လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ညှိနှိုင်းနေဆဲဖြစ်

0
203

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းပြန်လည်ဖွင့်လှစ်မည့်ရက်အား ညှိနှိုင်းနေဆဲဖြစ်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများအ နက် တစ်ခုအပါအဝင်ဖြစ်သည့် လွယ်ဂျယ်နယ် စပ်ကုန်သွယ်ရေးစခန်းအား ဒီဇင်ဘာ ၃၁ ရက်ကပြန်လည်ဖွင့်လှစ်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ရေးသားဖော်ပြလျက်ရှိသော်လည်း ပြန်လည်ဖွင့်လှစ်မည့်ရက်အား နှစ်နိုင်ငံညှိနှိုင်းနေဆဲဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံတာဝန်ရှိသူများက ဒီဇင် ဘာ ၂၈ ရက်တွင် နယ်စပ်စခန်းအားပြန်ဖွင့်ရန်ညှိ နှိုင်းခဲ့ကြသည်။ထိုသို့ ညှိနှိုင်းရာတွင် ထိန်းကြောင်းမည့်စနစ်များ၊နယ်စပ်တွင်ပိတ်မိနေသည့် ကုန်တင်ယာဥ်ချိန်းမည့်ကိစ္စများနှင့်တရုတ်နိုင်ငံမှ Quarantine Centre ကူညီမည့်ကိစ္စများကို ဆွေး နွေးခဲ့ကြသည်။

“ဆွေးနွေးထားတုန်းပဲရှိပါသေးတယ် အဲဒါတွေကိုသူတို့ဖက်ကထိန်းကြောင်းမဲ့ပုံစံရယ် ဂိတ်စဖွင့်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် ဂိတ်ကိုဘယ်လိုစဖွင့်မယ် ဘယ်နေ့မှာဂိတ်စဖွင့်မယ်ဆိုတာတွေကို သူတို့ဖက်က ယူနန်ပြည်နယ်ကိုတင်အုံးမယ် ယူနန်ပြည်နယ်က အဆင်ပြေပြီဆိုမှပြန်ဖွင့်မှာပါ ညှိနှိုင်းတုန်းပါ ညှိနှိုင်းနေဆဲပါ ဖွင့်တာကတော့ဖွင့်မှာပါ” ဟုလွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ဒု- ညွှန်ကြားရေးမှူးဦးမင်းမင်းကပြောသည်။

တရုတ်နိုင်ငံဖက်မှလည်း လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးစခန်းအား ပြန်လည်ဖွင့်လှစ်ရန်နှင့်လုပ် ဆောင်ရမည့်အစီအစဥ်များအား တင်ပြထားဆဲဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းပြန်လည်ဖွင့်လှစ်ပါက မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပဲ၊ပြောင်း၊နှမ်း၊ဖရဲသီးနှင့်ကြံ တို့အားတင်ပို့ရန်အဆင်သင့်ရှိနေကြောင်း သိရသည်။

“လောလောဆယ်တော့ သူတို့ဖက်ကလည်းနယ် စပ်ဂိတ်မဖွင့်ခင် နှစ်နိုင်ငံနယ်စပ်ကြားမှာ ပိတ်မိနေတဲ့ကားတွေကိုချိန်းဖို့ အရင်စီစဥ်ပါ့မယ် အဲဒါကလည်း ကျွန်တော်တို့ဖက်ကတောင်းဆိုထားတာက ကျွန်တော်တို့ဖက်ကကုန်ကားအစီး ၅၀ သူတို့ဖက်ကကုန်ကားအစီး ၅၀ ကျွန်တော်တို့ဖက်ကအရင်ပို့မယ် ကျွန်တော်တို့ဖက်ကကုန်နဲ့ဆိုရင်သူတို့ဖက်ကလည်းကုန်နဲ့ပို့ဖို့ရည်မှန်းပြီး ဆွေးနွေးထားပါတယ်”ဟု ဒု-ညွှန်ကြားရေးမှူးဦးမင်းမင်းကပြောသည်။

Zaw Gyi

လြယ္ဂ်ယ္နယ္စပ္ကုန္သြယ္ေရးစခန္းျပန္လည္ဖြင့္လွစ္မည့္ရက္အား ညႇိႏွိုင္းေနဆဲျဖစ္

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားအ နက္ တစ္ခုအပါအဝင္ျဖစ္သည့္ လြယ္ဂ်ယ္နယ္ စပ္ကုန္သြယ္ေရးစခန္းအား ဒီဇင္ဘာ ၃၁ ရက္ကျပန္လည္ဖြင့္လွစ္မည္ဟု လူမွုကြန္ယက္စာမ်က္ႏွာမ်ားေပၚ၌ ေရးသားေဖာ္ျပလ်က္ရွိေသာ္လည္း ျပန္လည္ဖြင့္လွစ္မည့္ရက္အား ႏွစ္နိုင္ငံညႇိႏွိုင္းေနဆဲျဖစ္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနမွ သိရသည္။

