၂လခွဲအတွင်း အမေရိကန်ဒေါ်လာခြောက်သန်းကျော်အထိ မြန်မာက ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်နိုင်ခဲ့

0
128

၂လခွဲအတွင်း အမေရိကန်ဒေါ်လာခြောက်သန်းကျော်အထိ မြန်မာက ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်နိုင်ခဲ့

ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုအား အောက်တိုဘာလလည်ကစပြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် ၂လခွဲအကြာ အမေရိကန်ဒေါ်လာ ၆သန်းကျော်အထိ မြန်မာက ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်ကုန်များတင်ပို့နိုင်ခဲ့သည်ဟု နစကပြန်ကြားရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နှစ်ဘဏ္ဍာနှစ် ကိုးလခန့် ရေထွက်ကုန်တင်ပို့မှုက အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၇ သန်းသာ ရရှိခဲ့သည်။

ယခုနှစ်တွင် လအနည်းငယ်အတွင်း ရေထွက်ကုန်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ တိုးမြှင့်ရရှိခဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်စ် ဆိပ်ကမ်းသို့ ရေထွက်ကုန် တိုက်ရိုက်တင်ပို့သော စက်လှေများမှ ဝင်ငွေခွန်များ ပါဝင်သည်ဟု နစကပြန်ကြားရေးကဆိုသည်။

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်ဦးက“မနှစ်က ဘဏ္ဍာနှစ်မှာ ကိုးလနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇ သန်းရခဲ့တယ်။ ဒီနှစ် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှစ်လခွဲကျော်အတွင်းမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းကျော် နိုင်ငံခြား ဝင်ငွေရှာဖွေပေးနိုင်ခဲ့တယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်စ်ဆိပ်ကမ်းကို ရေထွက်ကုန် တိုက်ရိုက်တင်ပို့တဲ့ စက်လှေတွေကနေ ဝင်ငွေရခဲ့တာလည်းပါတယ်။ နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိအောင် နည်းလမ်းအမြဲရှာနေ တာ ဖြစ်တဲ့အတွက် ဘယ်လိုပို့ရင်ဝင်ငွေပိုရနိုင်မလဲဆိုတာ ပြည်နယ်အစိုးရကို တင်ပြတယ်။ ပြည်နယ်အစိုးရနဲ့ရုံးချုပ် ဆွေးနွေးတိုင်ပင်ပြီး ခွင့်ပြုချက်နဲ့ ယမန်နှစ်တွေထက် လအနည်းငယ် အတွင်း နိုင်ငံခြားငွေပိုမိုရရှိအောင် ဌာနအနေနဲ့ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့တာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ရေထွက်ကုန် စင်းလုံးပို့ဆောင်မှုဖြင့် ဝင်ငွေပိုမိုရရှိရန် အောက်တိုဘာလတွင် စတင်လျာထားဆောင်ရွက်ခဲ့ရာ ဌာနအတွက် စက်လှေ ၏ ကုန်တန်ချိန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှင့် စက်လှေမှတ်ပုံတင် ကြေး ဒေါ်လာ ၅၀ ရရှိသည့်အတွက် နိုဝင်ဘာလ၌ စက်လှေ ၁၁ စင်းမှ အမေရိကန်ဒေါ်လာ ၁၀၂၅၀ ဒသမ ၅၉ နိုင်ငံခြားဝင်ငွေရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလလယ်မှ ဒီဇင်ဘာလကုန် ပိုင်းထိ ရေချိုငါးနှင့် ငါးခြောက်မျိုးစုံ ကုန်ချိန် ၅၅၄၇ ဒသမ ၅၇၅၊ အမေရိကန်ဒေါ်လာ ၆၆၇၇၀၂၉ ဒသမ ၆၀ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်ဟုသိရသည်။

zaw gyi

၂လခြဲအတြင္း အေမရိကန္ေဒၚလာေျခာက္သန္းေက်ာ္အထိ ျမန္မာက ဘဂၤလားေဒ့ရွ္သို႔ ကုန္သြယ္နိုင္ခဲ့

ကိုဗစ္ေၾကာင့္ ယာယီပိတ္ထားခဲ့ရေသာ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ကုန္သြယ္မွုအား ေအာက္တိုဘာလလည္ကစၿပီး ျပန္လည္ဖြင့္လွစ္ၿပီးေနာက္ ၂လခြဲအၾကာ အေမရိကန္ေဒၚလာ ၆သန္းေက်ာ္အထိ ျမန္မာက ဘဂၤလားေဒ့ရွ္သို႔ ေရထြက္ကုန္မ်ားတင္ပို႔နိုင္ခဲ့သည္ဟု နစကျပန္ၾကားေရးဌာန၏ထုတ္ျပန္ခ်က္အရ သိရသည္။

