မြန်မာနိုင်ငံတွင် နှစ်စဥ်ဆီတန်ချိန် ၁၀ သိန်းခန့်လိုအပ်၍ ပြည်ပမှဆီတန်ချိန်များစွာတင်သွင်းနေရ

0
201

မြန်မာနိုင်ငံတွင် နှစ်စဥ်ဆီတန်ချိန် ၁၀ သိန်းခန့်လိုအပ်၍ ပြည်ပမှဆီတန်ချိန်များစွာတင်သွင်းနေရ

မြန်မာနိုင်ငံမှဆီထုတ်လုပ်နိုင်မှုသည် တစ်နှစ်လျင် တန်ချိန် ၃ သိန်းခန့်သာထုတ်လုပ်နိုင်သဖြင့် လို အပ်သည့် တန်ချိန် ၇ သိန်းခွဲကျော်ခန့်အား နှစ်စဥ်ပြည်ပမှမှာယူတင်သွင်းနေရသည်ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ပြည်တွင်းစျေးကွက်တွင်လည်း ကိုဗစ်(၁၉)ရော ဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊မတ်လခန့်မှစတင်ကာ နိုင်ငံခြားစားအုန်းဆီစျေးများမှာ အ ဓိကထုတ်လုပ်သည့် နိုင်ငံများတွင် အလုပ်သမားရှားပါးမှု၊ရာသီဥတုဖောက်ပြန်မှုနှင့်ကိုဗစ်(၁၉) ရောဂါသက်ရောက်မှုတို့ကြောင့် ထုတ်လုပ်မှုများကျဆင်းကာ စက်ရုံလည်ပတ်မှု‌များကျဆင်းလာသဖြင့် စျေးနှုန်းများမြင့်တက်သွားခဲ့သည်။

“အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတွေက စားအုန်းဆီတွေကို အဓိကတင်သွင်းပါတယ် အရင်က နိုင်ငံ ခြားဆီစျေးထက် အခု ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလမှာ အရင်စျေးတွေထက် နှစ်ဆကျော်မြင့်တက်လာခဲ့တယ်”ဟုမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဦးပိုင်ဖြိုးသန့်ကပြောသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်ကဆိုရင် ၄၇၀၀ ကျပ်ခန့်အထိ မြင့်တက်သွားတယ်”ဟု၎င်းကဆက်ပြော သည်။

ဗဟိုဘဏ်မှ အောက်တိုဘာလအတွင်း ရောင်းချပေးခဲ့သည့် အမေရိကန်ဒေါ်လာ ၃၁ သန်းအားအသုံးပြု၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းက တစ်နိုင်ငံလုံးရှိ ဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင် ၂၅၀၀ ဦးခန့်အား ဆီတန်ချိန် ၂၅၁၄၀ အတိကိုဖြန့်ဖြူးပေးခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆီလက်လီ၊လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအား ဆီတန်ချိန် ၁၈၇၀၀ ခန့်၊ပြည်သူများအား သက်သာသည့်စျေးနှုန်းဖြင့် ဆီတန်ချိန် ၂၁၀၀ ကျော်ခန့်အားတိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးမှုများကိုလုပ် ဆောင်ခဲ့သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအ သင်းမှ လက်ရှိဖြစ်ပေါ်နေသည့် စျေးကွက်အခြေ အနေလိုအပ်ချက်များ၊ပြည်တွင်းဆီစားသုံးမှုဖူလုံရေး၊ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ပြည်တွင်း ၌စိုက်ပျိုးထားသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊အားကောင်းရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

 

Zaw Gyi



ပြည်တွင်းဈေးကွက်တွင်လည်း ကိုဗစ်(၁၉)ရော ဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊မတ်လခန့်မှစတင်ကာ နိုင်ငံခြားစားအုန်းဆီဈေးများမှာ အ ဓိကထုတ်လုပ်သည့် နိုင်ငံများတွင် အလုပ်သမားရှားပါးမှု၊ရာသီဥတုဖောက်ပြန်မှုနှင့်ကိုဗစ်(၁၉) ရောဂါသက်ရောက်မှုတို့ကြောင့် ထုတ်လုပ်မှုများကျဆင်းကာ စက်ရုံလည်ပတ်မှု‌များကျဆင်းလာသဖြင့် ဈေးနှုန်းများမြင့်တက်သွားခဲ့သည်။

“အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတွေက စားအုန်းဆီတွေကို အဓိကတင်သွင်းပါတယ် အရင်က နိုင်ငံ ခြားဆီဈေးထက် အခု ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလမှာ အရင်ဈေးတွေထက် နှစ်ဆကျော်မြင့်တက်လာခဲ့တယ်”ဟုမြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဦးပိုင်ဖြိုးသန့်ကပြောသည်။



ရန်ကုန်တိုင်းအတွင်းရှိ ဆီလက်လီ၊လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအား ဆီတန်ချိန် ၁၈၇၀၀ ခန့်၊ပြည်သူများအား သက်သာသည့်ဈေးနှုန်းဖြင့် ဆီတန်ချိန် ၂၁၀၀ ကျော်ခန့်အားတိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးမှုများကိုလုပ် ဆောင်ခဲ့သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအ သင်းမှ လက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေ အနေလိုအပ်ချက်များ၊ပြည်တွင်းဆီစားသုံးမှုဖူလုံရေး၊ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ပြည်တွင်း ၌စိုက်ပျိုးထားသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊အားကောင်းရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here