ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုတွင် တစ်နေ့တည်းဖြင့် စိတ်ကြွဆေးပြားများနှင့် ICE များဖမ်းမိခဲ့

0
182

ရန်ကုန်တိုင်းရှိ မြို့နယ်သုံးခုတွင် တစ်နေ့တည်းဖြင့် စိတ်ကြွဆေးပြားများနှင့် ICE များဖမ်းမိခဲ့

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံတောင်ပိုင်း၊ဒဂုံဆိပ် ကမ်းနှင့်တောင်ဥက္ကလာပမြို့နယ်တို့တွင် ဇန်နဝါရီ ၁ ရက်တစ်နေ့တည်းဖြင့် စိတ်ကြွဆေးပြားများနှင့် ICE များကိုဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဇန်နဝါရီ ၁ ရက်နေ့လည် ၁ နာရီခွဲခန့်တွင် ဒဂုံတောင်ပိုင်း၊(၁၈)ရပ်ကွက်၊တနင်္သာရီလမ်းနေ ကိုအောင်ဖြိုးသူ(၃၃)နှစ်နှင့်မစုနန္ဒာအောင်(ခ)မစု(၄၄)နှစ်တို့၏ နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေး ၂၀၂၀၀ ပြားကိုဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီတွင် ဒဂုံတောင်ပိုင်း၊(၁၉)ရပ်ကွက်၊ စည်ပင်လမ်းမကြီးပေါ်၌ ကိုပြည့်စုံ(၄၄)နှစ်နှင့်ကိုရန်နိုင်လင်း(ခ)ချစ်ကိုကို (၂၄)နှစ်တို့မောင်းနှင်လာသည့် TOYOTA VITZ ကားပေါ်မှ ICE ၁ ကီလိုနှင့်စိတ်ကြွဆေးပြား ၂၀၀၀ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊(၆၇)ရပ်ကွက်၊အောင်မင်္ဂလာ(၄)လမ်းနေ အာကာမင်း(ခ)အာ ကာ(၂၆)နှစ်၊အေးလွင်(၃၈)နှစ်နှင့်ဇော်မင်းထွန်း (ခ)ဖိုးဇော်(၃၉)နှစ်တို့အား နေအိမ်တစ်လုံးထဲမှ စိတ်ကြွဆေး ၆၀၀၀ ပြားနှင့်အတူ ယင်းနေ့နံနက် ၁၁ နာရီကဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၁ ရက်ညနေ ၄ နာရီတွင်လည်း တောင်ဥက္ကလာပမြို့နယ်၊(၇)ရပ်ကွက်၊သံသုမာလမ်းပေါ်တွင် ကျော်ဇင်ထွန်း(ခ)ဖိုးတူး(၃၃)နှစ်မောင်းနှင်ပြီး မိုးနိုင်ဦး(ခ)တင်ကြီး(၄၄)နှစ်လိုက် ပါလာသည့် MAZDA ကားအားစစ်ဆေးရာမှ စိတ် ကြွဆေး ၄၂၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းအ သီးသီးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Zaw Gyi

ရန္ကုန္တိုင္းရွိ ၿမိဳ႕နယ္သုံးခုတြင္ တစ္ေန႔တည္းျဖင့္ စိတ္ႂကြေဆးျပားမ်ားႏွင့္ ICE မ်ားဖမ္းမိခဲ့

ရန္ကုန္တိုင္းအတြင္းရွိ ဒဂုံေတာင္ပိုင္း၊ဒဂုံဆိပ္ ကမ္းႏွင့္ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔တြင္ ဇန္နဝါရီ ၁ ရက္တစ္ေန႔တည္းျဖင့္ စိတ္ႂကြေဆးျပားမ်ားႏွင့္ ICE မ်ားကိုဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ဝင္မ်ားက ဇန္နဝါရီ ၁ ရက္ေန႔လည္ ၁ နာရီခြဲခန္႔တြင္ ဒဂုံေတာင္ပိုင္း၊(၁၈)ရပ္ကြက္၊တနသၤာရီလမ္းေန ကိုေအာင္ၿဖိဳးသူ(၃၃)ႏွစ္ႏွင့္မစုနႏၵာေအာင္(ခ)မစု(၄၄)ႏွစ္တို႔၏ ေနအိမ္အား သတင္းအရဝင္ေရာက္ရွာေဖြရာမွ စိတ္ႂကြေဆး ၂၀၂၀၀ ျပားကိုဖမ္းဆီးရမိခဲ့သည္။

စစ္ေဆးခ်က္အရ မြန္းလြဲ ၂ နာရီတြင္ ဒဂုံေတာင္ပိုင္း၊(၁၉)ရပ္ကြက္၊ စည္ပင္လမ္းမႀကီးေပၚ၌ ကိုျပည့္စုံ(၄၄)ႏွစ္ႏွင့္ကိုရန္နိုင္လင္း(ခ)ခ်စ္ကိုကို (၂၄)ႏွစ္တို႔ေမာင္းႏွင္လာသည့္ TOYOTA VITZ ကားေပၚမွ ICE ၁ ကီလိုႏွင့္စိတ္ႂကြေဆးျပား ၂၀၀၀ ျပားကို ထပ္မံဖမ္းဆီးရမိခဲ့သည္။

အလားတူ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊(၆၇)ရပ္ကြက္၊ေအာင္မဂၤလာ(၄)လမ္းေန အာကာမင္း(ခ)အာ ကာ(၂၆)ႏွစ္၊ေအးလြင္(၃၈)ႏွစ္ႏွင့္ေဇာ္မင္းထြန္း (ခ)ဖိုးေဇာ္(၃၉)ႏွစ္တို႔အား ေနအိမ္တစ္လုံးထဲမွ စိတ္ႂကြေဆး ၆၀၀၀ ျပားႏွင့္အတူ ယင္းေန႔နံနက္ ၁၁ နာရီကဖမ္းဆီးရမိခဲ့သည္။

ထို႔အတူ ဇန္နဝါရီ ၁ ရက္ညေန ၄ နာရီတြင္လည္း ေတာင္ဥကၠလာပၿမိဳ႕နယ္၊(၇)ရပ္ကြက္၊သံသုမာလမ္းေပၚတြင္ ေက်ာ္ဇင္ထြန္း(ခ)ဖိုးတူး(၃၃)ႏွစ္ေမာင္းႏွင္ၿပီး မိုးနိုင္ဦး(ခ)တင္ႀကီး(၄၄)ႏွစ္လိုက္ ပါလာသည့္ MAZDA ကားအားစစ္ေဆးရာမွ စိတ္ ႂကြေဆး ၄၂၀၀ ျပားအားဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ားအား သက္ဆိုင္ရာရဲစခန္းအ သီးသီးက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမွုဖြင့္ကာ ဆက္စပ္ျပစ္မွုက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here