ျမန္မာ-တ႐ုတ္ႏွစ္နိုင္ငံတာဝန္ရွိသူမ်ားက ဒီဇင္ ဘာ ၂၈ ရက္တြင္ နယ္စပ္စခန္းအားျပန္ဖြင့္ရန္ညႇိ ႏွိုင္းခဲ့ၾကသည္။ထိုသို႔ ညႇိႏွိုင္းရာတြင္ ထိန္းေၾကာင္းမည့္စနစ္မ်ား၊နယ္စပ္တြင္ပိတ္မိေနသည့္ ကုန္တင္ယာဥ္ခ်ိန္းမည့္ကိစၥမ်ားႏွင့္တ႐ုတ္နိုင္ငံမွ Quarantine Centre ကူညီမည့္ကိစၥမ်ားကို ေဆြး ေႏြးခဲ့ၾကသည္။

“ေဆြးေႏြးထားတုန္းပဲရွိပါေသးတယ္ အဲဒါေတြကိုသူတို႔ဖက္ကထိန္းေၾကာင္းမဲ့ပုံစံရယ္ ဂိတ္စဖြင့္တဲ့အခ်ိန္မွာ ႏွစ္ဦးႏွစ္ဖက္ ဂိတ္ကိုဘယ္လိုစဖြင့္မယ္ ဘယ္ေန႔မွာဂိတ္စဖြင့္မယ္ဆိုတာေတြကို သူတို႔ဖက္က ယူနန္ျပည္နယ္ကိုတင္အုံးမယ္ ယူနန္ျပည္နယ္က အဆင္ေျပၿပီဆိုမွျပန္ဖြင့္မွာပါ ညႇိႏွိုင္းတုန္းပါ ညႇိႏွိုင္းေနဆဲပါ ဖြင့္တာကေတာ့ဖြင့္မွာပါ” ဟုလြယ္ဂ်ယ္နယ္စပ္ကုန္သြယ္ေရးစခန္း၏ ဒု- ညႊန္ၾကားေရးမွူးဦးမင္းမင္းကေျပာသည္။

တ႐ုတ္နိုင္ငံဖက္မွလည္း လြယ္ဂ်ယ္နယ္စပ္ကုန္ သြယ္ေရးစခန္းအား ျပန္လည္ဖြင့္လွစ္ရန္ႏွင့္လုပ္ ေဆာင္ရမည့္အစီအစဥ္မ်ားအား တင္ျပထားဆဲျဖစ္သည္။

နယ္စပ္ကုန္သြယ္ေရးစခန္းျပန္လည္ဖြင့္လွစ္ပါက ျမန္မာနိုင္ငံမွ လယ္ယာထြက္ကုန္ပစၥည္းမ်ားျဖစ္သည့္ ပဲ၊ေျပာင္း၊ႏွမ္း၊ဖရဲသီးႏွင့္ႀကံ တို႔အားတင္ပို႔ရန္အဆင္သင့္ရွိေနေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ သူတို႔ဖက္ကလည္းနယ္ စပ္ဂိတ္မဖြင့္ခင္ ႏွစ္နိုင္ငံနယ္စပ္ၾကားမွာ ပိတ္မိေနတဲ့ကားေတြကိုခ်ိန္းဖို႔ အရင္စီစဥ္ပါ့မယ္ အဲဒါကလည္း ကၽြန္ေတာ္တို႔ဖက္ကေတာင္းဆိုထားတာက ကၽြန္ေတာ္တို႔ဖက္ကကုန္ကားအစီး ၅၀ သူတို႔ဖက္ကကုန္ကားအစီး ၅၀ ကၽြန္ေတာ္တို႔ဖက္ကအရင္ပို႔မယ္ ကၽြန္ေတာ္တို႔ဖက္ကကုန္နဲ႔ဆိုရင္သူတို႔ဖက္ကလည္းကုန္နဲ႔ပို႔ဖို႔ရည္မွန္းၿပီး ေဆြးေႏြးထားပါတယ္”ဟု ဒု-ညႊန္ၾကားေရးမွူးဦးမင္းမင္းကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here