အ​ခြေခံလက်လုပ်လက်စား အိမ်​ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ​ထမင်းဗူးများ တာချီလိတ်တွင်လှူဒါန်း

0
80

အ​ခြေခံလက်လုပ်လက်စား အိမ်​ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ​ထမင်းဗူးများ တာချီလိတ်တွင်လှူဒါန်း

တာချီလိတ်မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီက မြို့နယ်တွင်းရှိအခြေခံ လက်လုပ် လက်စား အိမ်​ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများအား ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင် စျေးအနီးတွင် ယ​နေ့ ဇန်နဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းက လှူဒါန်းပေးခဲ့သည်။

တာချီလိတ်မြို့နယ်ရှိ အ​ခြေခံလက်လုပ်လက်စား လူတန်းစားများအတွက် စားဝတ်နေရေး တဖက်တလမ်းမှ အထောက်အကူပြုရေးအတွက်စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူကြီး မင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးပါဝင်သော အဖွဲဝင်များက ထိုင်းဘတ်ငွေ (၂၀)ဘတ်တန် တန်ဖိုးရှိ ထမင်းဟင်းအစုံ ပါဝင်သော ထမင်းဗူးအား အပတ်စဉ် တနဂ်နွေနေ့တိုင်း အလှူရှင်များနှင့်အတူ လှူဒါန်းနေရာ(၅)ကြိမ်ရှိပြီဟုသိရသည်။

ယနေ့ နံနက်ပိုင်းက (၅)ကြိမ်မြောက်အဖြစ် အလှူရှင်မှာ နန်းရွှေကျင်းရွှေဆိုင်ပိုင်ရှင် ဦးစိုင်းစွမ်ဝဒ်နှင့် ဒေါ်နန်းထက်ဧကရီ တို့က ထမင်းဗူး (၁၀၀၀)ထုပ်ကျော် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူကြီး မင်းမင်းထွန်း ဦးဆောင်သည့် တာချီလိတ်မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းနေဦးပါဝင်သော အဖွဲဝင်များက ရပ်ကွက်အတွင်းရှိ လမ်းသွား လမ်းလာများအား ထမင်းဗူးများလှူဒါန်းပေးခဲ့သည်ဟုသိရသည်။

Zaw Gyi


တာချီလိတ်မြို့ဖွံဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီက မြို့နယ်တွင်းရှိအခြေခံ လက်လုပ် လက်စား အိမ်​ထောင်စုဝင် (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများအား ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင် ဈေးအနီးတွင် ယ​နေ့ ဇန်နဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းက လှူဒါန်းပေးခဲ့သည်။




LEAVE A REPLY

Please enter your comment!
Please enter your name here