ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်မည်

0
92

ရန်ကုန်-ပုသိမ်လမ်းမကြီးကို အဆင့်မြှင့်တင်မည်

ရန်ကုန်-ပုသိမ်လမ်း လမ်းမကြီး ၊ လှိုင်သာယာမြို့နယ်အတွင်း လမ်းဘေး လက်ဝဲ လက်ယာတွင် ကျူးကျော်နေအိမ်များ ရှင်းလင်းပြီးစီးပြီ ဖြစ်၍ ပြန်လည် အဆင့်မြှင့်တင်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်နေကြောင်း အဆိုပါ ကော်မတီက သိရသည်။

အဆိုပါ လမ်းမကြီး လမ်းဘေး တစ်ချက်တွင် မြို့တည်ကတည်းက ထားရှိသော အနက်ခြောက်ပေ၊ အကျယ် ပေ ၃ဝ အရွယ်အစားရေစုကန်များမှာ တိမ်ကောနေပြီ ဖြစ်၍ အဆိုပါ ရေစုကန်များကို ပြန်လည် တူးဖော်ရှင်းလင်းကာ သဘာဝရေဝေရေလဲနေရာအဖြစ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကအခု ရေစုကန်တွေကို ပြန်ရှင်းနေပြီ။အမှိုက်တွေ ရှင်းတယ်။ ရေထွက်ပေါက်တွေကို ပြန်လုပ်ရမယ်။ ပြီးတော့ စက်ဘီးစီးတဲ့ လမ်းတွေ ၊ လူသွားစင်္ကြံလမ်းတွေကို လုပ်မယ်။ဘတ်စ်ကား မှတ်တိုင် ၊ ပန်းအလှနှင့်အရိပ်ရပင်တွေ ကိုလည်း စိုက်မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆင့်မြင့် အရာရှိကြီးက ပြောသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီး တစ်ခုလုံး၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းလမ်း အရှည်မှာ ၇ မိုင် ၄ ဖာလုံရှိပြီး ယင်းတွင် ၅ မိုင် ၄ ဖာလုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်မည်ဖြစ်သည်။

ပုံစာ _ ရန်ကုန်-ပုသိမ်လမ်းမကြီးတစ်နေရာ

ရန္ကုန္-ပုသိမ္လမ္းမႀကီးကို အဆင့္ျမႇင့္တင္မည္

ရန္ကုန္-ပုသိမ္လမ္း လမ္းမႀကီး ၊ လွိုင္သာယာၿမိဳ႕နယ္အတြင္း လမ္းေဘး လက္ဝဲ လက္ယာတြင္ က်ဴးေက်ာ္ေနအိမ္မ်ား ရွင္းလင္းၿပီးစီးၿပီ ျဖစ္၍ ျပန္လည္ အဆင့္ျမႇင့္တင္သြားရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက လုပ္ေဆာင္ေနေၾကာင္း အဆိုပါ ေကာ္မတီက သိရသည္။

အဆိုပါ လမ္းမႀကီး လမ္းေဘး တစ္ခ်က္တြင္ ၿမိဳ႕တည္ကတည္းက ထားရွိေသာ အနက္ေျခာက္ေပ၊ အက်ယ္ ေပ ၃ဝ အရြယ္အစားေရစုကန္မ်ားမွာ တိမ္ေကာေနၿပီ ျဖစ္၍ အဆိုပါ ေရစုကန္မ်ားကို ျပန္လည္ တူးေဖာ္ရွင္းလင္းကာ သဘာဝေရေဝေရလဲေနရာအျဖစ္ ထိန္းသိမ္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ကအခု ေရစုကန္ေတြကို ျပန္ရွင္းေနၿပီ။အမွိုက္ေတြ ရွင္းတယ္။ ေရထြက္ေပါက္ေတြကို ျပန္လုပ္ရမယ္။ ၿပီးေတာ့ စက္ဘီးစီးတဲ့ လမ္းေတြ ၊ လူသြားစႀကႍလမ္းေတြကို လုပ္မယ္။ဘတ္စ္ကား မွတ္တိုင္ ၊ ပန္းအလွႏွင့္အရိပ္ရပင္ေတြ ကိုလည္း စိုက္မယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ အဆင့္ျမင့္ အရာရွိႀကီးက ေျပာသည္။

ရန္ကုန္-ပုသိမ္လမ္းမႀကီး တစ္ခုလုံး၏ ရန္ကုန္တိုင္းေဒသႀကီးအတြင္းလမ္း အရွည္မွာ ၇ မိုင္ ၄ ဖာလုံရွိၿပီး ယင္းတြင္ ၅ မိုင္ ၄ ဖာလုံကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက အဆင့္ျမႇင့္တင္မည္ျဖစ္သည္။

ပုံစာ _ ရန္ကုန္-ပုသိမ္လမ္းမႀကီးတစ္ေနရာ


LEAVE A REPLY

Please enter your comment!
Please enter your name here