“နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအ နေဖြင့် မိမိတို့၏ကောင်းမြတ်သည့် အစဉ်အလာ များကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်”ဟု (၈၄)နှစ်မြောက် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ် လွှာ၌ နစက ဥက္ကဋ္ဌက ထည့်သွင်းပြောကြား

0
230

“နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးအ နေဖြင့် မိမိတို့၏ကောင်းမြတ်သည့် အစဉ်အလာ များကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်သွားပါက ပြည်ထောင်စုကြီး အရှည်တည်တံ့ခိုင်မြဲနေမည်”ဟု (၈၄)နှစ်မြောက် ကရင်အမျိုးသားနေ့နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ် လွှာ၌ နစက ဥက္ကဋ္ဌကထည့်သွင်းပြောကြား

၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၂ ရက်(ကရင်နှစ် ၂၇၆၁ ခု)တွင်ကျရောက်သည့် (၈၄)နှစ်မြောက် ကရင်အမျိုးသားနေ့နှစ်သစ်ကူးနေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌမှပေးပို့သည့် သဝဏ်လွှာ၌အထက်ပါအတိုင်းရေးသားထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများသည် ဓလေ့ထုံးတမ်းများ မတူကွဲပြားကြသော်လည်း တိုင်းရင်းသားလူမျိုးများအား လုံး မိသားစုစိတ်ဓာတ်များမွေးမြူပြီး တစ်ဦးအ ပေါ်တစ်ဦးတန်ဖိုးထားလေးစား၍ အတူတကွနေ ထိုင်လာခဲ့ကြသည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

မွေးဖွားရာဇာတိ၊ နေထိုင်ရာအရပ်ဒေသ၊ ပြောဆိုသုံးနှုန်းသည့် စာပေစကား၊ ကိုးကွယ်ယုံကြည်သည့် ဘာသာ၊ လိုက်နာကျင့်သုံးသည့် ဓလေ့ထုံး တမ်းအစဉ်အလာများ မည်သို့ပင်ကွဲပြားစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီးအေး အတူပူအမျှ၊ မရှိအတူရှိအတူ စည်းလုံးညီညာခဲ့ကြသည်။

အလားတူ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်လျက်ရှိသည့် ကရင်တိုင်းရင်းသားတို့၏ ပင်ကိုယ်သဘာဝသည် ရိုးသားအေးချမ်းပြီး မာန်မာနကင်းစင်ကာ အပြုံးကိုယ်စီဆောင်ကာ ရဲရင့်ပြတ်သားပြီး ကတိသစ္စာကြီးမားသည်။

ကရင်တိုင်းရင်းသားတို့၏ တိုင်းပြည်အပေါ်ထားရှိသည့် ကောင်းမွန်သောစိတ်ထားများကြောင့် ငြိမ်းချမ်းရေး အသီးအပွင့်ကို လက်တွေ့ သိရှိခံ စားနေရပြီး ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ထိတွေ့ ခံစားနေရပြီဖြစ်သည်။ရရှိပြီးသည့် ရလဒ်ကောင်းများကို ပိုမိုတိုးတက်ဖြစ်ထွန်းအောင်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးအမွေကို သားစဉ်မြေး ဆက်ခံစားနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်ဟု သဝဏ်လွှာ၌ရေးသားထားသည်။

မိမိတို့အနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည် ဆောက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သော စုပေါင်းအင်အားဖြင့် နိုင်ငံတော်ကို ဆက်လက်တည် ဆောက်သွားရန် တိုက်တွန်းလိုသည်ဟုလည်း သ ဝဏ်လွှာ၌ရေးသားထားသည်။

အလားတူ ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေး NCA ကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအားလုံး လက်မှတ်ရေးထိုးလာနိုင်ရေးကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ဟုလည်း သဝဏ်လွှာတွင် နစက ဥက္ကဋ္ဌကထည့်သွင်းပြောကြားခဲ့သည်။

Zaw Gyi

“နိုင္ငံအတြင္းရွိ တိုင္းရင္းသားျပည္သူအားလုံးအ ေနျဖင့္ မိမိတို႔၏ေကာင္းျမတ္သည့္ အစဥ္အလာ မ်ားကို အစဥ္အျမဲထိန္းသိမ္းေစာင့္ေရွာက္သြားပါက ျပည္ေထာင္စုႀကီးအရွည္တည္တံ့ခိုင္ျမဲေနမည္”ဟု (၈၄)ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေန႔ႏွစ္သစ္ကူးေန႔အခမ္းအနားသို႔ ေပးပို႔သည့္ သဝဏ္ လႊာ၌ နစက ဥကၠ႒ကထည့္သြင္းေျပာၾကား

