕တြင္ ဥကၠ႒အျဖစ္ SNDP ပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္း ၊ ဒီမိုကရက္တစ္ပါတီ(ျမန္မာ)မွ ေဒၚခ်ိဳခ်ိဳေက်ာ္ၿငိမ္းမွ အတြင္းေရးမႉး တာဝန္ယူၾကေၾကာင္းသိရသည္။

ယင္းအစုအဖြဲ႕အသစ္ကို ႏိုင္ငံေရးပါတီ ၁၉ ပါတီျဖင့္ ဖြဲ႕စည္းထားၿပီး ဗဟိုေကာ္မတီအဆင့္တြင္ ႏိုင္ငံေရးပါတီ ၉ ပါတီ အရံေကာ္မတီအဆင့္တြင္ ႏိုင္ငံေရးပါတီ ၁၀ ပါတီျဖင့္ ဖြဲစည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here