ယမန္ႏွစ္ဘ႑ာႏွစ္ ကိုးလခန႔္ ေရထြက္ကုန္တင္ပို႔မွုက အေမရိကန္ ေဒၚလာ ၄ ဒသမ ၇၇ သန္းသာ ရရွိခဲ့သည္။

ယခုႏွစ္တြင္ လအနည္းငယ္အတြင္း ေရထြက္ကုန္တင္ပို႔မွုမွ နိုင္ငံျခားဝင္ေငြ တိုးျမႇင့္ရရွိခဲ့ျခင္းသည္ ဘဂၤလားေဒ့ရွ္နိုင္ငံ တကၠနပ္စ္ ဆိပ္ကမ္းသို႔ ေရထြက္ကုန္ တိုက္ရိုက္တင္ပို႔ေသာ စက္ေလွမ်ားမွ ဝင္ေငြခြန္မ်ား ပါဝင္သည္ဟု နစကျပန္ၾကားေရးကဆိုသည္။

ရခိုင္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန ျပည္နယ္ဦးစီးမွူး ဦးသက္ဦးက“မႏွစ္က ဘ႑ာႏွစ္မွာ ကိုးလနီးပါး ဘဂၤလားေဒ့ရွ္နိုင္ငံကို ေရထြက္ကုန္တင္ပို႔မွုကေန အေမရိကန္ေဒၚလာ ၄ ဒသမ ၇၇ သန္းရခဲ့တယ္။ ဒီႏွစ္ ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္ ႏွစ္လခြဲေက်ာ္အတြင္းမွာ အေမရိကန္ေဒၚလာ ေျခာက္သန္းေက်ာ္ နိုင္ငံျခား ဝင္ေငြရွာေဖြေပးနိုင္ခဲ့တယ္။ ဒါဟာ ဘဂၤလားေဒ့ရွ္နိုင္ငံ တကၠနပ္စ္ဆိပ္ကမ္းကို ေရထြက္ကုန္ တိုက္ရိုက္တင္ပို႔တဲ့ စက္ေလွေတြကေန ဝင္ေငြရခဲ့တာလည္းပါတယ္။ နိုင္ငံေတာ္အတြက္ အခြန္ေငြပိုမိုရရွိေအာင္ နည္းလမ္းအျမဲရွာေန တာ ျဖစ္တဲ့အတြက္ ဘယ္လိုပို႔ရင္ဝင္ေငြပိုရနိုင္မလဲဆိုတာ ျပည္နယ္အစိုးရကို တင္ျပတယ္။ ျပည္နယ္အစိုးရနဲ႔႐ုံးခ်ဳပ္ ေဆြးေႏြးတိုင္ပင္ၿပီး ခြင့္ျပဳခ်က္နဲ႔ ယမန္ႏွစ္ေတြထက္ လအနည္းငယ္ အတြင္း နိုင္ငံျခားေငြပိုမိုရရွိေအာင္ ဌာနအေနနဲ႔ ႀကိဳးပမ္းေဆာင္ရြက္နိုင္ခဲ့တာပါ” ဟု ေျပာသည္။

ရခိုင္ျပည္နယ္ စစ္ေတြႏွင့္ ေမာင္ေတာနယ္စပ္ ကုန္သြယ္ေရးစခန္းႏွစ္ခုကို ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာ ၁၄ ရက္တြင္ ျပန္လည္ဖြင့္လွစ္နိုင္ခဲ့ၿပီး ေရထြက္ကုန္ စင္းလုံးပို႔ေဆာင္မွုျဖင့္ ဝင္ေငြပိုမိုရရွိရန္ ေအာက္တိုဘာလတြင္ စတင္လ်ာထားေဆာင္ရြက္ခဲ့ရာ ဌာနအတြက္ စက္ေလွ ၏ ကုန္တန္ခ်ိန္တစ္တန္လၽွင္ အေမရိကန္ေဒၚလာ ၅ ေဒၚလာႏွင့္ စက္ေလွမွတ္ပုံတင္ ေၾကး ေဒၚလာ ၅၀ ရရွိသည့္အတြက္ နိုဝင္ဘာလ၌ စက္ေလွ ၁၁ စင္းမွ အေမရိကန္ေဒၚလာ ၁၀၂၅၀ ဒသမ ၅၉ နိုင္ငံျခားဝင္ေငြရရွိခဲ့သည္။ ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာလလယ္မွ ဒီဇင္ဘာလကုန္ ပိုင္းထိ ေရခ်ိဳငါးႏွင့္ ငါးေျခာက္မ်ိဳးစုံ ကုန္ခ်ိန္ ၅၅၄၇ ဒသမ ၅၇၅၊ အေမရိကန္ေဒၚလာ ၆၆၇၇၀၂၉ ဒသမ ၆၀ တင္ပို႔နိုင္ခဲ့ျခင္း ျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here