မွေးနေ့အကြို အလှူပြုလုပ်ခဲ့တဲ့ တေးသံရှင်ချယ်ရီသင်း

0
198

မွေးနေ့အကြို အလှူပြုလုပ်ခဲ့တဲ့ တေးသံရှင်ချယ်ရီသင်း

တေးသံရှင်ချယ်ရီသင်းက ဇန်နဝါရီလ ၁ရက်နေ့မှာကျရောက်မယ့် သူမရဲ့မွေးနေ့အတွက် ဒီကနေ့မှာ မွေးနေ့အထိမ်းအမှတ်အဖြစ် လှိုင်သာယာမြို့နယ်၊ ၁၉ရပ်ကွက်၊ သံသုမာ ၂လမ်းမှာ လှူဒါန်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အိမ်ခြေ ၄၀၀စာအတွက် ဆန်နဲ့ ငွေသားတို့ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ယခုအလှူနဲ့ပတ်သက်ပြီးချယ်ရီသင်းက “၂၆နှစ်ပြည့်မွေးနေ့အတွက်ရယ်၊ ဆောင်းဝင်တော့မည်သီချင်းတုန်းက လှူဖို့ကျန်တာလေးရယ်ပေါင်းပြီး အိမ်ခြေ ၄၀၀စာ ငွေနဲ့ဆန်လာလှူတာပါ၊ ဒီကာလမှာဆိုရင် အားလုံးကခက်ခဲတဲ့အတွက် ကိုယ်နိုင်သလောက်လေးလုပ်ပေးနေရတာကို ပီတိဖြစ်တယ်၊ ဆက်ပြီးလာလှူမယ်လို့လဲစဥ်းစားတယ်၊ လမ်းသူလမ်းသားတွေကလည်း အရမ်းစည်းကမ်းရှိကြပါတယ်” လို့ပြောပြထားပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here