နှစ်ဦးတရားအလှူတော်အား ဗန်းမော်ဆရာတော်၊သီတဂူဆရာတော်နှင့်ပါမောက္ခချုပ်ဆရာတော်တို့ အွန်လိုင်းမှတဆင့် ဟောကြားမည်

0
447

(Unicode)

နှစ်ဦးတရားအလှူတော်အား ဗန်းမော်ဆရာတော်၊သီတဂူဆရာတော်နှင့်ပါမောက္ခချုပ်ဆရာတော်တို့ အွန်လိုင်းမှတဆင့် ဟောကြားမည်

ရန်ကုန်တိုင်းအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် နှစ်ဦးတရားအလှူတော်အား ဇန်နဝါရီ ၁ ရက်ည ၇ နာရီမှစ၍ ၃ ရက်တိုင်းညစဥ် ည ၇ နာ ရီမှစ၍ အွန်လိုင်းမှတဆင့်ကျင်းပသွားမည်ဖြစ် သည်။

နှစ်ဦးတရားအလှူတော်အား ဇန်နဝါရီ ၁ ရက်တွင် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ ဇန်နဝါရီ ၂ ရက်တွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိသာရ၊ ဇန်နဝါရီ ၃ ရက်တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့က နိဗ္ဗာန်ရောက်ကြောင်းတရားတော်များအား အွန်လိုင်းမှတဆင့်ဟောကြားသွားမည်ဖြစ်သည်။

ယင်းသို့ ဟောကြားရာတွင် ဆရာတော်ကြီးများမှာ သီတင်းသုံးတော်မူသည့် ဘုန်းတော်ကြီးကျောင်းများမှတဆင့်ဟောကြားသွားမည်ဖြစ် သည်။

ဆရာတော်ကြီးများ၏ နှစ်ဦးတရားအလှူတော်အား မဟာဗောဓိရုပ်သံလိုင်းနှင့် Sky Net မှ Buddha Channel လိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

(Zawgyi)

ႏွစ္ဦးတရားအလႉေတာ္အား ဗန္းေမာ္ဆရာေတာ္၊သီတဂူဆရာေတာ္ႏွင့္ပါေမာကၡခ်ဳပ္ဆရာေတာ္တို႔ အြန္လိုင္းမွတဆင့္ ေဟာၾကားမည္

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ကႀကီးမႉးက်င္းပသည့္ ၂၀၂၂ ခုႏွစ္ ႏွစ္ဦးတရားအလႉေတာ္အား ဇန္နဝါရီ ၁ ရက္ည ၇ နာရီမွစ၍ ၃ ရက္တိုင္းညစဥ္ ည ၇ နာ ရီမွစ၍ အြန္လိုင္းမွတဆင့္က်င္းပသြားမည္ျဖစ္ သည္။

ႏွစ္ဦးတရားအလႉေတာ္အား ဇန္နဝါရီ ၁ ရက္တြင္ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသ၊ ဇန္နဝါရီ ၂ ရက္တြင္ သီတဂူဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဥာဏိသာရ၊ ဇန္နဝါရီ ၃ ရက္တြင္ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲနႏၵမာလာဘိဝံသတို႔က နိဗၺာန္ေရာက္ေၾကာင္းတရားေတာ္မ်ားအား အြန္လိုင္းမွတဆင့္ေဟာၾကားသြားမည္ျဖစ္သည္။

ယင္းသို႔ ေဟာၾကားရာတြင္ ဆရာေတာ္ႀကီးမ်ားမွာ သီတင္းသုံးေတာ္မူသည့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွတဆင့္ေဟာၾကားသြားမည္ျဖစ္ သည္။

ဆရာေတာ္ႀကီးမ်ား၏ ႏွစ္ဦးတရားအလႉေတာ္အား မဟာေဗာဓိ႐ုပ္သံလိုင္းႏွင့္ Sky Net မွ Buddha Channel လိုင္းတို႔မွ တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here