ဦးမေတ္တာကွယ်လွန်ခြင်း (၅)လပြည့်အနေနဲ့ မိဘမဲ့ကလေးများကို နေ့လည်စာများ လှူဒါန်းပေးခဲ့တယ် ဆိုတဲ့ မေတ္တာမြင့်မြတ်ဟိန်း

0
245

ဦးမေတ္တာကွယ်လွန်ခြင်း (၅)လပြည့်အနေနဲ့ မိဘမဲ့ကလေးများကို နေ့လည်စာများ လှူဒါန်းပေးခဲ့တယ်ဆိုတဲ့ မေတ္တာမြင့်မြတ်ဟိန်း

မေတ္တာမြင့်မြတ်ဟိန်းကဖခင်ဖြစ်သူ( ဦးမေတ္တာ ) ကွယ်လွန်ခြင်း ၅ လပြည့်အနေနဲ့ ဇန်နဝါရီ လ ၂ ရက်နေ့ ကရွှေတောင်တိုက်သစ်ဘုန်းသစ်ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်များအတွက်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မိဘမဲ့ကလေးများအတွက်လည်းနေ့လည်စာများလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဒါန်းဖြစ်ပုံနဲ့ ပတ်သက်ပြီး မေတ္တာမြင့်မြတ်ဟိန်းက ” အ​​ဖေကွယ်လွန်ခြင်း(၅)လပြည့်တဲ့အနေနဲ့မနေ့ကမနက်ပိုင်းမှာ အ​ဖေ အမြဲလှူနေကျဖြစ်တဲ့ကိုးထပ်ကြီးဘုရားကြီးဝင်း ရွှေတောင်တိုက်သစ်ဘုန်းတော်ကြီးကျောင်းမှာသံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခဲ့ပြီး ဘုန်းတော်ကြီးပညာသင်ကျောင်းမှ မိဘမဲ့ကလေးများကို နေ့လည်စာလှူဒါန်းခဲ့ပါတယ်” လို့ ပြောပါတယ်။

အခုလက်ရှိမှာ မေတ္တာမြင့်မြတ်ဟိန်းအနေနဲ့ဖခင်မရှိတော့တဲ့နောက်ပိုင်း စိတ်ဓာတ်ကျမနေပဲ မိသားစုစားဝတ်နေရေးအတွက်တတ်နိုင်သ လောက်ကြိုးစား​ရုန်းကန်နေတာပဲဖြစ်ပါတယ်။

Zaw Gyi

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ နှစ်ဦးအလှူအဖြစ်ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေအတွက် ဆန် ဆီအဝတ်ထည်များ လှူဒါန်း

ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့နှစ်ဦးအလှူအဖြစ် ဇန်နဝါရီလ ၂ ရက်နေ့က ဆင်းရဲနွမ်းပါးတဲ့သက်ကြီးရွယ်အိုများ မျက်မမြင်အဖိုးအဖွားများ ဆင်းရဲချိုတဲ့တဲ့မိသားစုများအတွက် ဆန်ဆီ အဝတ်ထည်များကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

” ၂၀၂၂ နှစ်ဦး အလှူအဖြစ် နွမ်းပါးသက်ကြီးရွယ်အို များ၊မျက်မမြင် အဖိုးအဖွားများ၊အိမ်ဖျက်ခဲ့ရသည့် ကျူးမိသားစုများ၊ ကြပ်တည်း နွမ်းပါးရုန်းကန်နေရသော မိသားစုများ ကို ဆန်၊ဆီ၊ အနွေးထည်များ ထောက်ပံ့ပေးခဲ့ပါတယ် ” လို ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာ ဝေဠုကျော်ဖောင်ဒေးရှင်းအနေနဲ့ ဆင်းရဲနွမ်းပါးချိုတဲ့သူတွေအတွက် တတ်နိုင်သလောက်ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here