(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ကျင်းပမည်

0
249

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို ပြည်သူ့ရင်ပြင်၌ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲက ကြီးမှူးကျင်းပမည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားအား ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင် ပြည်သူ့ရင်ပြင်၌ကျင်းပသွားမည်ဖြစ် သည်။

ထိုသို ကျင်းပရာတွင် ဇန်နဝါရီ ၂ နေ့၌ပြုလုပ်မည့် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် ဇန်နဝါရီ ၄ ရက်နံနက် ၄ နာရီတွင်ပြုလုပ်မည့် အလံတင်အ ခမ်းအနားကျင်းပချိန်တိုတွင် ပြည်လမ်းအားခေ တ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုး ရအဖွဲကထုတ်ပြန်ကြေညာခဲ့သည်။

ထိုကြောင့် ပြည်လမ်းအတိုင်း မြောက်ဘက်မှတောင်ဘက်သို မောင်းနှင်သွားလာမည့် မော်တော် ယာဉ်များသည် မြေနီကုန်းမီးပွိင့်၌ ညာဘက်သို ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသိုမောင်းနှင်ရမည်ဖြစ်သည်။

အလားတူ ပြည်လမ်းအတိုင်း တောင်ဘက်မှမြောက်ဘက်သို မောင်းနှင်မည့်မော်တော်ယာဉ်များမှာလည်း ပြည်ထောင်စုရိပ်သာလမ်းဘက်သို ချိုးကွေ့၍ ဗဟိုလမ်း၊အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို မောင်းနှင်ရမည်ဖြစ်ကြောင်း အသိပေးနှိးဆော်ထုတ်ပြန်ကြေညာထားသည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here