လေးကေ့ကော်ဒေသဖြစ်စဥ်မှ ထိုင်းနိုင်ငံရောက်စစ်ဘေးရှောင် ခြောက်ထောင်နီးပါး ​နေရပ်သို့ ပြန်လည်ဝင်ရောက်လာ

0
164

လေးကေ့ကော်ဒေသဖြစ်စဥ်မှ ထိုင်းနိုင်ငံရောက်စစ်ဘေးရှောင် ခြောက်ထောင်နီးပါး ​နေရပ်သို့ ပြန်လည်ဝင်ရောက်လာ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊လေးကေ့ကော်ဒေသတစ်ဝိုက်၌ ဖြစ်ပွားလျက်ရှိသည့် ထိတွေ့တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊မဲဆောက်ခရိုင်ဖက်သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသူများအနက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသူ ယနေ့အထိ ၅၈၇၂ ဦးရှိပြီဖြစ် သည်။

မဲဆောက်ခရိုင်နှင့်ဖွတ်ခ ခရိုင်တို့၌စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် ဒီဇင်ဘာ ၂၉ ရက်မှစ၍ နေ့စဥ်ပြန် လည်ဝင်ရောက်လာခြင်းဖြစ်ပြီး နိုင်ငံတကာနှစ်သစ်ကူးနေ့ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁ ရက်တွင် ၁၄၈၄ ဦးထပ်မံဝင်ရောက်ခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ မြန်မာစစ်ဘေးရှောင် အမျိုးသား ၂၇၁၂ ဦး၊အမျိုးသမီး ၃၁၆၀ ဦး(စုစုပေါင်း ၅၈၇၂ ဦး)ပြန် လည်ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များသည် အင်ကြင်းမြိုင်ရွာ၊ မင်းလက်ပံရွာ၊ မယ်ထော်သလေးရွာနှင့်မေ တ္တာလင်းမြိုင်ရွာတို့မှ ရွာသူ၊ရွာသားများဖြစ် သည်။

ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်များအား ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံမှတာ ဝန်ရှိသူများက စနစ်တကျစီစစ်၍ ပြန်လည်လက် ခံပေးပြီး လိုအပ်သည့်အကူအညီများပေးခဲ့ကြသည်။

Zaw Gyi

ေလးေက့ေကာ္ေဒသျဖစ္စဥ္မွ ထိုင္းနိုင္ငံေရာက္စစ္ေဘးေရွာင္ ေျခာက္ေထာင္နီးပါး ​ေနရပ္သို႔ ျပန္လည္ဝင္ေရာက္လာ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္၊ေလးေက့ေကာ္ေဒသတစ္ဝိုက္၌ ျဖစ္ပြားလ်က္ရွိသည့္ ထိေတြ႕တိုက္ပြဲမ်ားေၾကာင့္ ထိုင္းနိုင္ငံ၊မဲေဆာက္ခရိုင္ဖက္သို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနသူမ်ားအနက္ ျမန္မာနိုင္ငံအတြင္းသို႔ ျပန္လည္ဝင္ေရာက္လာသူ ယေန႔အထိ ၅၈၇၂ ဦးရွိၿပီျဖစ္ သည္။

မဲေဆာက္ခရိုင္ႏွင့္ဖြတ္ခ ခရိုင္တို႔၌စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနသည့္ ျမန္မာနိုင္ငံသားမ်ားသည္ ဒီဇင္ဘာ ၂၉ ရက္မွစ၍ ေန႔စဥ္ျပန္ လည္ဝင္ေရာက္လာျခင္းျဖစ္ၿပီး နိုင္ငံတကာႏွစ္သစ္ကူးေန႔ျဖစ္သည့္ ၂၀၂၂ ခုႏွစ္၊ဇန္နဝါရီ ၁ ရက္တြင္ ၁၄၈၄ ဦးထပ္မံဝင္ေရာက္ခဲ့သည္။

ထို႔ေၾကာင့္ ဒီဇင္ဘာ ၂၉ ရက္မွ ဇန္နဝါရီ ၁ ရက္အထိ ျမန္မာစစ္ေဘးေရွာင္ အမ်ိဳးသား ၂၇၁၂ ဦး၊အမ်ိဳးသမီး ၃၁၆၀ ဦး(စုစုေပါင္း ၅၈၇၂ ဦး)ျပန္ လည္ဝင္ေရာက္လာခဲ့ၿပီးျဖစ္သည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားသည္ အင္ၾကင္းၿမိဳင္ရြာ၊ မင္းလက္ပံရြာ၊ မယ္ေထာ္သေလးရြာႏွင့္ေမ တၱာလင္းၿမိဳင္ရြာတို႔မွ ရြာသူ၊ရြာသားမ်ားျဖစ္ သည္။

ျပန္လည္ဝင္ေရာက္လာသည့္ စစ္ေဘးေရွာင္မ်ားအား ထိုင္း-ျမန္မာနယ္စပ္တြင္ ျမန္မာနိုင္ငံမွတာ ဝန္ရွိသူမ်ားက စနစ္တက်စီစစ္၍ ျပန္လည္လက္ ခံေပးၿပီး လိုအပ္သည့္အကူအညီမ်ားေပးခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here