၂၀၂၂ ခုႏွစ္၊ဇန္နဝါရီ ၂ ရက္(ကရင္ႏွစ္ ၂၇၆၁ ခု)တြင္က်ေရာက္သည့္ (၈၄)ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေန႔ႏွစ္သစ္ကူးေန႔အခမ္းအနားသို႔ နစက ဥကၠ႒မွေပးပို႔သည့္ သဝဏ္လႊာ၌အထက္ပါအတိုင္းေရးသားထားျခင္းျဖစ္သည္။

ျမန္မာနိုင္ငံအတြင္း ေနထိုင္သည့္ တိုင္းရင္းသားလူမ်ိဳးမ်ားသည္ ဓေလ့ထုံးတမ္းမ်ား မတူကြဲျပားၾကေသာ္လည္း တိုင္းရင္းသားလူမ်ိဳးမ်ားအား လုံး မိသားစုစိတ္ဓာတ္မ်ားေမြးျမဴၿပီး တစ္ဦးအ ေပၚတစ္ဦးတန္ဖိုးထားေလးစား၍ အတူတကြေန ထိုင္လာခဲ့ၾကသည္ဟု သဝဏ္လႊာ၌ေရးသားထားသည္။

ေမြးဖြားရာဇာတိ၊ ေနထိုင္ရာအရပ္ေဒသ၊ ေျပာဆိုသုံးႏွုန္းသည့္ စာေပစကား၊ ကိုးကြယ္ယုံၾကည္သည့္ ဘာသာ၊ လိုက္နာက်င့္သုံးသည့္ ဓေလ့ထုံး တမ္းအစဥ္အလာမ်ား မည္သို႔ပင္ကြဲျပားေစကာမူ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္ၿပီးေအး အတူပူအမၽွ၊ မရွိအတူရွိအတူ စည္းလုံးညီညာခဲ့ၾကသည္။

အလားတူ ျမန္မာနိုင္ငံအတြင္းမွီတင္းေနထိုင္လ်က္ရွိသည့္ ကရင္တိုင္းရင္းသားတို႔၏ ပင္ကိုယ္သဘာဝသည္ ရိုးသားေအးခ်မ္းၿပီး မာန္မာနကင္းစင္ကာ အျပဳံးကိုယ္စီေဆာင္ကာ ရဲရင့္ျပတ္သားၿပီး ကတိသစၥာႀကီးမားသည္။

ကရင္တိုင္းရင္းသားတို႔၏ တိုင္းျပည္အေပၚထားရွိသည့္ ေကာင္းမြန္ေသာစိတ္ထားမ်ားေၾကာင့္ ၿငိမ္းခ်မ္းေရး အသီးအပြင့္ကို လက္ေတြ႕ သိရွိခံ စားေနရၿပီး ဖြံ့ၿဖိဳးတိုးတက္မွုမ်ားကိုလည္း ထိေတြ႕ ခံစားေနရၿပီျဖစ္သည္။ရရွိၿပီးသည့္ ရလဒ္ေကာင္းမ်ားကို ပိုမိုတိုးတက္ျဖစ္ထြန္းေအာင္ေဖာ္ေဆာင္ၿပီး ၿငိမ္းခ်မ္းေရးအေမြကို သားစဥ္ေျမး ဆက္ခံစားနိုင္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္သြားၾကရန္မွာ ကရင္တိုင္းရင္းသားတို႔၏ သမိုင္းေပးတာဝန္ပင္ျဖစ္သည္ဟု သဝဏ္လႊာ၌ေရးသားထားသည္။

မိမိတို႔အေနျဖင့္ တိုင္းရင္းသားျပည္သူတစ္ရပ္လုံး ၏ လိုအင္ဆႏၵႏွင့္အညီ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုႀကီးတည္ ေဆာက္ေရးကို ႀကိဳးပမ္းအေကာင္အထည္ေဖာ္လ်က္ရွိပါသည္။ထို႔ေၾကာင့္ တိုင္းရင္းသားျပည္သူအားလုံး၏ စည္းလုံးညီညြတ္ေသာ စုေပါင္းအင္အားျဖင့္ နိုင္ငံေတာ္ကို ဆက္လက္တည္ ေဆာက္သြားရန္ တိုက္တြန္းလိုသည္ဟုလည္း သ ဝဏ္လႊာ၌ေရးသားထားသည္။

အလားတူ ထာဝရၿငိမ္းခ်မ္းေရးအတြက္ တစ္နိုင္ ငံလုံးအပစ္အခတ္ရပ္စဲေရး NCA ကို တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားအားလုံး လက္မွတ္ေရးထိုးလာနိုင္ေရးႀကိဳးပမ္းေဆာင္ရြက္ လ်က္ရွိသည္ဟုလည္း သဝဏ္လႊာတြင္ နစက ဥကၠ႒ကထည့္သြင္းေျပာၾကားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here