ရန်ကုန်အပါအဝင် ဘဏ်ခွဲ ၂၃ ခုတွင် တိုကင်ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ပြီဖြစ်ဟု UAB Bank ကြေညာ

0
333

ရန်ကုန်အပါအဝင် ဘဏ်ခွဲ ၂၃ ခုတွင် တိုကင်ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ပြီဖြစ်ဟု UAB Bank ကြေညာ

UAB Bank မှရန်ကုန်မြို့ရှိ ဘဏ်ခွဲ ၆ ခုအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဘဏ်ခွဲ ၂၃ ခု၌ တိုကင်ယူရန်မလိုအပ်ပဲ ဇန်နဝါရီလမှစ၍ ငွေသားထုတ်ယူနိုင်ကြောင်း ဘဏ်၏လူမှုကွန်ယက်စာ မျက်နှာတွင် ကြေညာခဲ့သည်။

ယင်းသို့ ထုတ်ယူရာတွင် ရန်ကုန်မြို့၌ မဟာဗန္ဓုလ(၅၄)လမ်းဘဏ်ခွဲ၊ မြောက်ဥက္ကလာပ(သီရီရ တနာ)ဘဏ်ခွဲ၊ ဒဂုံမြောက်ပိုင်း(ရာဇဓိရာဇ်) ဘဏ်ခွဲ၊ အလုံဘဏ်ခွဲ၊ ဒဂုံ(န၀ဒေးလမ်း)ဘဏ်ခွဲနှင့်သ မိုင်း(ဘူတာရုံလမ်း)ဘဏ်ခွဲတို့တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။

အလားတူ နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည် နယ်များရှိဘဏ်ခွဲများ၌လည်း ငွေသားထုတ်ယူနိုင်မည်ဖြစ်ကာ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ၂၀၂၁ ခုနှစ်၊မေ ၃ ရက်မှစတင်ကာ UAB Bank တွင်အကောင့်ဖွင့်ထားသူများသာ တိုကင်ယူရန်မလိုပဲ ထုတ်ယူနိုင်မည်ဖြစ်သည်။

တိုကင်ယူရန်မလိုပဲ ငွေထုတ်ယူရာတွင် နှစ်ပတ်လျင်တစ်ကြိမ် ငွေကျပ် ၅ သိန်း၊တစ်လလျင်အ များဆုံး ငွေကျပ် ၁၀ သိန်းအားထုတ်ယူနိုင်မည်ဖြစ်သည်။

“အနာဂတ်မှာ တိုကက်တွေကိုဖယ်ရှား၍ ဘဏ်ဝန် ဆောင်မှုများပေးနိုင်ရန် ကျွန်တော်တို့ ကြိုးစားသွားပါမည်”ဟုကြေညာချက်၌ရေးသားထား သည်။

တိုကင်ယူရန်မလိုပဲ ငွေထုတ်ယူနိုင်သည့် ဘဏ်ခွဲစာရင်းတွင်မပါဝင်သည့် ဘဏ်ခွဲများ၌ငွေထုတ်လိုပါက တိုကင်ယူပြီးမှသာငွေထုတ်နိုင်မည်ဖြစ်သည်။

Zaw Gyi

ရန္ကုန္အပါအဝင္ ဘဏ္ခြဲ ၂၃ ခုတြင္ တိုကင္ယူရန္မလိုပဲ ေငြသားထုတ္ယူနိုင္ၿပီျဖစ္ဟု UAB Bank ေၾကညာ

UAB Bank မွရန္ကုန္ၿမိဳ႕ရွိ ဘဏ္ခြဲ ၆ ခုအပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ ဘဏ္ခြဲ ၂၃ ခု၌ တိုကင္ယူရန္မလိုအပ္ပဲ ဇန္နဝါရီလမွစ၍ ေငြသားထုတ္ယူနိုင္ေၾကာင္း ဘဏ္၏လူမွုကြန္ယက္စာ မ်က္ႏွာတြင္ ေၾကညာခဲ့သည္။

ယင္းသို႔ ထုတ္ယူရာတြင္ ရန္ကုန္ၿမိဳ႕၌ မဟာဗႏၶဳလ(၅၄)လမ္းဘဏ္ခြဲ၊ ေျမာက္ဥကၠလာပ(သီရီရ တနာ)ဘဏ္ခြဲ၊ ဒဂုံေျမာက္ပိုင္း(ရာဇဓိရာဇ္) ဘဏ္ခြဲ၊ အလုံဘဏ္ခြဲ၊ ဒဂုံ(န၀ေဒးလမ္း)ဘဏ္ခြဲႏွင့္သ မိုင္း(ဘူတာ႐ုံလမ္း)ဘဏ္ခြဲတို႔တြင္ ထုတ္ယူနိုင္မည္ျဖစ္သည္။

အလားတူ ေနျပည္ေတာ္၊တိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားရွိဘဏ္ခြဲမ်ား၌လည္း ေငြသားထုတ္ယူနိုင္မည္ျဖစ္ကာ ဗဟိုဘဏ္၏ ညႊန္ၾကားခ်က္အရ ၂၀၂၁ ခုႏွစ္၊ေမ ၃ ရက္မွစတင္ကာ UAB Bank တြင္အေကာင့္ဖြင့္ထားသူမ်ားသာ တိုကင္ယူရန္မလိုပဲ ထုတ္ယူနိုင္မည္ျဖစ္သည္။

တိုကင္ယူရန္မလိုပဲ ေငြထုတ္ယူရာတြင္ ႏွစ္ပတ္လ်င္တစ္ႀကိမ္ ေငြက်ပ္ ၅ သိန္း၊တစ္လလ်င္အ မ်ားဆုံး ေငြက်ပ္ ၁၀ သိန္းအားထုတ္ယူနိုင္မည္ျဖစ္သည္။

“အနာဂတ္မွာ တိုကက္ေတြကိုဖယ္ရွား၍ ဘဏ္ဝန္ ေဆာင္မွုမ်ားေပးနိုင္ရန္ ကၽြန္ေတာ္တို႔ ႀကိဳးစားသြားပါမည္”ဟုေၾကညာခ်က္၌ေရးသားထား သည္။

တိုကင္ယူရန္မလိုပဲ ေငြထုတ္ယူနိုင္သည့္ ဘဏ္ခြဲစာရင္းတြင္မပါဝင္သည့္ ဘဏ္ခြဲမ်ား၌ေငြထုတ္လိုပါက တိုကင္ယူၿပီးမွသာေငြထုတ္နိုင္မည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here