သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ်ဒေါ်မြဝန်းရံ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

0
162

(Unicode)

သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ်ဒေါ်မြဝန်းရံ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့အခြေ စိုက် သံလွင်သွေးချင်းသတင်းဌာန၏ အယ်ဒီတာချုပ် ဒေါ်မြဝန်းရံအား ညောင်ရွှေမြို့ရှိ တောင်လေးလုံးအကျဥ်းထောင်တွင်း တရားရုံးက ဒီဇင် ဘာ ၃၀ ရက်တွင် ပုဒ်မ-၅၀၅(က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

အယ်ဒီတာချုပ်ဒေါ်မြဝန်းရံအား ဇူလိုင် ၂၀ ရက်တွင် တောင်ကြီးမြိုရှိ သူမ၏နေအိမ်၌ သမီးဖြစ်သူနှစ်ဦးနှင့်အတူ လုံခြုံရေးအဖွဲ့ဝင်များက ဖမ်း ဆီးသွားခဲ့ခြင်းဖြစ်သည်။သမီးနှစ်ဦးမှာ ဖမ်းဆီးခံရပြီး တစ်ပတ်ခန့်အကြာတွင်ပြန်လည်လွတ်မြောက်လာခဲ့သည်။

“အယ်ဒီတာချုပ်ကို စဖမ်းတဲ့အချိန်ကစပြီး တောင်လေးလုံးအကျဥ်းထောင်မှာထားတယ် နောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒ ပုဒ်မ-၅၀၅(က)နဲ့အမှုဖွင့်ထောင်ဒဏ်ပေးခဲ့တာ အသက်အရွယ်ကြီးနေတာရယ် ကျန်းမာရေးမကောင်းတာရယ်ကြောင့် သူ့အတွက်စိုးရိမ်နေကြတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

ထောင်ဒဏ်အား ဖမ်းဆီးခံရပြီး ၅ လခန့်အကြာ၌ ချမှတ်ခဲ့ခြင်းဖြစ်ပြီး ချုပ်ရက်များအားထုတ်နှုတ်ခံစားခွင့်ပြု၊မပြုအား မသိရှိရကြောင်း ရှေ့နေများထံမှ သိရသည်။

(Zawgyi)

သံလြင္ေသြးခ်င္း သတင္းဌာန အယ္ဒီတာခ်ဳပ္ေဒၚျမဝန္းရံ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခံရ

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ေတာင္ႀကီးၿမိဳ႕အေျခ စိုက္ သံလြင္ေသြးခ်င္းသတင္းဌာန၏ အယ္ဒီတာခ်ဳပ္ ေဒၚျမဝန္းရံအား ေညာင္ေ႐ႊၿမိဳ႕ရွိ ေတာင္ေလးလုံးအက်ဥ္းေထာင္တြင္း တရား႐ုံးက ဒီဇင္ ဘာ ၃၀ ရက္တြင္ ပုဒ္မ-၅၀၅(က)ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့သည္။

အယ္ဒီတာခ်ဳပ္ေဒၚျမဝန္းရံအား ဇူလိုင္ ၂၀ ရက္တြင္ ေတာင္ႀကီးၿမိဳရွိ သူမ၏ေနအိမ္၌ သမီးျဖစ္သူႏွစ္ဦးႏွင့္အတူ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဖမ္း ဆီးသြားခဲ့ျခင္းျဖစ္သည္။သမီးႏွစ္ဦးမွာ ဖမ္းဆီးခံရၿပီး တစ္ပတ္ခန္႔အၾကာတြင္ျပန္လည္လြတ္ေျမာက္လာခဲ့သည္။

“အယ္ဒီတာခ်ဳပ္ကို စဖမ္းတဲ့အခ်ိန္ကစၿပီး ေတာင္ေလးလုံးအက်ဥ္းေထာင္မွာထားတယ္ ေနာက္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈဥပဒ ပုဒ္မ-၅၀၅(က)နဲ႔အမႈဖြင့္ေထာင္ဒဏ္ေပးခဲ့တာ အသက္အ႐ြယ္ႀကီးေနတာရယ္ က်န္းမာေရးမေကာင္းတာရယ္ေၾကာင့္ သူ႔အတြက္စိုးရိမ္ေနၾကတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ေထာင္ဒဏ္အား ဖမ္းဆီးခံရၿပီး ၅ လခန္႔အၾကာ၌ ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ခ်ဳပ္ရက္မ်ားအားထုတ္ႏႈတ္ခံစားခြင့္ျပဳ၊မျပဳအား မသိရွိရေၾကာင္း ေရွ႕ေနမ်ားထံမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here