အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီကွန်ယက်၏ အလှည့်ကျဥက္ကဌ အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည်

0
174

(Unicode)

အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီကွန်ယက်၏ အလှည့်ကျဥက္ကဌ အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည်

ရန်ကုန် ဒီဇင်ဘာ ၃

အရှေ့တောင်အာရှသတင်းမီဒီယာကောင်စီကွန်ယက်( Southeast Asian Press Councils Network (SEAPC) ၏ အလှည့်ကျဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်ပေးရန် (SEAPC) က အဆိုပြုလာ ခြင်းကို မြန်မာနိုင်ငံသတင်းမီယာကောင်စီ(MPC)၏ ဥက္ကဌဦးအုန်းမောင်က လက်ခံ ခဲ့သည်ဟုသိရသည်။

(၂၀၂၂)ခုနှစ် ဇန်နဝါရီလမှစတင်ကာ (SEAPC) ဥက္ကဌ အဖြစ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတာဝန်ယူ သွားမည်ဖြစ်ကြောင်းဒီဇင်ဘာလ (၃၀)ရက်နေ့ က MPC ၏ နိုင်ငံတကာဆက်ဆံရေးကော်မတီအစည်းအဝေး တွင်အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသည့်ပကတိအခြေအနေမှန်မျး၊ သတင်းအမှန်များကိုပြည်သူလူထုက ပိုမိုသိရှိနိုင်စေရေးနှင့် သတင်းလွတ်လပ်ခွင့် ပိုမိုအား ကောင်းလာစေရေး ကျင့်ဝတ်နှင့်ညီသောသတင်းသမားများအတွက် ထိရောက်သောအကာအကွယ်များပေးနိုင်စေရေးတို့ကို နိုင်ငံတကာ မီဒီယာကောင်စီများနှင့် ပိုမိုထိတွေ့ကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းမောင်က ဆိုသည်။

(Zawgyi)


ရန်ကုန် ဒီဇင်ဘာ ၃





LEAVE A REPLY

Please enter your comment!
Please enter your name here