မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ ဒုရဲအုပ်တစ်ဦးသေဆုံး

0
193

မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ ဒုရဲအုပ်တစ်ဦးသေဆုံး

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ဆ)ရပ် ကွက်၊ခေမာသီလမ်းရှိ မြောက်ဥက္ကလာပမြို့မရဲ စခန်းအား ဒီဇင်ဘာ ၃၁ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားကာ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူလည်းရှိကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဖြစ်စဥ်ကမှန်တယ် နာရီဝက်နီးပါးလောက်အပြန် အလှန်ပစ်တယ် တစ်ဖက်ကရဲစခန်းဝင်ထွက် ပေါက်ကင်းတဲကို ဗုံးနဲ့အရင်စပစ်ပြီးထွက်ပြေးတဲ့အချိန် အခုလိုပစ်ခတ်မှုတွေဖြစ်တာ”ဟုရဲအရာရှိတစ်ဦးကပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်မဖြစ်ပွားမီ ရဲစခန်းရှေ့ ဝင်၊ထွက်ပေါက်အနီးရှိ လုံခြုံရေးအဖွဲ့ဝင်များရှိသည့် ဘန်ကာအနီးသို့ လက်လုပ်ဗုံးဖြင့်စတင်ပစ်ခတ်ရာမှအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားစဥ် လုံခြုံရေးအဖွဲ့ဝင်များက စခန်းရှေ့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပစ်ခတ်သူများ ခိုအောင်းနေနိုင်ကြောင်းမသင်္ကာသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းရန်ပြင်ဆင်စဉ် လက် လုပ်ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ထပ်မံပေါက်ကွဲမှုဖြစ်စဥ်၌ ဒုရဲအုပ်တစ်ဦးနှင့်စစ်သားတစ်ဦးဒဏ်ရာများရခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့တင်ပို့၍ ဆေးကုသစဥ် ဒုရဲအုပ်မှာရရှိထားသည့် ဒဏ်ရာများကြောင့်သေဆုံးသွားခဲ့သည်။

“ပစ်သံတွေနဲ့ပေါက်ကွဲသံတွေကတော့အများကြီးပဲ ကြောက်တော့ထွက်မကြည့်ရဲဘူး အိမ်ထဲမှာပဲပုန်းနေရတယ် ပစ်တာတွေပြီးတော့အခုအစစ်အ ဆေးတွေကတော့ရှိတယ် တစ်ချို့အိမ်တွေဆိုရင် အိမ်ပေါ်ထိတက်စစ်တယ် သိရသလောက်တော့ ရဲစခန်းကိုကားနဲ့လာပြီးပစ်တာလို့သိထားတယ်” ဟုမြောက်ဥက္ကလာပမြို့နယ်နေသူတစ်ဦးကပြော သည်။

Zaw Gyi

ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္းတြင္ အျပန္အလွန္ ပစ္ခတ္မွုမ်ားျဖစ္ပြားကာ ဒုရဲအုပ္တစ္ဦးေသဆုံး

ရန္ကုန္တိုင္း၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဆ)ရပ္ ကြက္၊ေခမာသီလမ္းရွိ ေျမာက္ဥကၠလာပၿမိဳ႕မရဲ စခန္းအား ဒီဇင္ဘာ ၃၁ ရက္ည ၆ နာရီ ၅၀ မိနစ္ခန္႔က ေသနတ္ျဖင့္ပစ္ခတ္မွုေၾကာင့္ အျပန္အလွန္ ပစ္ခတ္မွုမ်ားျဖစ္ပြားကာ ဒုရဲအုပ္တစ္ဦးေသဆုံးၿပီး ဒဏ္ရာရသူလည္းရွိေၾကာင္း ရန္ကုန္တိုင္းရဲ တပ္ဖြဲ႕မွူး႐ုံးမွ သိရသည္။

“ျဖစ္စဥ္ကမွန္တယ္ နာရီဝက္နီးပါးေလာက္အျပန္ အလွန္ပစ္တယ္ တစ္ဖက္ကရဲစခန္းဝင္ထြက္ ေပါက္ကင္းတဲကို ဗုံးနဲ႔အရင္စပစ္ၿပီးထြက္ေျပးတဲ့အခ်ိန္ အခုလိုပစ္ခတ္မွုေတြျဖစ္တာ”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

အျပန္အလွန္ပစ္ခတ္မွုျဖစ္စဥ္မျဖစ္ပြားမီ ရဲစခန္းေရွ႕ ဝင္၊ထြက္ေပါက္အနီးရွိ လုံျခဳံေရးအဖြဲ႕ဝင္မ်ားရွိသည့္ ဘန္ကာအနီးသို႔ လက္လုပ္ဗုံးျဖင့္စတင္ပစ္ခတ္ရာမွအျပန္အလွန္ပစ္ခတ္မွုမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ပစ္ခတ္မွုျဖစ္ပြားစဥ္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စခန္းေရွ႕ရွိ ျမန္မာ့စီးပြားေရးဘဏ္ခြဲ၌ ပစ္ခတ္သူမ်ား ခိုေအာင္းေနနိုင္ေၾကာင္းမသကၤာသျဖင့္ ပူးေပါင္းအဖြဲ႕ျဖင့္ ရွင္းလင္းရန္ျပင္ဆင္စဥ္ လက္ လုပ္ဗုံးတစ္လုံးထပ္မံေပါက္ကြဲခဲ့သည္ဟု ရဲတပ္ဖြဲ႕မွသိရသည္။

အဆိုပါ ထပ္မံေပါက္ကြဲမွုျဖစ္စဥ္၌ ဒုရဲအုပ္တစ္ဦးႏွင့္စစ္သားတစ္ဦးဒဏ္ရာမ်ားရခဲ့သျဖင့္ ေျမာက္ဥကၠလာပေဆး႐ုံသို႔တင္ပို႔၍ ေဆးကုသစဥ္ ဒုရဲအုပ္မွာရရွိထားသည့္ ဒဏ္ရာမ်ားေၾကာင့္ေသဆုံးသြားခဲ့သည္။

“ပစ္သံေတြနဲ႔ေပါက္ကြဲသံေတြကေတာ့အမ်ားႀကီးပဲ ေၾကာက္ေတာ့ထြက္မၾကည့္ရဲဘူး အိမ္ထဲမွာပဲပုန္းေနရတယ္ ပစ္တာေတြၿပီးေတာ့အခုအစစ္အ ေဆးေတြကေတာ့ရွိတယ္ တစ္ခ်ိဳ႕အိမ္ေတြဆိုရင္ အိမ္ေပၚထိတက္စစ္တယ္ သိရသေလာက္ေတာ့ ရဲစခန္းကိုကားနဲ႔လာၿပီးပစ္တာလို႔သိထားတယ္” ဟုေျမာက္ဥကၠလာပၿမိဳ႕နယ္ေနသူတစ္ဦးကေျပာ သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here