“RM နဲ့ပတ်သတ်သည့် ကောလဟလများကို BIGHIT Music Agency ငြင်းဆို”

0
194

“RM နဲ့ပတ်သတ်သည့် ကောလဟလများကို BIGHIT Music Agency ငြင်းဆို”

BTS အဖွဲ့ဝင် RM ဟာ အနုပညာရှင်မဟုတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်ပါတယ်။

BIGHIT Music က “RM မှာ ချစ်သူရှိတယ်ဆိုတာ မဟုတ်ပါဘူး” လို့ ရှင်းရှင်းလင်းလင်း ငြင်းဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ အစောပိုင်းမှာ You Tuber တစ် ယောက်က RMဟာ အနုပညာရှင်မဟုတ်သော သက်တူရွယ်တူ ချမ်းသာတဲ့ အမျိုးသမီးနဲ့ ၂၀၁၉ကတည်းက ချိန်းတွေ့ခဲ့တယ်လို့ အခိုင် အမာဆိုထားပါတယ်။

သူတို့ ၂ယောက်ဟာ Instagram မှာ အဆက်အ သွယ်ရှိပြီး သူတို့ဆီမှာ ပစ္စည်းဆင်တူတွေလည်းရှိကာ တည်နေရာတူတဲ့ ပုံတွေလည်း ရှိတယ်လို့
You Tuber က ဆိုပါတယ်။

BIGHIT Music ကတော့ RM ရဲ့ကောလဟာလကို ပြတ်ပြတ်သားသားငြင်းဆိုလိုက်တာပါ။အေဂျင်စီဟာ မကြာသေးခင်ကလည်း Jungkook နဲ့ပတ်သက်တဲ့ ကောလဟလနဲ့ပတ်သတ်ပြီးလည်း ဖြေရှင်းချက် ထုတ်ပြန်ခဲ့ရပါသေးတယ်။

ခုလက်ရှိမှာတော့ BTS အဖွဲ့ဝင်တွေဟာ အနားယူနေပါတယ်။RM, Jin နဲ့ Suga တို့ဟာ ကိုဗစ် ၁၉ ကနေပြန်လည်ကောင်းမွန်လာပြီး J-Hope,
Jin, V နဲ့ Jungkook တို့ကတော့ သူတို့ရဲ့ ကိုယ် ရေးကိုယ်တာကိစ္စတွေနဲ့ အလုပ်ရှုပ်နေပါတယ်။

BTS အဖွဲ့ဝင်တွေဟာ အနားယူနေကြပေမယ့်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းအမျိုးမျိုးမှာပရိတ်သတ်တွေနဲ့ ဆက်ဆံရေးကတော့ အမြဲရှိနေပါတယ်။

Zaw Gyi





You Tuber က ဆိုပါတယ်။





LEAVE A REPLY

Please enter your comment!
Please enter your name here