ရှမ်းပြည်နယ်ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဟောင်းဦးစိုးညွှန့်လွင် ထောင်ဒဏ်၃၈နှစ်ချမှတ်ခံရ

0
141

(Unicode)

ရှမ်းပြည်နယ်ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီးဟောင်းဦးစိုးညွှန့်လွင် ထောင်ဒဏ်၃၈နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်ရှိ ညောင်ရွှေအကျဉ်းထောင်အကျဉ်းထောင်အတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယခင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ၊ဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးညွှန့်လွင်ကို အကျဉ်းထောင်အထူးတရားရုံးက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၃၈ နှစ်ကျခံစေဖို့ အမိန့် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

ဦးစိုးညွှန့်လွင်ကို မတ်လ ၅ရက်နေ့က ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တရာ လမ်းနဲ့ ပြည်သာယာလမ်းထောင့်အနီးရှိ နေအိမ်တစ်ခုအတွင်းမှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် တောင်ကြီးမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းက နိုင်ငံတော်အစိုးရနဲ့ ငြိမ်ဝမ်ပိပြားရေး ထိခိုက်စေသော ပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် ဥပဒေအရ အရေးယူပေးပါရန် တောင်ကြီး မြို့နယ်၊ တရားရုံးသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့တဲ့ တောင်ကြီး မြို့နယ် တရားရုံးမှ အမှုကြီးအမှတ်၊ (၁၄၉/၂၀၂၁)၊ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅ (ခ) အမှုအပါအဝင် အမှုပေါင်း၅မှုကျော်ကို စစ်ဆေးပြီး ယခုအမိန့်ကိုချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဦးစိုးညွှန့်လွင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့က ထောင်ဒဏ် နှစ် ၂၀၊၅၀၅နဲ့စွဲဆိုထားတဲ့ အမှု ၂မှုအတွက်က ၄ နှစ်၊ ၁၂၄(က) အမှုအတွက်က ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ၁ သိန်း၊ ၁၂၄(ဃ)အမှု အတွက်က ထောင်ဒဏ် ၇ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဦးစိုးညွှန့်လွင်ဟာ အဂတိ အမှု ၄ မှု ကိုလည်း ရင်ဆိုင်နေရသူဖြစ်ပါတယ်။

(Zawgyi)

ရွမ္းျပည္နယ္ဘ႑ာေရးႏွင့္စီမံကိန္းဝန္ႀကီးေဟာင္းဦးစိုးၫႊန႔္လြင္ ေထာင္ဒဏ္၃၈ႏွစ္ခ်မွတ္ခံရ

ရွမ္းျပည္နယ္ရွိ ေညာင္ေ႐ႊအက်ဥ္းေထာင္အက်ဥ္းေထာင္အတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ယခင္ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံ၊ဘ႑ာဝန္ႀကီးေဟာင္းဦးစိုးၫႊန႔္လြင္ကို အက်ဥ္းေထာင္အထူးတရား႐ုံးက ဒီဇင္ဘာလ ၃၀ ရက္ေန႔မွာ ေထာင္ဒဏ္ ၃၈ ႏွစ္က်ခံေစဖို႔ အမိန႔္ ခ်မွတ္လိုက္တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းကေျပာပါတယ္။

ဦးစိုးၫႊန႔္လြင္ကို မတ္လ ၅ရက္ေန႔က ရန္ကုန္ၿမိဳ႕ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ေဝဇႏၲရာ လမ္းနဲ႔ ျပည္သာယာလမ္းေထာင့္အနီးရွိ ေနအိမ္တစ္ခုအတြင္းမွ ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕နယ္၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိုင္းေက်ာ္ထြန္းက ႏိုင္ငံေတာ္အစိုးရနဲ႔ ၿငိမ္ဝမ္ပိျပားေရး ထိခိုက္ေစေသာ ျပစ္မႈကို က်ဴးလြန္ခဲ့သျဖင့္ ဥပေဒအရ အေရးယူေပးပါရန္ ေတာင္ႀကီး ၿမိဳ႕နယ္၊ တရား႐ုံးသို႔ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔က ဦးတိုက္ေလွ်ာက္ထားခဲ့တဲ့ ေတာင္ႀကီး ၿမိဳ႕နယ္ တရား႐ုံးမွ အမႈႀကီးအမွတ္၊ (၁၄၉/၂၀၂၁)၊ ရာဇသတ္ႀကီး ပုဒ္မ၊ ၅၀၅ (ခ) အမႈအပါအဝင္ အမႈေပါင္း၅မႈေက်ာ္ကို စစ္ေဆးၿပီး ယခုအမိန႔္ကိုခ်မွတ္လိုက္တာျဖစ္တယ္လို႔ သိရပါတယ္။

ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးက ဦးစိုးၫႊန႔္လြင္ကို ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔က ေထာင္ဒဏ္ ႏွစ္ ၂၀၊၅၀၅နဲ႔စြဲဆိုထားတဲ့ အမႈ ၂မႈအတြက္က ၄ ႏွစ္၊ ၁၂၄(က) အမႈအတြက္က ေထာင္ဒဏ္ ၇ ႏွစ္နဲ႔ ေငြဒဏ္ ၁ သိန္း၊ ၁၂၄(ဃ)အမႈ အတြက္က ေထာင္ဒဏ္ ၇ ႏွစ္နဲ႔ ေငြဒဏ္ ၁ သိန္း ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

ဦးစိုးၫႊန႔္လြင္ဟာ အဂတိ အမႈ ၄ မႈ ကိုလည္း ရင္ဆိုင္ေနရသူျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here