ကမ္ဘာကျော်ဘောလုံးကစားသမား မက်ဆီ ကိုဗစ်ကူးစက်ခံထားရ

0
308

(Unicode)

ကမ္ဘာကျော်ဘောလုံးကစားသမား မက်ဆီ ကိုဗစ်ကူးစက်ခံထားရ

လက်ရှိမှာ ပြင်သစ် Paris Saint-Germain အသင်းမှာကစားနေတဲ့ ကမ္ဘာကျော်ဘောလုံးကစားသမားမက်ဆီဟာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း ပြီးခဲ့တတနင်္ဂနွေနေ့က အသင်းကသတင်းတစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။

အသင်းရှိကစားသမားတွေထဲမှာ မက်ဆီအပါအဝင် အခြားကစားသမား ၃ဦးပါ ကိုဗစ်ပိုးကူးစက်ခံထားရပြီး အသင်းကတော့ ကစားသမားတွေရဲ့ လက်ရှိကျန်းမာရေးအခြေအနေအပေါ် သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိပဲ အသွားအလာကန့်သတ်ထားတယ်လို့သာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာသတင်းဌာနတွေကတော့ အာဂျင်တီးနားကစားသမားမက်ဆီဟာ အာဂျင်တီးနားနိုင်ငံကို ပြန်လည်ထွက်ခွါသွားခဲ့ပြီဖြစ်ပြီး ဘယ်အချိန်မှာမှ ပြန်လည်ကစားနိုင်မလဲဆိုတာကတော့ မသေချာသေးဘူးလို့ဆိုပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုနှုန်းဟာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလလည်ကစလို့ ပြန်လည်မြင့်တက်လာခဲ့ပြီဖြစ်ပြီး တစ်ရက်အတွင်းကူးစက်မှုဟာ သောင်းဂဏန်းဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

source – NHK
photo – FOX Carolina

(Zawgyi)






source – NHK
photo – FOX Carolina


LEAVE A REPLY

Please enter your comment!
Please enter your name here